Connect with us

North America

အမေရိကန်က ယူကရိန်းသို့ ပေးပို့သည့် တန်ချိန် ၉၀ ကျော် စစ်လက်နက်ပစ္စည်းရောက်ရှိလာပြီး ဂျာမနီက လက်နက်များ ပေးပို့ခြင်းမရှိဘဲ ဆေးရုံထောက်ပံ့ပေး

ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်က ယူကရိန်းအစိုးရထံပံ့ပိုးပေးသည့် တန်ချိန် ၉၀ ခန့်ရှိသော စစ်လက်နက်ပစ္စည်းများ ယူကရိန်းသို့ ရောက်ရှိကြောင်း ယူကရိန်းဆိုင်ရာ အမေရိကန်သံရုံးက ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ပြီးခဲ့သည့်ရက်ပိုင်းတွင် ဗြိတိန်အစိုးရက ယူကရိန်းသို့ အပေါ့စား၊ သံချပ်ကာယာဉ်တိုက်ဖျက်ရေး လက်နက်စနစ် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ ဂျာမနီကာကွယ်ရေးဝန်ကြီးက လက်ရှိတွင် ဂျာမနီနိုင်ငံအနေဖြင့် ယူကရိန်းသို့ လက်နက်ပံ့ပိုးပေးမည်မဟုတ်ဘဲ ယာယီဆေးရုံ အပါအဝင်အခြားနည်းလမ်းများဖြင့် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၂ ရက် ကပြောကြားခဲ့သည်။

အမေရိကန်မှ လက်နက်ပစ္စည်းများပံ့ပိုး
မကြာသေးမီက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အမိန့်ပေးခဲ့ပြီးနောက် ယူကရိန်းသို့ တန်ချိန် ၉၀ ခန့်ရှိသည့် စစ်လက်နက်ပစ္စည်းများ ပါဝင်သည့် ပထမအသုတ် အထောက်အပံ့ ပစ္စည်းများသည် ဇန်နဝါရီ ၂၁ ရက် ညပိုင်းတွင် ယူကရိန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းအထောက်အပံ့ပစ္စည်းများတွင် ယူကရိန်းရှေ့တန်းတပ်သားများအတွက် လက်နက်ခဲယမ်းများ ပါဝင်ကြောင်း သိရသည်။

အမေရိကန်အစိုးရက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် ယူကရိန်းသို့ အမေရိကန်ဒေါ်လာ သန်း၂၀၀ တန်ဖိုးရှိသည့် လက်နက်ပစ္စည်းများ ထောက်ပံ့ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အဆိုပါ ပံ့ပိုးပေးသည့် လက်နက်ပစ္စည်းများသည် ကာကွယ်ရေး အတွက်သာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကဆိုသည်။

ယခုအကြိမ် ထောက်ပံ့သည့် စစ်လက်နက်ပစ္စည်းများသည် အမေရိကန်ကုန်တင်လေယာဉ်ဖြင့် ယူကရိန်းနိုင်ငံ ကိပ်မြို့သို့ သယ်ဆောင်လာခြင်းဖြစ်သည်။

အဆိုပါ ကူညီထောက်ပံ့မှုနှင့် ၂၀၁၄ ခုနှစ်မှစ၍ ယူကရိန်သို့ ပံ့ပိုးသော အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ တန်ဖိုးရှိ လက်နက်ပစ္စည်းများသည် ရုရှား၏ ရန်လိုမှုများအောက်တွင် ယူကရိန်း၏ ကာကွယ်ရေးအင်အားကို အားကောင်းစေရန် ကူညီပေးသည့် အမေရိကန်၏ ခိုင်မာသော စိတ်ဓာတ်ကို သရုပ်ပြကြောင်း အမေရိကန်သံရုံးမှ ပြောကြားခဲ့သည်။

