Connect with us

North America

အမေရိကန်နှင့်ဗြိတိန်က ယူကရိန်းသို့ လက်နက်အမြောက်အများတင်ပို့ပြီးဖြစ်ကြောင်း ရုရှား ပြောကြား

ယူကရိန်း သမ္မတ Volodymyr Zelensky က Donbass ဒေသရှိ ယူကရိန်းစစ်တပ်အား သွားရောက် စစ်ဆေး ကြည့်ရှုနေသည်ကို ၂၀၂၁ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Ukrainian Presidential Office/Handout via Xinhua)

ပေကျင်း ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)

“ယူကရိန်းကို ရုရှား ကျူးကျော်ဝင်ရောက်တော့မည်” ဟူသော အနောက်နိုင်ငံများ၏ ကောလာဟလသည် ၎င်းတို့၏ “စစ်ရေး ရန်လိုရန်စသည့် လှုပ်ရှားမှု”ကို ဖုံးကွယ်ရန်သာ ဖြစ်ကြောင်း ၊ အမေရိကန်နှင့်ဗြိတိန်က ယူကရိန်းသို့ လက်နက် ပံ့ပိုးပေးနေခြင်းလုပ်ရပ်သည် ရုရှားကစိုးရိမ်မှုအခြေအနေ၏သက်သေပင် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဇန်နဝါရီ ၂၀ ရက် တွင် ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ Volodymyr Zelensky နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ကီးယက်မြို့တွင် ဇန်နဝါရီ ၁၉ ရက်က တွေ့ဆုံဆွေးနွေးစဉ်( ဓာတ်ပုံ- Ukrainian Presidential Office/Handout via Xinhua) ို

ယူကရိန်း အနောက်ပိုင်း Lviv Oblast ပြည်နယ်၌ ကျင်းပသော အမေရိကန် တပ်ဖွဲ့ဝင်များပါဝင်သည့် “Rapid Trident 2021” အမည်ရှိ နိုင်ငံပေါင်းစုံ ပူးတွဲတပ်ဖွဲ့စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနား မြင်ကွင်းအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“အနောက်ဘက်နဲ့ ယူကရိန်းရဲ့ မီဒီယာ၊ အစိုးရအရာရှိတွေက ရုရှား ယူကရိန်းကို ကျူးကျော်ဝင်ရောက်တော့မယ်ဆိုပြီး အမြဲ ကောလာဟလသတင်းဖွ နေကြတယ်။ ဒီလိုလုပ်ဆောင်ရခြင်းက သူတို့ကိုယ်တိုင် ရန်လိုရန်စမည့်လှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ အသင့်ပြင်နေတာပါပဲ။ စစ်ရေးလှုပ်ရှားမှုအပါအဝင်ပေါ့။ ဒီလှုပ်ရှားမှုတွေက ဒေသတွင်းနဲ့ မ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို အဆိုးဝါးဆုံးသော နောက်ဆက်တွဲရလဒ်ဆိုးတွေ ဖြစ်ပွားစေနိုင်တယ်” ဟု Zakharovaက ပြောကြားခဲ့သည်။

Zakharovaက “ပြီးခဲ့တဲ့လတွေကပဲ အမေရိကန်က ယူကရိန်းကို ‘Javelin’ တင့်ကားဖျက်ဒုံးကျည်စနစ် အစုံ ၃၀ နှင့် ဒုံးကျည် ၁၈၀ ကို ပို့ဆောင်ပြီးပြီ” ဟု ပြောကြားခဲ့သည်။ ထို့အပြင် ယခုလတွင် ယူကရိန်းကို အမေရိကန်က ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိသည့် စစ်လက်နက်ခဲယမ်းများ ထပ်မံတင်ပို့ရန်ရှိကြောင်း သတင်းမီဒီယာများအကြိုဖော်ပြမှုများ ရှိသည်ဟု ဆိုသည်။

