Connect with us

Africa & Middle East

ဟာမက်စ်-အစ္စရေး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိ

ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းမြို့ Nablus ဆုတောင်းအားပေးပွဲတွင် ပါဝင်သည့် ကလေးငယ်တစ်ဦးအား မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ မေ ၂၁ ရက် (ဆင်ဟွာ)

ဟာမက်စ်နှင့်အစ္စရေး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ရာ မေ ၂၁ ရက် ဒေသစံတော်ချိန် ၂ နာရီမှစ၍ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့(ဟာမက်စ်)က မေ ၂၀ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သည့် ကြေညာချက်တွင် အီဂျစ်ညှိနှိုင်းပေးသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ယင်းနေ့ညပိုင်းက လုံခြုံရေးကက်ဘိနက်အဖွဲ့ဝင်အားလုံး သဘောတူညီခဲ့ကြောင်း ဖော်ပြထားသည်။

ဂါဇာဒေသရှိ လေကြောင်းတိုက်ခိုက်ခံရသည့် အဆောက်အအုံတစ်ခုအား မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသသို့ အစ္စရေးမှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟာမက်စ်နှင့်အစ္စရေး သဘောတူညီချက်ရသည့် သတင်းသည် မှန်ကန်ကြောင်း ဟာမက်စ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Hazem Kassem က ပြောသည်။ မေ ၂၁ ရက် ၂ နာရီမှစ၍ အပစ်အခတ်ရပ်စဲမည်ဟု အီဂျစ် ကြားဝင်ညှိနှိုင်းပေးသူက ဟာမက်စ်အဖွဲ့ ထိပ်တန်းခေါင်းဆောင် Ismail Haniyeh ကို အကြောင်းကြားခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲမှုကို နှစ်ဖက်စလုံး တစ်ချိန်တည်း လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အစ္စရေးက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာမည်ဆိုလျှင် ပါလက်စတိုင်းအစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့ကလည်း လိုက်နာသွား မည်ဟု Ismail Haniyeh ၏ ဂါဇာမီဒီယာအကြံပေး Taher al-Nuno က ပြောသည်။

ယခုကာလ ဂါဇာကမ်းမြောင်စစ်ရေးလှုပ်ရှားမှုတွင် အစ္စရေးက ကြီးမားသည့်အောင်မြင်မှုရရှိခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံး၏ မေ ၂၀ ရက် ညပိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီဂျစ်ကြားဝင်ညှိနှိုင်းပေးသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား အစ္စရေးလုံခြုံရေးကက်ဘိနက်အဖွဲ့ဝင်အားလုံးက သဘောတူညီခဲ့ကြောင်းသိရသည်။ သို့သော် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အသက်ဝင်မည့်အချိန်ကို ကြေညာချက်တွင် ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲမည့်အချိန်ကို အီဂျစ်နှင့်အတည်ပြုရန် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု နှင့် ကာကွယ်ရေးဝန်ကြီး Benny Gantz ကို လုံခြုံရေးကက်ဘိနက်အဖွဲ့က ခွင့်ပြုခဲ့ကြောင်း အစ္စရေးအစိုးရပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာကို ပြောသည်။ အပစ်အခတ်ရပ်စဲမည့်အချိန်သည် မေ ၂၁ ရက် ဒေသစံတော်ချိန် ၂ နာရီတွင် အသက်ဝင်မည်ဖြစ်ကြောင်း အစ္စရေး မီဒီယာများက ဆိုသည်။

အီဂျစ်က ပါလက်စတိုင်း-အစ္စရေး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းပေးရန်အတွက် ၎င်းဒေသသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခဲ့ကြောင်း အီဂျစ်မီဒီယာ၏ မေ ၂၀ ရက် သတင်းများအရ သိရသည်။ အပစ်ရပ်သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်အတွက် အီဂျစ်အနေဖြင့် ပါလက်စတိုင်းနှင့်အစ္စရေးသို့ ကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့ စေလွှတ်သွားမည် ဖြစ်ကြောင်းသိရသည်။

