China
ပေကျင်း-ဟောင်ကောင် မြန်နှုန်းမြင့်ရထားလမ်း၏ အန်းချင်-ကျိုကျန်း ရထားလမ်းပိုင်း ဖွင့်လှစ်ပြေးဆွဲ

ဟဲဖေ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ)
ပေကျင်း-ဟောင်ကောင် မြန်နှုန်းမြင့်ရထားလမ်း၏ အန်းချင်-ကျိုကျန်း ရထားလမ်းပိုင်းကို ဒီဇင်ဘာ ၃၀ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ရထားလမ်းပိုင်းသည် ဟဲဖေနှင့် နန်ချန်းကြား တိုက်ရိုက်ချိတ်ဆက်ပြေးဆွဲကြောင်း သိရသည်။ ၎င်းရထားလမ်းပိုင်း ဖွင့်လှစ်ခြင်းသည် တရုတ်နိုင်ငံ၏ အလျားလိုက် ရထားလမ်းကြောင်း (၈) ခုနှင့် ဒေါင်လိုက်ရထားလမ်းကြောင်း (၈) ခု ပေါင်းစပ်ရာ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက် ပေကျင်း-ဟောင်ကောင် လမ်းကြောင်းကို အပြည့်အဝ ချိတ်ဆက်နိုင်ခဲ့ကြောင်း၊ ပေကျင်း-ဟောင်ကောင် မြန်နှုန်းမြင့်ရထားလမ်း၏ အန်းချင်-ကျိုကျန်း ရထားလမ်းပိုင်းသည် ၁၇၆ ကီလိုမီတာရှည်လျားပြီးတစ်နာရီလျှင် ကီလိုမီတာ ၃၅၀ နှုန်းဖြင့် ပြေးဆွဲနိုင်ကြောင်းနှင့် ရထားလမ်းကြောင်းတစ်လျှောက်တွင် ဘူတာ ၇ ခု ရှိကြောင်း သိရသည်။

Lushan ဘူတာမှ ထွက်ခွာမည့် G4660 ကျည်ဆန်ရထားအား ဒီဇင်ဘာ ၃၀ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဟဲဖေမီးရထားပြည်သူ့လုံခြုံရေးဌာနမှရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၃၀ ရက်တွင် အန်းချင်အနောက်ပိုင်းဘူတာ၌ ကင်းလှည့်နေစဉ် (ဆင်ဟွာ)

အန်းဟွေးပြည်နယ်၊ Huaining ခရိုင်တွင် မြန်နှုန်းမြင့်ရထားတစ်စီး ပြေးဆွဲနေသည်ကို ဒီဇင်ဘာ ၃၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အန်းဟွေးပြည်နယ်၊ Huaining ခရိုင်တွင် မြန်နှုန်းမြင့်ရထားတစ်စီး ပြေးဆွဲနေသည်ကို ဒီဇင်ဘာ ၃၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

Huangmei East ဘူတာသို့ ရောက်ရှိမည့် G4659 ကျည်ဆန်ရထားအား ဒီဇင်ဘာ ၃၀ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အလျားလိုက် ရထားလမ်းကြောင်း (၈) ခုနှင့် ဒေါင်လိုက်ရထားလမ်းကြောင်း (၈) ခု ပေါင်းစပ်ရာ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအနေဖြင့် ပေကျင်း-ဟောင်ကောင် အမြန်ရထားလမ်း၏ အန်းချင်-ကျိုကျန်း ရထားလမ်းပိုင်းသည် ယန်ဇီမြစ်ကို ဖြတ်သန်းပြေးဆွဲရာ အဆိုပါ ရထားလမ်းတည်ဆောက်ပြီးစီးဖွင့်လှစ်မှုသည် လမ်းကြောင်းတလျှောက်ရှိ လူနေထူထပ်ပြီး ခရီးသွားလုပ်ငန်း အရင်းအမြစ်များ ကြွယ်ဝသော တရုတ်နိုင်ငံ၏ အလယ်ပိုင်းမြို့နယ်များအကြား ပိုမို နီးကပ်သော အဆက်အသွယ်ရှိစေပြီး လမ်းကြောင်းတစ်လျှောက်ရှိ ပြည်သူများ၏ ခရီးသွားလာမှုကို ပိုမိုအဆင်ပြေလွယ်ကူစေနိုင်ကြောင်း သိရသည်။(Xinhua)
———————————–
(Chinese Version)
(新华视界)京港高铁安九段开通运营
2021-12-30 16:36:44 分类: 交通运输邮政
新华社照片,合肥,2021年12月30日
京港高铁安九段开通运营
当日,京港高铁安庆至九江段开通运营,合肥至南昌实现高铁直通,这标志着我国“八纵八横”高铁网京港(台)通道商丘至深圳段全线贯通。京港高铁安九段自安庆西站引出,线路全长176公里,设计时速350公里,全线共设7座车站。
作为我国“八纵八横”高铁网京港(台)通道的重要组成部分,京港高铁安九段跨越长江,沿线城镇和人口密集,旅游资源丰富,建成通车后,将拉近我国中部省市间的时空距离,方便沿线人民群众出行。
图说1- 12月30日,安九铁路G4659次列车即将抵达黄梅东站(无人机照片)。新华社发(江胜 摄)
图说2-12月30日,安九高铁G4660次列车从庐山站驶出。新华社发(江胜 摄)
图说3- 12月30日,合肥铁路公安处民警在安庆西站巡逻。新华社发(江胜 摄)
图说4- 12月30日,一列高铁列车行驶在安徽怀宁县境内。新华社发(江胜 摄)
图说5- 12月30日,一列高铁列车行驶在安徽怀宁县境内(无人机照片)。新华社发(江胜 摄
图说6- 12月30日,安九铁路G4659次列车即将抵达黄梅东站。新华社发(江胜 摄)