“ဗြိတိန်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ လေတပ်သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ ယူကရိန်းဘက်ကို လက်နက်ပို့ဆောင်နေမှုတွေရှိတယ်။ အနည်းဆုံး စစ်လေယာဉ် ၆ ကြိမ်ဖြန့်ကျက်မှုရှိပြီး တစ်စီးမှာ အလေးချိန် ၇၇.၅ တန်ရှိတဲ့ ပစ္စည်းတွေ ပို့ဆောင်လို့ရတယ်၊ စုစုပေါင်း စစ်လက်နက်ခဲယမ်း တန်ချိန် ၄၆၀ လောက်ရှိမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး Ben Wallaceက ယူကရိန်းကို အပေါ့စား၊ သံချပ်ကာယာဉ်တိုက်ဖျက်ရေးလက်နက်စနစ်ပံ့ပိုးရန်နှင့် သက်ဆိုင်ရာ လေ့ကျင့်မှုများပေးရန်အတွက် လူအချို့စေလွှတ်သွားဖို့ ဗြိတိန်ဘက်က ဆုံးဖြတ်လိုက်ကြောင်း ဇန်နဝါရီ ၁၇ ရက် လွှတ်တော်တွင် ပြောကြားခဲ့သည်။
ယင်းအကြောင်းအရာအပေါ် ဗြိတိန်အခြေစိုက် ရုရှားသံရုံးက ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ “ယူကရိန်းသို့ အသက်အန္တရာယ်ရှိစေမည့် လက်နက်ပစ္စည်းပို့ဆောင်ခြင်းက အကျပ်အတည်းနှင့်တင်းမာမှုများကို ပို၍ဆိုးဝါးစေရန်သာရှိကြောင်း” ပြစ်တင်ရှုတ်ချခဲ့သည်။

ထိုမတိုင်မီ သတင်းမီဒီယာများတွင် အနောက်နိုင်ငံက အလွယ်တကူသယ်ဆောင်နိုင်သည့် တင့်ကားဖျက် ဒုံးကျည်စနစ် ယူကရိန်းကို ပံ့ပိုးမည်ဖြစ်ကြောင်းနှင့် ယူကရိန်းစစ်တပ်သို့ အနောက်နိုင်ငံက လူများ စေလွှတ်ပြီး သက်ဆိုင်ရာလေ့ကျင့်မှုများပေးမည်ဟု ဖော်ပြမှုရှိခဲ့ကြောင်း Maria Zakharova က ဆိုသည်။

ကနေဒါနိုင်ငံ အစိုးရကလည်း ယခုရက်ပိုင်းများတွင် ၎င်းတို့သံရုံးကို ကာကွယ်ရန်နှင့် အရေးပေါ်အခြေအနေ၌ သံတမန်အရာရှိများ ပြန်လည်ထွက်ခွာရန်အတွက်ဟုဆိုကာ ယူကရိန်းသို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၂၀၀ ကျော် စေလွှတ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားက အနောက်နိုင်ငံတွေကို ရန်လိုသည့် မီဒီယာတိုက်ခိုက်မှု ရပ်တန့်ရန်၊ မြောက်အတ္တလန်တိတ် သဘောတူစာချုပ်အဖွဲ့ (NATO) တွင် ယူကရိန်းကို လက်ခံမည့်လှုံ့ဆော်မှုဖြင့် ယူကရိန်းစစ်ရေးအသွင်ပြောင်းခြင်းအား ရပ်တန့်ရန် တိုက်တွန်းကြောင်း Maria Zakharova က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစပြီး အမေရိကန်နှင့် ယူကရိန်း အစိုးရတို့က ယူကရိန်းနယ်စပ်ဒေသသို့ ရုရှားစစ်အင်အားအလုံးအရင်း စုစည်းနေကြောင်းနှင့် ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်နိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့အပေါ် ရုရှားအစိုးရက ရုရှားအနောက်ပိုင်းနယ်စပ်ဒေသအနီးတွင် အမေရိကန်နှင့်နေတိုး လက်နက်စနစ်ဖြန့်ကျက်ကာ နိုင်ငံ့လုံခြုံရေးကို တစ်ဆင့်တိုးခြိမ်းခြောက်ပြုနေရာ ရုရှားအနေဖြင့် နိုင်ငံပိုင်နက် နယ်မြေအတွင်း တပ်ဖွဲ့ခေါ်ယူစုစည်းပြီး နယ်မြေပိုင်နက်ကို ကာကွယ်ပိုင်ခွင့်ကြောင်း၊ အခြားနိုင်ငံကို ခြိမ်းခြောက်လိုမှု သို့မဟုတ် ဝင်ရောက်တိုက်ခိုက်လိုမှု ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။