အမေရိကန် အိမ်ဖြူတော်၏ မေ ၂၀ ရက် ကြေညာချက်အရ ယင်းနေ့တွင် သမ္မတဘိုင်ဒင်သည် အီဂျစ် သမ္မတ Abdel Fattah el-Sisi နှင့် ဖုန်းဖြင့်ဆက်သွယ်ပြီး အစ္စရေး-ပါလက်စတိုင်းအကြား ပဋိပက္ခချုပ်ငြိမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရန်နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် Abdel Fattah el-Sisi က ပါလက်စတိုင်း-အစ္စရေး အရေးကိစ္စတွင် နိုင်ငံတကာအသိုက်အဝန်း၏ တညီတညွတ်တည်း စည်းလုံးညီညွတ်စွာ ဖြေရှင်းမှုက အရေးကြီးကြောင်း ၊ အီဂျစ်အနေဖြင့် ပါလက်စတိုင်းရေးရာတွင် ခိုင်မာစွာ ထောက်ခံအားပေးသွားမည်ဖြစ်ပြီး ပါလက်စတိုင်းလူမျိုးများ၏ တရားဝင်အခွင့်အရေးရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့ကြောင်း အီဂျစ်သမ္မတအိမ်တော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မေလ ၁၀ ရက်မှစ၍ အစ္စရေးနှင့် ဂါဇာကမ်းမြောင်လက်နက်ကိုင်အဖွဲ့အကြား ပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ပဋိပက္ခကြောင့် မေ ၂၀ ရက် ညပိုင်းအထိ အစ္စရေးဘက်မှ သေဆုံးသူ (၁၂)ဦး၊ ဒဏ်ရာရသူ(၃၀၀)ကျော် ရှိပြီး ပါလက်စတိုင်းဘက်မှ သေဆုံးသူ (၂၃၂)ဦး၊ ဒဏ်ရာရရှိသူ (၁,၉၀၀)ကျော် ရှိခဲ့ကြောင်း နှစ်ဖက်ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည် ။

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကို နိုင်ငံတကာအသိုက်အဝန်းက အထူးအာရုံစိုက်ဂရုပြုခဲ့ကြသည်။ ပါလက်စတိုင်းနှင့်အစ္စရေး နှစ်ဖက်စလုံးက ပဋိပက္ခများကို ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာအသိုက်အဝန်းအားလုံးက အစွမ်းကုန်ဆောင်ရွက်သင့်ကြောင်း၊ ဖြစ်ပွားနေသည့် ပဋိပက္ခများ ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က မေလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
————————————
(Chinese Version)
(聚焦巴以冲突)详讯:哈马斯与以色列达成停火协议
2021-05-21 05:58:55
新华社加沙5月20日电(记者熊思浩)巴勒斯坦伊斯兰抵抗运动(哈马斯)20日晚证实,哈马斯已与以色列达成停火协议,双方将于当地时间21日2时开始停火。 以色列总理办公室发表声明说,以安全内阁当晚一致同意接受埃及斡旋的停火协议。
哈马斯发言人哈齐姆•卡西姆说,哈马斯与以色列达成停火协议的消息属实。埃及调解人已告知哈马斯最高领导人伊斯梅尔•哈尼亚,停火将于当地时间21日2时开始。
哈尼亚在加沙地带的媒体顾问塔赫尔•努诺说,停火将“相互同时”进行。只要以色列遵守停火协议,巴勒斯坦抵抗组织就会遵守停火协议。
以色列总理办公室20日晚发表声明说,以色列在近期对加沙地带的军事行动中取得了“巨大成就”。以安全内阁当晚一致同意接受埃及斡旋的停火协议。但声明未提及停火协议生效时间。
以色列政府新闻发言人在接受新华社记者采访时说,以安全内阁已授权总理内塔尼亚胡与国防部长甘茨同埃及方面确定停火协议生效时间。以媒体报道说,停火协议将于当地时间21日2时生效。
据埃及媒体20日报道,埃及曾派代表团前往巴以地区斡旋,调解双方停火。埃及还将派出两个代表团前往以色列和巴勒斯坦,以确保停火协议得以执行。
另据美国白宫20日发表的声明,美国总统拜登当天与埃及总统塞西通电话,双方讨论了如何实现巴以停火以结束目前以色列和巴勒斯坦之间的冲突。埃及总统府发表声明说,塞西在通话中强调国际社会团结一致解决巴以问题的重要性,重申埃及坚定支持巴勒斯坦事业,保障巴勒斯坦人的合法权益。
5月10日以来,以色列与加沙地带武装组织之间爆发严重冲突。巴以双方公布的数字显示,截至20日晚,冲突已致以方12人死亡、300余人受伤,巴方有232人死亡、1900余人受伤。
巴以冲突引发国际社会严重关切。联合国秘书长古特雷斯20日表示,国际社会所有成员应尽其所能使巴以冲突各方悬崖勒马,冲突必须立即停止。(参与记者:尚昊、刘品然、吴丹妮)(完)

图说1:5月20日,一名儿童在约旦河西岸城市纳布卢斯参加声援活动。新华社发(艾曼•诺巴尼摄)

图说2:5月19日,巴勒斯坦人在加沙城查看遭空袭的建筑。新华社发(里泽克•阿卜杜勒•贾瓦德摄)

图说3: 5月19日,加沙地带的拉法遭以色列空袭。新华社发(哈利德•奥马尔摄)