Connect with us

Latin America

အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ဒုက္ခသည်အုံလိုက်ကျင်းလိုက်များပြားလာမှုကြောင့် အမေရိကန်က ရွှေ့ပြောင်းနေထိုင်သူများအား နေရပ်ပြန်လည်ပို့ဆောင်ရန် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိ

မက္ကဆီကိုနိုင်ငံ Coahuilaပြည်နယ်Ciudad Acuñaမြို့၌ ရိုက်ကူးသည့် ဓါတ်ပုံတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ အမေရိကန်-မက္ကဆီကိုနယ်စပ်Rio Grandeမြစ်အား ဖြတ်ကူးသွားလာနေသည်ကို စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)
အမေရိကန်အစိုးရအနေဖြင့် အမိမြေလုံခြုံရေးတပ်ဖွဲ့ဝင် ၆၀၀ ကျော်ကို တက္ကဆပ်ပြည်နယ် အနောက်တောင်ပိုင်း Del Rioမြို့လေးသို့ စေလွှတ်ထားပြီးဖြစ်ရာ ယခုကာလများအတွင်း ယင်းဒေသ၌ စုပြုံနေသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား နေရပ်ပြန်လည်ပို့ဆောင်ရန် အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkasက စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ် နယ်စပ်မြို့လေးတွင် နယ်နှင်ခံရသည် ရွှေ့ပြောင်းနေထိုင်သူများ မြစ်ရေကို ဖြတ်သန်းပြီး မက္ကဆီကိုသို့ သွားနေသည်ကို စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ် နယ်စပ်မြို့လေးတွင် နယ်နှင်ခံရသည် ရွှေ့ပြောင်းနေထိုင်သူများ မြစ်ရေကို ဖြတ်သန်းပြီး မက္ကဆီကိုသို့ သွားနေသည်ကို စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရက်သတ္တပတ်အနည်းငယ်မှစ၍ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများက မက္ကဆီကိုနယ်စပ်ကို ဖြတ်ကျော်၍ Del Rioသို့ ဝင်ရောက်ခဲ့ရာ ယခုရက်ပိုင်းတွင် စံချိနန်တင်များပြားလာကြောင်း Alejandro Mayorkasက ယင်းနေ့ Del Rioတွင် မီဒီယာများအား ပြောကြားခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့် ကိုဗစ်ကပ်ရောဂါနှင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများပြားခြင်း ဆိုးဝါးသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရရာ ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးအတွက် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား နေရပ်သို့ ဆက်တိုက် ပြန်လည်ပို့ဆောင်လျက်ရှိသည်။ စက်တင်ဘာ ၂၀ ရက်တွင် ရွှေ့ပြောင်းနေထိုင်သူ ၃,၀၀၀ ခန့်ကို Del Rioမှ အမေရိကန်ရှိ အခြားခိုလှုံရေးစခန်းများသို့ ပို့ဆောင်ရန် ခန့်မှန်းထားကြောင်း ဆိုသည်။

လက်ရှိ Del Rio အပြည်ပြည်ဆိုင်ရာ တံတားအောက် ယာယီစခန်းတွင် ခိုလှုံနေသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ (၁၄၅,၀၀)ကျော် ရှိကြောင်း၊ ၎င်းတို့အနက် အများစုမှာ ဟေတီနိုင်ငံမှလာခြင်း ဖြစ်ကြောင်း USA Todayက စက်တင်ဘာ ၂၀ ရက်တွင် Del Rioမြို့ အုပ်ချုပ်ရေးအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။ ယင်းဒေသတွင် ရာသီဥတုပူပြင်းခြင်း၊ ယာယီစခန်းတွင် နေထိုင်ရန်အခြေအနေ ဆိုးဝါးခြင်းနှင့် အမှိုက်သရိုက်များစုပြုံနေကာ အစာရေစာပံ့ပိုးမှု အလွန် အကန့်အသတ်ရှိနေကြောင်း သိရသည်။

Del Rioသို့ ဝင်ရောက်နေသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၄၀၀ ကျော်ကို အမေရိကန်အစိုးရက စက်တင်ဘာ ၁၉ ရက်တွင် လေယာဉ်ခရီးစဉ် ၃ ခုဖြင့် ဟေတီနိုင်ငံ၏မြို့တော် ပို့တ်အော်ပရင့်စ်ကို ပြန်လည်ပိုဆောင်ပေးခဲ့ကြောင်း ၊ စက်တင်ဘာ ၂၁ ရက်တွင်လည်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါမည့် လေယာဉ်ခရီးစဉ် ၆ ခု ဟေတီကို ရောက်ရှိဖွယ်ရှိသည်ဟု ခန့်မှန်းရကြောင်း အမေရိကန်မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

