Connect with us

Economy

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဦးဆောင်ညွှန်ကြားရေးမှူး က တရုတ်နိုင်ငံ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အား ဒုတိယဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ရန် အဆိုပြု

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ရုံးချုပ်တွင် ဧပြီ ၁၂ ရက်၌ ရိုက်ကူးထားသော IMF အမှတ်တံဆိပ်အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဦးဆောင်ညွှန်ကြားရေးမှူး Kristalina Georgieva က တရုတ်နိုင်ငံ ပြည်သူ့ဘဏ် (People’s Bank of China) ဒုတိယ ဥက္ကဋ္ဌ လီပေါ အား IMF ၏ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ရန် အဆိုပြုခဲ့ပြီး လာမည့် သြဂုတ်တွင် ရထူးမှထွက်ခွာတော့မည့် ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ကျန်းထောင် နေရာအား ဆက်ခံသွားနိုင်ရန်အတွက် ဖြစ်ကြောင်း ဇွန် ၂၈ ရက်၌ ပြောကြားခဲ့သည်။

Kristalina Georgieva က ကြေညာတစ်စောင် ထုတ်ပြန်ခဲ့ရာတွင် လီပေါ အနေဖြင့် ဗဟိုဘဏ် နှင့် ဥပဒေရေးရာအပိုင်းတွင် ကြွယ်ဝသည့် အတွေ့အကြုံများရှိပြီး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဘဏ် ပြုပြင်ပြောင်းလဲရေး ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး နှင့် macroprudential မူဘောင်တည်ဆောက်ရေး စသည့် ပြုပြင်ပြောင်းလဲမှု နှင့် မူဝါဒ ပိုင်းရေးဆွဲရာတွင် တက်ကြွသည့် ထိရောက်မှုကို ပြုလုပ်နိုင်ခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

IMF ၏ လုပ်ထုံးလုပ်နည်းများအရ ဦးဆောင်ညွှန်ကြားရေးမှူး က ဒုတိယ ဦးဆောင်ညွန်ကြားရေးမှူး အား ရွေးချယ်ရန် အဆိုပြုရမည်ဖြစ်ပြီး ယင်းအဆိုပြုချက်ကို IMF အလုပ်အမှုဆောင် ဘုတ်အဖွဲ့၏ အတည်ပြုချက်ရရှိရန်လိုအပ်ကြောင်း သိရသည်။ (Xinhua)

————————————————–
(Chinese Version)

(经济)IMF总裁提议任命李波为副总裁

新华社华盛顿6月28日电(记者熊茂伶 高攀)国际货币基金组织(IMF)总裁格奥尔基耶娃28日提议任命中国人民银行副行长李波为该组织副总裁,接替即将于8月卸任的副总裁张涛。

格奥尔基耶娃在一份声明中表示,李波在中央银行和法律方面拥有丰富经验,曾在国有商业银行改革、反洗钱立法、宏观审慎政策框架构建等改革和政策的设计、实施中发挥积极作用。
根据IMF规程,由总裁提名副总裁人选,提名需得到IMF执行董事会批准。(完)

Photo
这是4月12日在美国华盛顿的国际货币基金组织总部拍摄的标志。(新华社记者刘杰摄)