Connect with us

China

အာကာသစခန်း စက်ရုပ်လက်တံနှင့် ကုန်တင်အာကာသယာဉ် ရွှေ့ပြောင်းစမ်းသပ်မှု အပြည့်အဝ အောင်မြင်

အာကာသစခန်း စက်ရုပ်လက်တံဖြင့် ကုန်တင်အာကာသယာဉ် ရွှေ့ပြောင်းစမ်းသပ်မှုကို ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာမှ ရိုက်ကူးရာ Tianzhou-2 ကုန်တင်အာကာသယာဉ်အား စက်ရုပ်လက်တံဖြင့် အာကသစခန်းပင်မခန်းအဝကို ဗဟိုပြု၍ မျက်နှာပြင်ညီအတိုင်း ရွှေ့လျားနေသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

အာကာသစခန်း စက်ရုပ်လက်တံနှင့် ကုန်တင်အာကာသယာဉ် ရွှေ့ပြောင်းကြည့်ခြင်း စမ်းသပ်မှုကို စနစ်ကျော်ဖြတ် ထိန်းချုပ်မှုဖြင့် ၄၇ မိနစ်ကြာ နီးကပ်စွာ ဟန်ချက်ညီညီ ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၆ ရက် နံနက် ၆ နာရီ ၅၉ မိနစ်တွင် စမ်းသပ်မှုများ အပြည့်အဝအောင်မြင်ခဲ့ကြောင်း China Manned Space Engineering Office (CMSEO)၏ သတင်းများအရ သိရသည်။

အာကာသစခန်း စက်ရုပ်လက်တံဖြင့် ကုန်တင်အာကာသယာဉ် ရွှေ့ပြောင်းစမ်းသပ်မှုကို ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာမှ ရိုက်ကူးရာ Tianzhou-2 ကုန်တင်အာကာသယာဉ်အား စက်ရုပ်လက်တံဖြင့် အာကသစခန်းပင်မခန်းအဝကို ဗဟိုပြု၍ မျက်နှာပြင်ညီအတိုင်း ရွှေ့လျားနေသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာကာသစခန်း စက်ရုပ်လက်တံဖြင့် ကုန်တင်အာကာသယာဉ် ရွှေ့ပြောင်းစမ်းသပ်မှုကို ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာမှ ရိုက်ကူးရာ Tianzhou-2 ကုန်တင်အာကာသယာဉ်နှင့် Tianhe အာကာသစခန်းပင်မခန်း ခွဲထွက်သွားသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာကာသစခန်း စက်ရုပ်လက်တံဖြင့် ကုန်တင်အာကာသယာဉ် ရွှေ့ပြောင်းစမ်းသပ်မှုကို ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာမှ ရိုက်ကူးရာ Tianzhou-2 ကုန်တင်အာကာသယာဉ်နှင့် Tianhe အာကာသစခန်းပင်မခန်း ပြန်လည်ချိတ်ဆက်ထားကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းတွင် စက်ရုပ်လက်တံသည် Tianzhou-2 ကုန်တင်အာကာသယာဉ်ကို ဖမ်းကိုင်နိုင်ခဲ့သည်။ နံနက် ၆ နာရီ ၁၂ မိနစ်ခန့်တွင် နေရာရွှေ့ပြောင်း စမ်းသပ်မှုကို စတင်ခဲ့ရာ Tianzhou-2 ကုန်တင်အာကာသယာဉ်နှင့် Tianhe အာကာသစခန်း ပင်မခန်း ခွဲထွက်ပြီးနောက် စက်ရုပ်လက်တံက ပင်မစခန်းဝကို ဗဟိုပြု၍ မျက်နှာပြင်ညီအတိုင်း ရွေ့လျားခဲ့ကြောင်း၊ ထို့နောက် ပြောင်းပြန်ပြန်လည်ရွေ့လျား၍ ကုန်တင်အာကာသယာဉ်ကို အာကာသစခန်းပင်မခန်းနှင့် တစ်ဖန်ပြန်လည်ချိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

ယခုအကြိမ်စမ်းသပ်မှုသည် စက်ရုပ်လက်တံကို အသုံးပြု၍ အာကာသစခန်း အစိတ်အပိုင်းများကို နေရာရွှေ့ပြောင်းသည့် ဖြစ်နိုင်ချေနှင့် ထိရောက်မှုကို ကနဦး စမ်းသပ်ခြင်းဖြစ်သည်။ ဤစမ်းသပ်မှုသည် အာကာသစခန်း အစိတ်အပိုင်း နေရာရွှေ့ပြောင်းသည့် နည်းပညာနှင့် စက်ရုပ်လက်တံ သာလွန်ဝန်အား ထိန်းချုပ်နိုင်မှုနည်းပညာကို စမ်းသပ်သက်သေပြုခဲ့ရာ နောင်အခါ ဂြိုလ်ပတ်လမ်းအတွင်း အာကာသစခန်းဖွဲ့စည်းတည်ဆောက်ရန်အတွက် အတွေ့အကြုံ စုဆောင်းခြင်းလည်း ဖြစ်သည်။ (Xinhua)

#, #SpaceStation, #RoboticArm, #CargoSpacecraft, #xinhua, #xinhuamyanmar, #တရုတ်, #အာကာသစခန်း, #စက်ရုပ်လက်တံ, #ကုန်တင်အာကာသယာဉ်, #ဆင်ဟွာ
——————————–
(Chinese Version)
(航天)空间站机械臂转位货运飞船试验取得圆满成功
2022-01-06 07:28:31
新华社北京1月6日电(记者黄一宸、郭中正)据中国载人航天工程办公室消息,北京时间2022年1月6日6时59分,经过约47分钟的跨系统密切协同,空间站机械臂转位货运飞船试验取得圆满成功,这是我国首次利用空间站机械臂操作大型在轨飞行器进行转位试验。
1月6日凌晨,机械臂成功捕获天舟二号货运飞船。6时12分转体试验开始,天舟二号货运飞船与天和核心舱解锁分离后,在机械臂拖动下以核心舱节点舱球心为圆心进行平面转位;尔后,反向操作,直至货运飞船与核心舱重新对接并完成锁紧。
此次试验,初步检验了利用机械臂操作空间站舱段转位的可行性和有效性,验证了空间站舱段转位技术和机械臂大负载操控技术,为后续空间站在轨组装建造积累了经验。(完)

图说1,2:1月6日在北京航天飞行控制中心拍摄的空间站机械臂转位货运飞船试验,天舟二号货运飞船在机械臂拖动下以核心舱节点舱球心为圆心进行平面转位。 新华社记者 郭中正 摄
图说3:1月6日在北京航天飞行控制中心拍摄的空间站机械臂转位货运飞船试验,天舟二号货运飞船与天和核心舱解锁分离。 新华社记者 郭中正 摄
图说4,5:1月6日在北京航天飞行控制中心拍摄的空间站机械臂转位货运飞船试验,天舟二号货运飞船与天和核心舱重新对接并完成锁紧。 新华社记者 郭中正 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.