Connect with us

North America

အမေရိကန် ၊ ရုရှား ၊ ယူကရိန်း သုံးနိုင်ငံ ခေါင်းဆောင်များတွေ့ဆုံရန် ယူကရိန်းသမ္မတ အဆိုပြု

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (ယာ) နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ၂၀၂၁ခုနှစ်၊ ဇွန် ၁၆ ရက်က တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ကိဗ်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ယူကရိန်းသမ္မတ Volodymyr Zelenskyက အမေရိကန် သမ္မတ ဘိုင်ဒန်၊ ရုရှားသမ္မတ ပူတင်တို့နှင့်အတူ နိုင်ငံခေါင်းဆောင်သုံးဦး တွေ့ဆုံပွဲကျင်းပရန် အဆိုပြုခဲ့သည်ဟု ယူကရိန်းသမ္မတရုံးအကြီးအကဲ Andriy Yermak က ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့ကြောင်း ယူကရိန်းနိုင်ငံပိုင် သတင်းဌာန ဖော်ပြချက်အရ သိရသည်။

ယူကရိန်းသမ္မတ Volodymyr Zelensky (ဝဲ)နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်တို့ ကိဗ်မြို့တွင် ၂၀၂၁ ခုနှစ်၊ မေ ၆ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (ဝဲ) နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ၂၀၂၁ခုနှစ်၊ ဇွန် ၁၆ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ယင်းနေ့တွင် Yermak က ယူကရိန်းဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း Herbst နှင့်တွေ့ဆုံရာတွင် Zelenskyက ဗွီဒီယိုလင့်ခ်တွေ့ဆုံပွဲကျင်းပရန် ဘိုင်ဒန်အား ဖိတ်ကြားထားကြောင်း ၊ အမေရိကန်၊ ရုရှားနှင့် ယူကရိန်းတို့သည် ဗွီဒီယိုလင့်ခ် အစည်းအဝေးမှတစ်ဆင့် တွေ့ဆုံဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့သည်။
Yermak က လက်ရှိတွင် ယူကရိန်းက ရုရှား၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြောင်း၊ အမေရိကန်အနေဖြင့် ယင်းအဆိုပြုချက် အပေါ် စိတ်ဝင်စားကြောင်း ထုတ်ဖော်ခဲ့သည် ဟုဆိုသည်။

အမေရိကန်၊ ရုရှား၊ ယူကရိန်း သုံးနိုင်ငံ ခေါင်းဆောင်များတွေ့ဆုံရန် ယူကရိန်း၏အဆိုပြုချက်နှင့် ပတ်သက်၍ ဇန်နဝါရီ ၁၄ ရက်က ရုရှာသတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ရုရှားသမ္မတ၏ ပြန်ကြားရေးအတွင်းဝန် Dmitry Peskov က “ရုရှားက အခုအချိန်ထိ ဘာအချက်အလက်မှ မရရှိသေးပါ”ဟု ပြောကြားခဲ့သည်။

ယခင်နှစ် နိုဝင်ဘာမှစ၍ ရုရှား-ယူကရိန်း နယ်စပ်အခြေအနေများ ပြန်လည်တင်းမာလာကြောင်း၊ လက်ရှိ ယူကရိန်းအရေးနှင့် ပတ်သက်၍ ရုရှားက ယခုလ ၁၀ ရက်တွင် အမေရိကန်နှင့် မဟာဗျူဟာမြောက် တည်ငြိမ်ရေး ဆွေးနွေးပွဲကျင်းပပြီးနောက် ဇန်နဝါရီ ၁၂ ရက်တွင် နေတိုးနှင့်လည်းကောင်း၊ ဇန်နဝါရီ ၁၃ ရက်တွင် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ မူဘောင်အောက်တွင် အနောက်နိုင်ငံများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ သို့သော် ၎င်းဆွေးနွေးမှုများသည် လက်တွေ့ကျသော ရလဒ်များ မရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
(国际)乌克兰总统提议举行美俄乌三方元首会晤
新华社基辅1月15日电(记者李东旭)据乌克兰国家通讯社消息,乌克兰总统办公室主任叶尔马克14日表示,乌总统泽连斯基提议与美国总统拜登和俄罗斯总统普京举行三方元首会晤。
当天,叶尔马克在会见前美国驻乌克兰大使赫布斯特时说,泽连斯基就举行视频会晤已向拜登发出邀请,并表示美俄乌或可通过视频连线方式举行元首会晤。
叶尔马克表示,目前乌方正等待俄方的回应,美方已对此提议表示出兴趣。
关于乌方提议举行美俄乌三方元首会晤一事,俄罗斯总统新闻秘书佩斯科夫14日在回答俄罗斯媒体提问时表示,“目前俄方未收到任何信息”。
自去年11月以来,乌俄边境局势再度紧张。近期围绕乌克兰等问题,俄罗斯在本月10日与美国举行战略稳定对话之后,又分别于12日与北约和13日在欧洲安全与合作组织框架下与西方开展对话,但这些对话均未取得实质性成果。(完)
图说1- 6月16日,美国总统拜登(右)和俄罗斯总统普京在瑞士日内瓦握手致意。新华社/法新
图说2- 5月6日,乌克兰总统泽连斯基(左)在基辅与美国国务卿布林肯会见时碰肘。新华社发(乌克兰总统办公室供图)
图说3- 6月16日,美国总统拜登(左)和俄罗斯总统普京在瑞士日内瓦举行会晤。新华社/法新