ရုရှအစိုးရက အမေရိကန်အနေဖြင့် ယူကရိန်းသို့ လက်နက်များ ထောက်ပံ့မှုများ ရပ်တန့်ရန် အမြဲတောင်းဆိုနေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ ရုရှားနှင့်ယူကရိန်းတို့သည် ၎င်းတို့၏ နယ်စပ်ဒေသအသီးသီးသို့ စစ်တပ်များထပ်မံ ဖြန့်ကျက်ခဲ့သည်။ အမေရိကန်စသည့် အနောက်တိုင်းနိုင်ငံများက ရုရှားသည် ယူကရိန်းသို့ ကျူးကျော်နိုင်ခြေရှိကြောင်း ပြောကြားခဲ့ရာ ရုရှားအစိုးရက ရုရှားအနေဖြင့် မိမိ၏ နယ်မြေအတွင်း တပ်ဖွဲ့ဝင်များ စည်းရုံးခွင့်ရှိပြီး အခြားနိုင်ငံများကို တိုက်ခိုက်ရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း၊ အမေရိကန်နှင့် နေတိုးမဟာမိတ်အဖွဲ့ တို့က ရုရှား၏ခြိမ်ခြောက်မှုကိုကာကွယ်ရန်ဟု ဘန်းပြကာ ရုရှားအနောက်ပိုင်း နယ်စပ်နိုင်ငံများတွင် လက်နက်စနစ်များ ဖြန့်ကျက်ထားသည်ဟု တုံ့ပြန်ခဲ့သည်။

ရုရှား-အမေရိကန် အဆင့်မြင့်သံတမန်များသည် မကြာသေးမီက မကြာခဏ တွေ့ဆုံဆွေးနွေးခဲ့ရာ ရုရှားဘက်မှ အမေရိကန်အနေဖြင့် နေတိုးမဟာမိတ်အဖွဲ့က အရှေ့ဘက်သို့ ထပ်မံတိုးချဲ့ခြင်းမပြုသည့် သဘောတူစာချုပ်ပေးရန်နှင့် အမေရိကန်က ရုရှား-ယူကရိန်း နယ်စပ်မှ ရုရှားစစ်တပ်များဖြန့်ကျက်မှုကို ရုပ်သိမ်းရန် အသီးသီးတောင်းဆိုခဲ့ကြောင်း၊ သို့သော် တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်စလုံးက ထိုကွဲလွဲမှုများကို ဖြေရှင်းရာတွင် အောင်မြင်မှုရရှိခြင်း မရှိကြောင်း သိရသည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး Ben Wallaceက ယူကရိန်းကို အပေါ့စား၊ သံချပ်ကာယာဉ်တိုက်ဖျက်ရေးလက်နက်စနစ်ပံ့ပိုးရန်နှင့် သက်ဆိုင်ရာ လေ့ကျင့်မှုများပေးရန်အတွက် လူအချို့စေလွှတ်သွားရန်ဗြိတိန်ဘက်က ဆုံးဖြတ်လိုက်ကြောင်း ဇန်နဝါရီ ၁၇ ရက် လွှတ်တော်တွင် ပြောကြားခဲ့သည်။

အမေရိကန်နှင့်ဗြိတိန်က ယူကရိန်းသို့ လက်နက် ပံ့ပိုးပေးနေခြင်းလုပ်ရပ်သည် ရုရှားကစိုးရိမ်မှုအခြေအနေ၏သက်သေပင် ဖြစ်ကြောင်း၊“ယူကရိန်းကို ရုရှား ကျူးကျော်ဝင်ရောက်တော့မည်” ဟူသော အနောက်နိုင်ငံများ၏ ကောလာဟလသည် ၎င်းတို့၏ “စစ်ရေး ရန်လိုရန်စသည့် လှုပ်ရှားမှု”ကို ဖုံးကွယ်ရန်သာ ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဇန်နဝါရီ ၂၀ ရက် တွင် ပြောကြားခဲ့သည်။

