Connect with us

မြန်မာ-中文

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်းသူများ၏ အလုပ်အကိုင်နေရာ ရရှိမှုပမာဏ သန်း ၃၀ ကျော်ရှိရန် ဆောင်ရွက်သွားမည်

ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ၂၀၂၁ ခုနှစ်က ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းသူများ၏ အလုပ်အကိုင်နေရာရရှိသည့်ဦးရေသည် ၃၁.၄၅ သန်းရှိရာ ၎င်းမှာ ပြီးခဲ့သည့် နှစ်ကထက် ၁.၂၆ သန်း တိုးလာခြင်းဖြစ်ပြီး လုပ်ခလစာဝင်ငွေသိသိသာသာမြင့်မားလာသူ ၆၇.၉ ရာခိုင်နှုန်းရှိခြင်းကြောင့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်သို့ ပြန်လည်မဆင်းသက်သွားရန် အားကောင်းသည့်အထောက်အပံ့ဖြစ်ခဲ့ကြောင်း ဗဟိုကျေးလက်ရေးရာလုပ်ငန်းဦးဆောင်အဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး၊ အမျိုးသား ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဌာန ဌာနမှူး လျိုဟွန့်ရှင်းက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံး ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်းသူ အလုပ်အကိုင်နေရာချထားမည့် ဦးရေကို သန်း ၃၀ ကျော်ထိ ရှိအောင် ၊ ၂၀၂၁ ခုနှစ်ကထက် တိုးတက်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချန်နန် ပူရီလူမျိုး၊မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လောတျန့်ခရိုင် ရိုဟိုင်ကျေးရွာတွင် ကျေးရွာသူကျေးရွာသားများအတွက် ဆောင်းဦး၊ဆောင်း ရာသီ ဟင်းရွက်သီးနှံစိုက်ပျိုးမှုများအား မွမ်းမံသင်တန်းပေးနေသည်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လျိုဟွန့်ရှင်းက ဇန်နဝါရီ ၁၈ ရက်တွင် ကျင်းပသည့် တစ်နိုင်ငံလုံး ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်းသူ ဦးရေ အလုပ်အကိုင်နေရာအတည်တကျရရှိရေးလုပ်ငန်းစဉ် ဗွီဒီယိုအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အလုပ်အကိုင်နေရာချထားခြင်းသည် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအောင်မြင်သောရလဒ်ရှိစေသည့် အခြေခံနည်းလမ်း ဖြစ်သည်။ လျိုဟွန့်ရှင်းက ပြည်နယ်ချင်း လုပ်သားအင်အားပူးပေါင်းဆောင်ရွက်မှုကို ထဲထဲဝင်ဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ အနောက်၊အလယ်ပိုင်းပြည်နယ်များတွင် ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်းသော လုပ်သားအင်အား ပြည်နယ်ဖြတ်ကျော် အလုပ်လုပ်ကိုင်မည့်ပမာဏကို တည်ငြိမ်မှုမှ တိုးတက်မှုရှိအောင် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အရှေ့ပိုင်းပြည်နယ်များက ပြည်နယ်ဖြတ်ကျော် အလုပ်လုပ်ကိုင်သည့်လုပ်သားများ အလုပ်အကိုင် အတည်တကျနေရာချထားရေးအား ၂၀၂၂ ခုနှစ် အရှေ့-အနောက် ညှိနှိုင်းဆောင်ရွက်ရေး သဘောတူညီချက် အဓိကအကြောင်းအရာအဖြစ် ထားရှိကာ ကူညီဖေးမသည့်တာဝန်အား ကောင်းမွန်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ဟွေ့မင်ခရိုင် ဖုန်းစီမှိုစိုက်ပျိုးရေး သမဝါယမတွင် လယ်သမားတစ်ဦး ကျောက်ပွင့်ခူးနေသည်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ခရိုင်မြို့များကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မည့်နည်းလမ်းများကို ရှာဖွေကာ ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်းသည့် လုပ်သားအင်အားကို ပြည်နယ်အတွင်း ခရိုင်ပြင်ပ အလုပ်အကိုင်ပမာဏ တည်ငြိမ်တိုးတက်မှုရှိအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ကိုယ်ပိုင်ထူးခြားမှုရှိသည့် ထုတ်လုပ်မှုလုပ်ငန်းများဖြင့် အလုပ်အကိုင်နေရာ ဖန်တီးခြင်း၊ ကျေးလက်တောရွာ ပရဟိတလုပ်ငန်းများ၏ အလုပ်အကိုင်နေရာ တိုးချဲ့ပေးခြင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအလုပ်ရုံများကို တိုးချဲ့ကာ အလုပ်အကိုင်လက်ခံပေးခြင်း၊ ကူညီထောက်ပံ့မှုအစား အစိုးရ ရင်းနှီးမြုပ်နှံမှုစီမံကိန်းများတွင် အလုပ်အကိုင်နေရာပေးမှုအား တိုးချဲ့ခြင်း ၊ ကိုင်ပိုင်လုပ်ငန်းတည်ထောင်မှုအား အားပေးထောက်ခံမှုပြုခြင်းစသည့် နည်းလမ်းများဖြင့် ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်းသော လုပ်သားအင်အား ခရိုင်အတွင်း အလုပ်အကိုင်ပမာဏကို တည်ငြိမ်တိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

…………………………………………
(Chinese Version)

(经济)我国2022年确保脱贫人口就业规模高于3000万人

2022-01-18 21:47:00
新华社北京1月18日电(记者侯雪静)中央农办副主任、国家乡村振兴局局长刘焕鑫18日表示,2021年脱贫人口就业规模达到3145万人,比上年增加126万人,工资性收入显著提升,占比达到67.9%,为守住不发生规模性返贫底线提供了有力支撑。2022年,确保年度全国脱贫人口就业规模高于3000万人,力争比2021年有所增加。

刘焕鑫是在18日召开的全国脱贫人口稳岗就业工作视频会上作出上述表述的。
就业是巩固脱贫攻坚成果的基本措施。刘焕鑫表示,要深化省际间劳务协作,中西部省份要多措并举促进脱贫劳动力跨省务工规模稳中有升,东部省份要把跨省务工脱贫劳动力稳岗就业作为2022年东西部协作协议重要内容,落实好帮扶责任。要探索市县间劳务协作,促进脱贫劳动力省内县外务工规模稳中有增。要通过特色产业带动就业、开发乡村公益岗位扩大就业、助力帮扶车间发展吸纳就业、推广以工代赈方式拓展就业、支持自主创业灵活就业等方式,促进脱贫劳动力县内务工规模稳中有增。(完)

图说1:2021年11月4日,在贵州省黔南布依族苗族自治州罗甸县边阳镇油海村,村民参加秋冬油菜种植培训。新华社记者 杨楹 摄

图说2:在广西融水苗族自治县粤桂扶贫协作产业园一家木业公司的扶贫车间,工人在生产线上作业(2021年12月1日摄)。 新华社记者 黄孝邦 摄

图说3:2021年11月18日,在山东省惠民县银丰食用菌合作社,农民在采摘银耳。新华社记者 郭绪雷 摄