Del Rioတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အဆမတန်များပြားလာခြင်းကြောင့် တက္ကဆပ်ပြည်နယ်ကို နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာပေးရန်နှင့် ဖက်ဒရယ်အစိုးရမှ ပြည်နယ်သို့ ကူညီပံ့ပိုးမှုများပေးရန် ယင်းပြည်နယ် အုပ်ချုပ်ရေးမှူးGreg Abbottက သမ္မတ ဘိုင်ဒန်ကို စက်တင်ဘာ ၂၀ ရက်တွင် စာလွှာပေးပို့ပြီး တောင်းဆိုခဲ့သည်။ Greg Abbottသည် စက်တင်ဘာ ၁၆ ရက်တွင် တက္ကဆပ်ပြည်နယ်ရှိ အမေရိကန်-မက္ကဆီကို နယ်စပ်ဂိတ် ၆ ခုကို ပိတ်ထားရန် အမိန့်ချခဲ့ကြောင်း သိရသည်။
ယခုနှစ်မှစ၍ အမေရိကန်နှင့်မက္ကဆီကိုနယ်စပ်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ အဆက်မပြတ်အရှိန်အဟုန်ဖြင့် တိုးပွားလာရာ ဘိုင်ဒန်အစိုးရအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်စေသည်။ ယခုနှစ်မှစ၍ အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ဖမ်းဆီးခံရသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ဦးရေသည် နှစ်ပေါင်း(၂၀)ကျော်ကာလတွင် အများဆုံးဖြစ်ခဲ့ကြောင်း ၊ (၈)လကြာကာလတွင်ပင် ဖမ်းဆီးခံရသူ အကြိမ်ရေ (၂၀၈,၀၀၀)ကျော်ရှိရာ ၎င်းတို့အနက် အများစုသည် နေရပ်သို့ပြန်လည်ပို့ဆောင်ပြီးနောက် နောက်ထပ်တစ်ဖန် နယ်စပ်ဖြတ်ကျော်လာခြင်းဖြစ်ကြောင်း အမေရိကန်သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)

———————————–
(Chinese Version)

美墨边境现难民潮 美国加大遣返力度
2021-09-21 15:06:01
新华社华盛顿9月20日电(记者徐剑梅 邓仙来)美国国土安全部长马约卡斯20日说,美国政府已调派600多名国土安全部人员前往得克萨斯州西南小城德尔里奥,以加大对近期在当地大规模聚集的非法移民的遣返力度。
马约卡斯当日在德尔里奥对美国媒体说,数周来,非法移民不断从墨西哥越境进入德尔里奥,近日数量创下新高。美国政府面临新冠疫情和严峻的非法移民问题挑战,将继续遣返非法移民以防止疫情传播,预计20日将把约3000名非法移民从德尔里奥转移到美国其他地点的收容设施。
据《今日美国报》20日援引德尔里奥市政官员的话报道,目前,超过1.45万名非法移民聚集在德尔里奥国际桥下的临时营地里,其中大多数人来自海地。当地天气炎热,临时营地里生活条件恶劣,垃圾成堆,食品与水的供应十分有限。
据美国媒体报道,美国政府19日已动用至少三个航班将400多名进入德尔里奥的非法移民遣返回海地首都太子港,预计21日还将有6个搭载非法移民的航班抵达海地。
得克萨斯州州长阿伯特20日就德尔里奥非法移民人数激增致信美国总统拜登,要求宣布得克萨斯州进入国家紧急状态并向得州提供相应的联邦援助。阿伯特已于16日下令关闭位于该州的6处美国和墨西哥之间的边境口岸。
今年以来,美国和墨西哥边境的非法移民潮持续不断,对美国政府构成严峻挑战。据美媒报道,今年以来在美墨边境被捕的非法移民人数达到20多年来最高水平,仅8月就有超过20.8万人次的非法移民被捕,其中许多人是被遣返后再次越境进入美国。

图说1:9月19日在墨西哥科阿韦拉州阿库尼亚城拍摄的照片显示,购买物资的非法移民在美墨边境的里奥格兰德河上往返。新华社发
图说2:9月19日,在美国得克萨斯州边境小城德尔里奥,被驱逐的移民过河前往墨西哥。 新华社/法新