ဂျာမနီမှ ဆေးရုံထောက်ပံ့

ဂျာမနီ ကာကွယ်ရေးဝန်ကြီး Christine Lambrecht က ရုရှား-ယူကရိန်းနယ်စပ်အခြေအနေနှင့် ပတ်သက်၍ ဇန်ဝါရီ ၂၂ ရက်က Die Welt ဂျာမနီသတင်းစာ၏ သီးသန့်တွေ့ဆုံမေးမြန်းမှုအား လက်ခံဖြေကြားရာတွင် ဂျာမနီအနေဖြင့် ယူကရိန်းကို ထောက်ခံကြောင်း၊ လာမည့် ဖေဖော်ဝါရီတွင် ဂျာမနီက ယူကရိန်းသို့ ပြီးပြည့်စုံသော ယာယီဆေးရုံတစ်ခုကို လွှဲပြောင်းပေးအပ်ပြီး သက်ဆိုင်ရာ လေ့ကျင့်မှုများပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ဂျာမနီ စစ်ဘက်ဆေးရုံသည် ပြင်းထန်ဒဏ်ရာရသော ယူကရိန်းစစ်သားများကို ဆေးကုသပေးနေသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

Lambrecht က မိမိတို့အနေဖြင့် ၎င်းတင်းမာသော အခြေအနေကို ဖြေလျှော့ပေးရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ လက်ရှိ(ဂျာမနီမှ ယူကရိန်းသို့) လက်နက်ပံ့ပိုးပေးခြင်းသည် ထိုတင်းမာမှုများကို ဖြေလျှော့ပေးနိုင်မည် မဟုတ်ကြောင်း၊ ဤဆုံးဖြတ်ချက်သည် ဂျာမနီအစိုးရ အတွင်းပိုင်း၏ သဘောတူညီချက်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က အခြားနိုင်ငံများ ယူကရိန်းသို့ လက်နက်ပစ္စည်း အထောက်အပံ့ပေးမှုကို ဂျာမနီအနေဖြင့် ဝေဖန်မည် မဟုတ်ကြောင်း ယခင်က ထုတ်ဖော်ပြောကြားခဲ့သည်။

နေတိုးမဟာမိတ်အဖွဲ့က ယူကရိန်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခြင်းကို ရုရှားကဆန့်ကျင်မှုအပေါ် Lambrecht က ရုရှားသည် နေတိုး၏အဖွဲ့ဝင်နိုင်ငံများလက်ခံမှုအပေါ် ဗီတိုအာဏာ မရှိကြောင်း၊ ရုရှားက ဤမျဉ်းနီကိုမထိသရွေ့ အနောက်တိုင်းနိုင်ငံအနေဖြင့် ရုရှားနှင့် ဆွေးနွေးညှိနှိုင်းရန် ဆန္ဒရှိပြီး ၎င်း၏ စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစား ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Nord Stream 2 သဘာဝဓါတ်ငွေ့ပိုက်လိုင်း ကိစ္စရပ်နှင့် ပတ်သက်၍ ဖြေကြားရာတွင် Lambrecht က အကယ်၍ ရုရှားက ဥရောပအလယ်ပိုင်းဒေသတွင် ပဋိပက္ခဖြစ်အောင် ကြိုးပမ်းပါက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ရပ်တန့်သွားမည်ဖြစ်ကြောင်း ၎င်းကသည်။

Nord Stream 2 သည် ရုရှားမှ ဥရောပသို့ တင်ပို့သည့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းထဲမှ တစ်ခုဖြစ်ကြောင်း၊ ရုရှားနှင့် ဂျာမနီ လုပ်ငန်းကုမ္ပဏီများ ပူးပေါင်းပြီး တည်ဆောက်ခဲ့သည်။ အဆိုပါစီမံကိန်းကို ၂၀၁၈ ခုနှစ် တွင်စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်စက်တင်ဘာတွင် ပြီးစီးခဲ့ရာ လည်ပတ်မှုအတွက် ဂျာမနီအစိုးရမှ စီစစ်အတည်ပြုခြင်းမရှိသေးကြောင်း သိရသည်။
အမေရိကန် အစိုးရသည် Nord Stream-2 စီမံကိန်းကို ကြိမ်ဖန်များစွာ ပိတ့်ဆို့ဟန့်တားခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Anatoly Antonov က အမေရိကန်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာက Nord Stream-2 စီမံကိန်း တည်ဆောက်မှုကို ဟန့်တားရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ယခုတွင် စီမံကိန်းစီစစ်အတည်ပြုမှုနှင့် ဖွင့်လှစ်ခြင်းတို့ကို နှောင့်နှေးရန် ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။(Xinhua)

