Connect with us

Europe

တာဝေးပစ် ပဲ့ထိန်းဒုံးကျည်အသစ်တစ်မျိုးကို အီရန်နိုင်ငံက ထုတ်ဖော်ပြသ

အီရန် စစ်ဦးစီးချုပ် Mohammad Bagheri က ဆီးရီယားနိုင်ငံ မြို့တော် ဒမတ်စကတ်တွင် ဆီးရီးယား- အီရန်- အီရတ် သုံးနိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိ ဆွေးနွေးပွဲသို့ တက်ရောက်နေသည်ကို ၂၀၁၉ ခုနှစ် မတ် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ)

တာဝေးပစ် ပဲ့ထိန်းဒုံးကျည်သစ်တစ်မျိုးကို အီရန်နိုင်ငံက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ဖော်ပြသလိုက်သည်။ ