North America
ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာပြည်နယ်တွင် ရေဘေးကြောင့် အရေးပေါ်အခြေအနေ ကြေညာ

အော့တဝါ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)
ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်း၊ ရွှံ့သဲကျောက်မြေ စီးဆင်းမှုများဖြစ်ပွားခြင်းနှင့် ဆက်စပ်ဖြစ်ပွားသည့်ပြဿနာများကြောင့် ပြည်နယ်တစ်ခုလုံးအား အရေးပေါ်အခြေအနေအဖြစ် နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းက ကြေညာခဲ့ကြောင်း သိရသည်။

ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာပြည်နယ် Abbotsfordတွင် ရေဘေးကြောင့် ရေပတ်လည်ဝိုင်းနေသည့် အဆောက်အဦတစ်ခုအား နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာပြည်နယ် Abbotsfordတွင် ရေဘေးကြောင့် နစ်မြုပ်နေသည့် လယ်ယာမြေများအား နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာပြည်နယ် Abbotsfordတွင် ရေဘေးကြောင့် နစ်မြုပ်နေသည့် ဥယျာဉ်ပန်းခြံအား နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာပြည်နယ် Abbotsfordတွင် ရေဘေးကြောင့် ရေပတ်လည်ဝိုင်းနေသည့် အဆောက်အဦတစ်ခုအား နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
ဗြိတိသျှ ကိုလံဘီယာပြည်နယ် အုပ်ချုပ်ရေးမှူး John Horganက မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် လူနေရပ်ကွက်အများအပြား ပျက်စီးခဲ့ကြောင်း ၊ အရေးပေါ်အခြေအနေကြေညာခြင်းသည် ပြည်နယ်တစ်ခုလုံးအတွက်အခြေခံဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းပံ့ပိုးနိုင်မှုကို သေချာစွာဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ကြောင်း ဆိုသည်။
နိုဝင်ဘာ ၁၃ ရက်မှစပြီး ဗြိတိသျှကိုလံဘီယာပြည်နယ်တောင်ပိုင်းတွင် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ နေရာဒေသအများအပြားတွင် ရေကြီးရေလျှံခြင်းနှင့်ရွှံ့သဲကျောက်မြေ စီးဆင်းမှုစသည့်ဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ရာ လူပေါင်း ထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
—————————–
(Chinese Version)
(新华简讯)加拿大不列颠哥伦比亚省因洪灾宣布进入紧急状态
2021-11-18 21:52:16
新华社渥太华11月18日电加拿大不列颠哥伦比亚省17日下午宣布,为应对暴雨引发的洪水和泥石流及其造成的民生问题,全省立即进入紧急状态。
不列颠哥伦比亚省省长约翰•霍根说,暴雨、强风和洪水摧毁了很多社区,颁布紧急状态令是为了保证全省各社区的基本服务和物资供应。13日开始,不列颠哥伦比亚省南部持续暴雨,多地发生洪水和泥石流等灾害,已造成数千人流离失所,一名女子丧生。(完)
图说1:这是11月18日在加拿大不列颠哥伦比亚省阿伯茨福德拍摄的被洪水淹没的农田。 新华社发(宋伟仁 摄)
图说2:这是11月18日在加拿大不列颠哥伦比亚省阿伯茨福德拍摄的被洪水包围的建筑。新华社发(宋伟仁 摄)
图说3:这是11月18日在加拿大不列颠哥伦比亚省阿伯茨福德拍摄的被洪水淹没的农田。新华社发(宋伟仁 摄)
图说4: 这是11月18日在加拿大不列颠哥伦比亚省阿伯茨福德拍摄的被洪水淹没的公园。新华社发(宋伟仁 摄)
图说5:这是11月18日在加拿大不列颠哥伦比亚省阿伯茨福德拍摄的被洪水包围的建筑。新华社发(宋伟仁 摄)