Connect with us

International Organizations

အန်တိုနီရိုဂူတာရက်စ်အား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထပ်မံခန့်အပ်

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထပ်မံခန့်အပ်ခြင်းခံရပြီးနောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အန်တိုနီရို ဂူတာရက်စ် အမှာစကားပြောကြားနေသည်ကို ဇွန် ၁၈ ရက်က တွေ့ရစဉ် (Manuel Elias/UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေညီလာခံက အန်တိုနီရိုဂူတာရက်စ်အား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဇွန် ၁၈ ရက်တွင် တရားဝင်ထပ်မံခန့်အပ်ခဲ့ကြောင်း သိရသည်။ ဂူတာရက်စ်သည် ၎င်း၏ဒုတိယသက်တမ်းတာဝန်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ (၅)နှစ်ကြာ ထမ်းဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထပ်မံခန့်အပ်ခြင်းခံရပြီးနောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အန်တိုနီရို ဂူတာရက်စ် အမှာစကားပြောကြားနေသည်ကို ဇွန် ၁၈ ရက်က တွေ့ရစဉ် (Evan Schneider/UN Photo/Handout via Xinhua)

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထပ်မံခန့်အပ်ခြင်းခံရပြီးနောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အန်တိုနီရို ဂူတာရက်စ် အမှာစကားပြောကြားနေသည်ကို ဇွန် ၁၈ ရက်က တွေ့ရစဉ် (Evan Schneider/UN Photo/Handout via Xinhua)

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင် အန်တိုနီရို ဂူတာရက်စ် ကျမ်းသစ္စာကျိမ်ဆိုနေသည်ကို ဇွန် ၁၈ ရက်က တွေ့ရစဉ် (Eskinder Debebe/UN Photo/Handout via Xinhua)

လက်ရှိအချိန်နှင့် သူ၏ဒုတိယသက်တမ်းကာလတွင် “အပြန်အလှန်ယှက်နွယ်မှုရှိသည့် ဆောင်ရွက်ချက်” (၁၀)ခုကို အကောင်အထည်ဖော်လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ၎င်းတွင် “ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နောက်ဆက်တွဲအကျိုးဆက်များကို ရေရှည်ကျယ်ပြန့်စွာ ရင်ဆိုင်ဖြေရှင်းဆောင်ရွက်ရေး” တို့ပါဝင်ရာ နေရာအားလုံးတွင်ရှိသော လူအားလုံးအတွက် ကိုဗစ်ကာကွယ်ဆေး ရရှိအောင် အားသွန်ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဂူတာရက်စ်က မီဒီယာများအား ပြောကြားခဲ့သည်။ (Xinhua)
———————————–
(Chinese Version)
(新华简讯)古特雷斯再次被任命为联合国秘书长
2021-06-19 08:38:54
新华社联合国6月18日电联合国大会18日正式任命安东尼奥•古特雷斯为下一任联合国秘书长,古特雷斯将于2022年1月1日开始其第二个5年任期。
古特雷斯在获得正式任命后向媒体发表讲话说,目前以及他的第二个任期期间有十大“相互关联的”行动需要付诸实施,其中包括“对新冠疫情及其后果采取大规模和持久的应对措施”,为此,必须全力以赴以确保所有地方的所有人都能得到新冠疫苗。(完)

图说1: 6月18日,在位于纽约的联合国总部,安东尼奥•古特雷斯再次被任命为联合国秘书长后向联合国大会发表讲话。新华社发(联合国供图/曼努埃尔•埃利亚斯摄)
图说2,3:6月18日,在位于纽约的联合国总部,安东尼奥•古特雷斯再次被任命为联合国秘书长后向联合国大会发表讲话。 新华社发(联合国供图/埃万•施奈德摄)
图说4:6月18日,在位于纽约的联合国总部,第75届联大主席博兹克尔(前左)主持安东尼奥•古特雷斯(前右)的宣誓仪式。新华社发(联合国供图/埃瑟金德尔•德贝贝摄)