Connect with us

Politics, Law & Military

ဥပဒေနှင့်အညီ တရုတ်နိုင်ငံ၏ တန်ပြန်ပိတ်ဆို့မှုသည် သဘာဝကျကြောင်း ဘလင်ကန်၏ ပြောကြားချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တုန့်ပြန် ပြောဆို

ပေကျင်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ပြီးခဲ့သည့်နှစ်များတွင် အမေရိကန်က ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဘာသာရေးစသည်တို့ကို ဘန်းပြကာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွပ်ဖက်ခဲ့ရာ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ဆိုရွားစွာထိခိုက်စေကြောင်း၊ တရုတ်နိုင်ငံသည် ဥပဒေနှင့်အညီ တန်ပြန်အရေးယူမှုများ ပြုလုပ်ခြင်းသည် သဘာဝကျကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနှင့် တရားဝင်အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သည့် စီမံချက်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဇန်နဝါရီ ၁၀ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် တာဝန်ခံနှင့် သက်ဆိုင်ရာ အဖွဲ့ဝင်များအား “အဓိပ္ပယ်မရှိသော” ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ကြောင်းနှင့် ရှင်းကျန်းဒေသ၏ “လူမျိုးတုံးသတ်ဖြတ်မှု” နှင့် “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု” များ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ ယင်းအပေါ် တရုတ်နိုင်ငံက မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။

ရှင်းကျန်းတွင်“လူမျိုးတုံးသတ်ဖြတ်မှု” နှင့် “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ”ရှိကြောင်း ပြောကြားမှုသည် အမေရိကန်ရှိ လူအချို့က လုပ်ကြံဖန်တီးထားသည့် ရာစုနှစ်၏ အလိမ်အညာများဖြစ်ကြောင်း ဝမ်းဝန်ပင်းက ထောက်ပြခဲ့သည်။ အမေရိကန်သည် တရုတ်နိုင်ငံ၏ ပုံရိပ်နှင့် နာမည်ဖျက်ရန် ကောလာဟလများ အကြိမ်ကြိမ်စကားဖြန့်ပြောဆိုခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန် ရည်ရွယ်၍ ၎င်းတို့ ပူးပေါင်းကြံစည်နေကြောင်း၊ ၎င်းကြံစည်မှုများသည် အောင်မြင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်များတွင် အမေရိကန်က ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဘာသာရေးစသည်တို့ကို ဘန်းပြကာ တရုတ်နိုင်ငံ၏ ရှင်းကျန်းအရေး၊ ဟောင်ကောင်အရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် အမေရိကန်ပြည်တွင်းဥပဒေများဖြင့် ဆယ်ယောက်ထက်မနည်းသော တရုတ်အရာရှိများနှင့် အဖွဲ့အစည်းများအပေါ် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“အမေရိကန်ရဲ့ သက်ဆိုင်ရာ လုပ်ဆောင်ချက်တွေဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်ပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ တရုတ်နိုင်ငံဟာ ဥပဒေနဲ့အညီ တန်ပြန် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်တယ်။ ဒါဟာ မိမိတို့ရဲ့ ကိုယ်ပိုင် အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို ကာကွယ်ဖို့ သဘာဝကျတဲ့ လုပ်ဆောင်ချက်တွေဖြစ်တယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနဲ့တရားဝင် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” ဟု ၎င်းပြောသည်။ (Xinhua)

…………………………………………
(Chinese Version)

外交部回应布林肯有关言论:中方依法反制裁理所当然
2022-01-11 18:58:17 分类: 政治法律

新华社北京1月11日电(记者董雪、朱超)外交部发言人汪文斌11日表示,过去几年,美方打着民主、人权、宗教的幌子干涉中国内政,严重损害中方利益,中方依法反制裁理所当然。中方将继续采取一切必要措施维护国家主权、尊严和自身正当利益。

在当日例行记者会上,有记者问:1月10日,美国国务卿布林肯发表声明,指责中方对美国国际宗教自由委员会负责人和有关成员进行“无理”制裁,并称新疆“种族灭绝”和“反人类罪行”仍在持续。中方对此有何评论?
汪文斌指出,所谓新疆存在“种族灭绝”“反人类罪行”是美方一些人编造的世纪谎言。美方一再造谣污蔑,目的是抹黑中国形象,遏制中国发展,但他们的阴谋是不会得逞的。

汪文斌说,过去几年,美方打着民主、人权、宗教的幌子,毫无道理地依据美国国内法,在新疆、香港等涉及中国主权和领土完整的问题上,对数十名中方官员及多个机构进行单边制裁。   “美方有关行径干涉中国内政,严重损害中方利益。中方依法进行了反制裁。这是捍卫自身主权安全发展利益之举,理所当然。我们将继续采取一切必要措施维护国家主权、尊严和自身正当利益。”他说。(完)