Connect with us

Europe

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန က နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် သဘောတူညီမှုစာချုပ်သက်တမ်းတိုးမတိုး မဆုံးဖြတ်ရသေးကြောင်း ပြောကြား

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (ဝဲ-၁) နှင့် IAEA ညွှန်ကြားရေးမှူးချုပ် တို့ ဖေဖော်ဝါရီ ၂၁ ရက်၌ တီဟီရန် တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Saeed Khatibzadeh က ဇွန် ၂၈ ရက်၌ အီရန်နိုင်ငံအနေဖြင့် နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် သဘောတူညီချက် ရရှိထားသည့် ယာယီနည်းပညာဆိုင်ရာ သဘောတူညီချက်စာချုပ်အား သက်တမ်း တိုးမတိုး နှင့် ပတ်သက်၍ မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့သည်။Saeed Khatibzadeh က ဇွန် ၂၈ ရက်၌ကျင်းပပြုလုပ်သည့် အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် IAEA နှင့် ချုပ်ဆိုထားသည့် ယာယီနည်းပညာဆိုင်ရာ သဘောတူညီချက်စာချုပ်အား သက်တမ်း တိုးမတိုး ၊ ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မပြုလုပ် နှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်သွားမည် ဆိုသည်မှာ လေးနက်သော ကိစ္စရပ်တစ်ခုဖြစ်ပြီး ဆုံးဖြတ်ချက်မချမှတ်ရသေးကြောင်း ၊ အီရန်နိုင်ငံအနေဖြင့် စောင့်ကြည့်မှုမှတ်တမ်းများ မဖျက်ဆီးရန် သဘောတူညီသော်လည်း IAEA အား ဗီဒီယိုစောင့်ကြည့်မှုမှတ်တမ်းများ ပေးအပ်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf က ဇွန် ၂၇ ရက်၌ အီရန်နိုင်ငံ နှင့် IAEA တို့က လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးနိုင်ရန်အတွက် သဘောတူထားသည့် ယာယီနည်းပညာဆိုင်ရာ သဘောတူညီချက် သက်တမ်းကုန်ဆုံးချိန်တွင် အီရန်နိုင်ငံအနေဖြင့် IAEA အား အီရန် နျူကလီးယား အဆောက်အဦများ၏ ဗီဒီယိုစောင့်ကြည့်မှု မှတ်တမ်းများကို ပေးအပ်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီတွင် အီရန်နိုင်ငံ နှင့် IAEA တို့သည် အချိန်ကာလအားဖြင့် ၃ လ သက်တမ်းရှိသည့် ယာယီနည်းပညာဆိုင်ရာ သဘောတူညီမှုစာချုပ်ချုပ်ဆိုခဲ့ကြသည်။ ယင်းစာချုပ်က မေ ၂၂ ရက်၌ သက်တမ်းကုန်ဆုံးသွားခဲ့ပြီး အီရန်နိုင်ငံ ဘက်က မေ ၂၄ ရက်၌ စာချုပ်အား အချိန် တစ်လ ထပ်မံ သက်တမ်းတိုးခဲ့သည်။ ယခုလ ၂၅ ရက်၌ IAEA က အီရန်နိုင်ငံအား စာချုပ်သက်တမ်း အချိန် ထပ်မံ တိုးမတိုး နှင့် အကြောင်းပြန်ပေးရန် တောင်းဆိုမှု ပြုလုပ်ခဲ့သည်။

ယင်းသဘောတူညီမှုစာချုပ်အရ IAEA က အီရန်နိုင်ငံရှိ နျူကလီးယား အဆောက်အဦးများတွင် စောင့်ကြည့်မှု ဗီဒီယို ကင်မရာများ တပ်ဆင်ခဲ့ပြီး အီရန်နိုင်ငံ အပေါ် လိုအပ်သော စစ်ဆေးအတည်ပြုမှု နှင့် ကြီးကြပ်မှုများ ပြုလုပ်ကာ အီရန်နိုင်ငံ က အချို့သော နျူကလီးယား အဆောက်အဦးများ၏ ဗီဒီယို မှတ်တမ်းများအား ထိန်းသိမ်းထား ခဲ့သည်။ အမေရိကန်နိုင်ငံ မှ အီရန်နိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှုများအား ပယ်ဖျက်ပေးပါက အီရန်နိုင်ငံက အဆိုပါ ဗီဒီယို မှတ်တမ်းများကို IAEA ထံ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။