ရုရှားသည် ယခုလ ၁၀ ရက်မှ ၁၃ ရက်အတွင်း အမေရိကန်၊ နေတိုး၊ ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဆွေးနွေးမှုတွင် ရုရှားက အမေရိကန်နှင့်နေတိုး အရှေ့သို့ ထပ်တိုးချဲ့ထွင်ခြင်းကို ရပ်တန့်ရန်နှင့် ယင်းအတွက် ကတိကဝတ်ပြုလက်မှတ်ထိုးရန် အလေးထားပြောကြားခဲ့ပြီး အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံများက ရုရှား-ယူကရိန်းနယ်စပ်မှ ရုရှားတပ်များကို ရုပ်သိမ်းရန် တောင်းဆိုခဲ့ရာ နှစ်ဖက်အကြား ကွဲလွဲမှုများကို ဖြေရှင်းဖို့ သိသာထင်ရှားသည့်တိုးတက်မှုမရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
俄罗斯:美英已向乌克兰运送大批武器
2022-01-21 10:14:17
Image Carouse
新华社北京1月21日电 俄罗斯外交部发言人玛丽亚•扎哈罗娃20日说,西方国家以所谓“俄罗斯即将入侵乌克兰”的谣言掩盖他们自身的“军事挑衅行动”,美国和英国向乌克兰提供武器的举动印证了俄方担忧。
扎哈罗娃说,“西方和乌克兰的媒体和官员一直在加大力度散播俄罗斯即将入侵乌克兰的谣言”,以此掩盖“他们为自身大规模挑衅行动所作的准备,包括军事挑衅”,这类行动“可能对地区和全球安全造成最惨重的后果”。
这张乌克兰总统办公室提供的照片显示,2021年4月8日,乌克兰总统泽连斯基(中)在顿巴斯地区乌政府军阵地视察。(新华社发,乌克兰总统办公室供图)
扎哈罗娃说,“仅过去数月,美国已向乌克兰运送30套‘标枪’反坦克导弹系统和180枚导弹”,此外据媒体先前报道,美方定于本月再向乌方提供一批价值2000万美元的军火。
她说:“英国过去数天一直在用空军运输机向乌克兰运送武器,已布置至少6架次军机,每架可运载多达77.5吨货物,即总共(可运送)大约460吨军火。”
英国国防大臣本•华莱士17日在议会说,英方已决定向乌克兰提供一批“轻型防御性反装甲武器系统”,一小批英方人员将赴乌克兰提供相关培训。
1月19日,乌克兰总统泽连斯基(左二)在基辅会见美国国务卿布林肯(右三)。(新华社发,乌克兰总统办公室供图)
俄罗斯驻英国大使馆20日发表声明,谴责英方“向乌克兰运送致命武器只会加剧危机和紧张”。
扎哈罗娃说,先前已有媒体报道,西方国家将向乌克兰提供便携式反坦克导弹系统,而西方国家人员正在向乌方军人提供相关培训。
她说,加拿大政府近日以保护其使馆和紧急情况下撤走外交官所需为名,向乌克兰派遣超过200名特种作战人员。
她说,俄方敦促西方国家停止对俄敌对的媒体攻势,停止以吸纳乌克兰加入北大西洋公约组织煽动“乌克兰军事化”。
2020年9月17日,美国士兵参加在乌克兰西部利沃夫州举行的代号为“快速三叉戟-2020”的多国联合军事演习开幕式。(新华社发)
去年底以来,美国和乌克兰政府称,俄罗斯在靠近乌克兰的边境地区集结大量部队,可能“入侵”乌克兰。对此,俄罗斯政府说,美国和北约在紧靠俄西部边境的地区部署武器系统,进一步威胁俄方安全,俄方有权在境内调动部队以保卫领土,无意威胁或进攻他国。
本月10日至13日,俄罗斯分别与美国、北约和欧洲安全与合作组织举行对话。俄方在对话中强调美国和北约必须停止进一步东扩并就此签署文字保证,以美国为首的西方国家则要求俄方从俄乌边境撤军,双方未就解决分歧取得突破。(吴宝澍)