Connect with us

North America

အာဖဂန်အခြေစိုက် အမေရိကန်တပ်များကို ဩဂုတ်လကုန်တွင် အပြီးရုပ်သိမ်းရန် ခန့်မှန်းထားဟု အိမ်ဖြူတော်ပြောကြား

အိမ်ဖြူတော် သတင်းနှင့်ပြန်ကြားရေးဆိုင်ရာ အတွင်းရေးမှူး Jen Psaki အား ဇွန် ၂၈ ရက်က ဝါရှင်တန်ရှိ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်အခြေစိုက် အမေရိကန်တပ်များကို ဩဂုတ်လကုန်တွင် အပြီးရုပ်သိမ်းရန် ခန့်မှန်းထားကြောင်း အိမ်ဖြူတော် သတင်းနှင့်ပြန်ကြားရေးဆိုင်ရာ အတွင်းရေးမှူး Jen Psaki က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။

Jen Psaki က ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အာဖဂန်အခြေစိုက် အမေရိကန်တပ်များကို စီစဉ်ထားသည့်အတိုင်း ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း၊ လာမည့်ရက်ပိုင်းအတွင်း စစ်တပ်အပြီးရုပ်သိမ်းမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ထိုနေ့မနက်အစောပိုင်းက အိမ်ဖြူတော်တွင် မီဒီယာများကို ပြောကြားခဲ့သည်။

အာဖဂန်အခြေစိုက် အမေရိကန်တပ်၏ အကြီးဆုံး စစ်အခြေစိုက်စခန်းဖြစ်သည့် Bagram လေတပ်စခန်းကို အာဖဂန်စစ်တပ်အား လွှဲပြောင်းပေးခဲ့ပြီဖြစ်ပြီး အာဖဂန်အခြေစိုက်အမေရိကန်တပ်များ၏ ညွှန်ကြားမှု အပြောင်းအလဲအစီအစဉ်ကိုလည်း ကြေညာပြီးဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ Kirby က ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုခဲ့သည်။

အာဖဂန်ရှိ အမေရိကန်သံတမန်များကိုကာကွယ်ရန်အတွက် တပ်ဖွဲ့ဝင် (၆၅၀)ခန့် ချန်ထားမည်ဟု ထိုမတိုင်မီတွင် အမေရိကန် သတင်းမီဒီယာများက ဖော်ပြထားသည်။

ပြီးခဲ့သည့်ရက်က အမေရိကန်နှင့်နေတိုး တပ်ဖွဲ့များ Bagram လေတပ်စခန်းမှ အားလုံးရုပ်သိမ်းသွားပြီးဖြစ်ကြောင်း ၊ ယင်းအခြေစိုက်စခန်းကို အာဖဂန်စစ်တပ်အား တရားဝင်လွှဲပြောင်းပေးခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Fuad Aman က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။ Bagram လေတပ်စခန်းသည် အာဖဂန်နစ္စတန်နိုင်ငံ Parvan ပြည်နယ်တွင် တည်ရှိပြီး ကဘူးလ်မြို့နှင့် (၅၀)ကီလိုမီတာခန့် ကွာဝေးကြောင်း သိရသည်။

အာဖဂန်အခြေစိုက် အမေရိကန်တပ်များကို မေ ၁ ရက်တွင် စတင်ရုပ်သိမ်းမည်ဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်မတိုင်မီ အပြီးရုပ်သိမ်းမည်ဖြစ်ကြောင်း ဘိုင်ဒန်က ယခုနှစ် ဧပြီလတွင် ကြေညာခဲ့သည်။ ယခုကာလများတွင် အာဖဂန်ပြည်တွင်းတိုက်ခိုက်မှုများအဆက်မပြတ်ဖြစ်ပွားနေပြီး လုံခြုံရေးအခြေအနေ ဆိုးဝါးလျက်ရှိကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)美国白宫表示驻阿富汗美军预计于8月底前完成撤军
2021-07-03 07:21:59
新华社华盛顿7月2日电(记者刘品然)美国白宫新闻秘书普萨基2日表示,驻阿富汗美军预计将于8月底前完成撤军。
普萨基当天在例行记者会上作出这一表述。美国总统拜登当天早些时候在白宫回答媒体提问时也表示,驻阿美军正按计划撤出,撤军不会在未来数日内完成。
美国五角大楼发言人柯比当天在国防部记者会上确认,美军已将驻阿最大军事基地巴格拉姆空军基地移交给阿富汗军队,并宣布了驻阿美军指挥权变更计划。他说,美军未来将在阿富汗维持少量驻军以保护美外交人员,支持阿首都喀布尔国际机场的安保,继续为阿安全部队提供建议并支持美方反恐行动。
美国媒体此前报道说,美军约650人将继续留在阿富汗保护美外交人员。
2日说,美国和北约军队日前已全部撤离巴格拉姆空军基地,该基地已正式移交给阿富汗军队。巴格拉姆空军基地位于阿富汗帕尔万省,距喀布尔约50公里。
拜登今年4月宣布,驻阿美军5月1日开始撤离,9月11日前完全撤出。近来,阿富汗国内袭击事件不断,安全形势日趋恶化。(完)
图说1:这是6月28日美国白宫新闻秘书普萨基在美国华盛顿白宫出席记者会的资料照片。新华社发(沈霆摄)