၂၀၁၅ ခုနှစ် ဇူလိုင်တွင် အီရန်နိုင်ငံသည် အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ နိုင်ငံတို့ဖြင့် အီရန်နျူကလီးယားအရေးသဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့သည်။ သဘောတူညီမှုအရ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်များကို ကန့်သတ်ရန် သဘောတူခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အီရန်နိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုအား ပယ်ဖျက်ပေးရန် သဘောတူခဲ့သည်။ ၂၀၁၈ ခုနှစ် မေ တွင် အမေရိကန်နိုင်ငံ အစိုးရသည် အီရန်နျူကလီးယား သဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်တိုးချဲ့ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေ မှစတင်၍ အီရန်နိုင်ငံ က အီရန်နျူကလီးယားအရေးသဘောတူညီချက်တွင် ပါရှိသော အချက်အလက်အချို့ကို လိုက်နာရန် ရပ်ဆိုင်းခဲ့ပြီး ဆောင်ရွက်မှုများ ပြန်လည်ပြောင်းလဲနိုင်ကြောင်း ကတိပြုခဲ့သည်။

အီရန်နျူကလီးယားသဘောတူညီချက်တွင် ပါဝင်သည့်သက်ဆိုင်ရာနိုင်ငံများက ၂၀၂၁ ခုနှစ်ဧပြီ ၆ ရက်မှစတင်၍ ဗီယင်နာတွင် ဆေးနွေးမှုများစတင်ပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံ နှင့် အီရန်နိုင်ငံ တို့အနေဖြင့် သဘောတူညီချက်အား ပြန်လည်လိုက်နာရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။ လက်ရှိချိန်ထိ အဆိုပါဆွေးနွေးမှု (၆) ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။ (Xinhua)

————————————————–
(Chinese Version)

(国际)伊朗外交部:尚未就是否延长与国际原子能机构的核查协议作出决定

新华社德黑兰6月28日电(记者王守宝 高文成)伊朗外交部发言人哈提卜扎德28日说,伊朗尚未就是否延长与国际原子能机构达成的临时技术协议作出决定。

哈提卜扎德当天在每周例行记者会上表示,是否延长与国际原子能机构达成的临时技术协议以及是否继续合作和如何合作“是一个尚未决定的严肃问题”。伊朗同意不取消监控设备,但不会向国际原子能机构提供视频监控资料。

伊朗议长卡利巴夫27日表示,伊朗与国际原子能机构就核查工作达成的临时技术协议到期,伊方不会向国际原子能机构移交伊核设施视频监控资料。

今年2月,伊朗与国际原子能机构达成一项最长3个月的临时技术协议。该协议5月22日到期,伊方5月24日决定将协议延期一个月。本月25日,国际原子能机构要求伊朗就是否再次延期该协议予以答复。

根据这一协议,国际原子能机构在伊朗核设施内安装监控摄像头,继续其必要的核查和监督活动,伊朗将保存一些核设施的视频监控资料。如果美国解除对伊制裁,伊朗将把这些监控资料交给国际原子能机构。

2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊朗核问题全面协议。根据协议,伊朗承诺限制其核计划,国际社会解除对伊制裁。2018年5月,美国政府单方面退出伊核协议,随后重启并新增一系列对伊制裁措施。2019年5月以来,伊朗逐步中止履行伊核协议部分条款,但承诺所采取措施“可逆”。今年4月6日,伊核协议相关方开始在奥地利首都维也纳举行会谈,讨论美伊恢复履约问题,迄今已举行6轮会谈。(完)

Photo
2月21日,在伊朗德黑兰,伊朗外交部长扎里夫(左一)和国际原子能机构总干事格罗西(右一)举行会谈。(新华社发,艾哈迈德•哈拉比萨斯摄)