———————————————-
(Chinese Version)
美国90吨军援运抵乌克兰 德国不送武器送医院
2022-01-23 10:18:47 分类: 政治法律
新华社北京1月23日电 美国驻乌克兰大使馆22日说,美国援助乌克兰政府的一批约90吨军火运抵乌克兰。
英国政府近日向乌克兰提供一批轻型反坦克武器。德国国防部长22日表示,德方当前不会向乌克兰提供武器,但将以其他形式支持乌方,包括提供一个野战医院。
美国供军火
美驻乌使馆22日在社交媒体发文说,首批由美国总统约瑟夫•拜登不久前下令向乌方提供的援助21日晚间运抵乌克兰,包括大约90吨“可致命的”军事援助,其中有给乌克兰前线军人的弹药。
美国政府去年12月决定向乌克兰提供价值2亿美元的军火。美国务院官员当时称,这批军援为“防御性”。
此次运抵的是首批军援,由一架美方货运飞机运至乌克兰首都基辅。
1月19日,乌克兰总统泽连斯基(左)在基辅会见美国国务卿布林肯。(新华社发,乌克兰总统办公室供图)
美使馆称,这批援助和美国2014年以来向乌克兰所提供总价值27亿美元的军援,表明“美国决心帮助乌克兰在俄罗斯咄咄逼人的情况下加强防御”。
俄罗斯政府一向要求美国停止向乌克兰提供军火。
去年底以来,俄罗斯和乌克兰分别向两国接壤的边境地区增派重兵。美国等西方国家称,俄方可能“入侵”乌克兰。对此,俄罗斯政府说,俄方有权在自身境内调动部队,无意攻击他国,而美国和北大西洋公约组织以俄方威胁为幌子在俄西部周边国家部署武器系统。
俄美高级别外交官近期频频会晤。俄方在会谈中强调美国必须以协议形式保证北约不再进一步东扩,美国则要求俄方从俄乌边境撤军,双方未就解决分歧取得突破。
英国国防大臣本•华莱士17日说,英方决定向乌克兰提供一批“轻型防御性反装甲武器系统”,一小批英方人员将赴乌克兰提供相关培训。
俄外交部发言人玛丽亚•扎哈罗娃20日说,美国和英国向乌克兰提供武器印证了俄方担忧,即西方国家正以“俄罗斯即将入侵乌克兰”的谣言掩盖他们自身为“军事挑衅行动”所作准备。
德国送医院
就俄乌边境局势,德国国防部长克里斯蒂娜•兰布雷希特在22日刊发的德国《世界报》专访中说,德方支持乌方,将于2月向乌方“移交一个完整的野战医院”,连同提供必要培训;此外,德国军方医院多年来一直收治乌军重伤员。
她说:“我们必须尽一切努力缓和局势。当前(德方如果向乌方)提供武器将不会有助于此,这是德国政府内部共识。”
德国外交部长安娜莱娜•贝尔伯克先前表示,德方不会批评他国向乌克兰提供武器的行为。
就俄罗斯反对北约吸纳乌克兰为成员的立场,兰布雷希特说:“俄方没有对北约成员资格的否决权……在俄罗斯不触碰这条红线的情况下,西方愿意与俄方谈,并考虑俄方关切。”
回答有关“北溪-2”天然气管道的问题时,兰布雷希特称,如果“俄罗斯在欧洲腹地挑起战争”,经济合作将不复存在。
“北溪-2”是俄罗斯向欧洲出口天然气的又一条管道,从俄罗斯经波罗的海通到德国,由俄德等国企业合建。这一项目2018年开工,2021年9月建成,运营资质尚未通过德国政府审批。
美国政府一直反对并阻挠“北溪-2”项目。俄罗斯驻美大使阿纳托利•安东诺夫去年11月说,美国先前试图阻止“北溪-2”项目建设,未能得逞,“现在试图拖延管道的审批启用”。(吴宝澍)