China
“နီကျား-၂” တူကီယဲနိုင်ငံ ရုပ်ရှင်ရုံ ၈၀ ကျော်တွင် ရုံတင်ပြသမည်

အစ္စတန်ဘူလ်၊ မေ ၂ ရက် (ဆင်ဟွာ)
တရုတ်အန်နီမေးရှင်း ရုပ်ရှင်ဇာတ်ကား “နီကျား-၂” (Ne Zha 2) ကို မေ ၂ ရက်တွင် တူကီယဲနိုင်ငံ၌ စတင်ရုံတင်ပြသမည် ဖြစ်ရာ တူကီယဲနိုင်ငံတစ်ဝန်း ရုပ်ရှင်ရုံ ၈၀ ကျော်တွင် အဆိုပါရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသမည်ဟု ခန့်မှန်းရကြောင်း သိရသည်။
တူကီယဲတွင် ရုံတင်မည့် “နီကျား-၂” သည် တရုတ်စကားပြောဖြင့် ဖြစ်ပြီး တူကီယဲဘာသာစာတန်းထိုးနှင့် အင်္ဂလိပ်ဘာသာစာတန်းထိုး ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
တူကီယဲတွင် “နီကျား-၂” ဖြန့်ချိသူ CGV Mars ဖြန့်ချိရေးကုမ္ပဏီ အထွေထွေမန်နေဂျာ Onur Asa က “နီကျား-၂” တွင် အံ့ဖွယ်အမြင်အာရုံနှင့် လောကအမြင်အကြောင်းအရာများ ပါဝင်ကြောင်း၊ ယနေ့ခေတ် ရုပ်ရှင်နည်းပညာကြောင့် တူကီယဲပရိသတ်များက တရုတ်ဒဏ္ဍာရီ၏ကြွယ်ဝသည့်ကမ္ဘာကို ကြည့်ရှုခွင့်ရမည် ဖြစ်သလို အသက်အပိုင်းအခြားတိုင်းရှိ ပရိသတ်များအတွက် အလွန်ပြောင်မြောက်လှသည့် ရုပ်ရှင်ကြည့်ရှုခံစားမှုကို ဖန်တီးထားကြောင်း ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။ (Xinhua)
————————————————————————————–
(Chinese Version)
《哪吒2》将在土耳其80余家电影院上映
新华社伊斯坦布尔4月30日电(记者王腾飞)中国动画电影《哪吒之魔童闹海》(简称《哪吒2》)将于5月2日在土耳其首映,土耳其全国预计将有超过80家影院放映这部电影。
此次即将在土耳其上映的《哪吒2》为中文版,配有土耳其语字幕和英语字幕。
《哪吒2》在土耳其的发行方CGV Mars发行公司总经理奥努尔·阿萨告诉新华社记者,《哪吒2》有令人惊叹的视觉效果和普世主题,通过现代电影技术让土耳其观众有机会一窥中国神话的丰富世界,为所有年龄段的观众打造很棒的观影体验。(完)
1. Cultural creative products of Chinese animated film Ne Zha 2 are pictured in a toy store in Chengdu, southwest China’s Sichuan Province, March 4, 2025. (Xinhua/Lu Youyi)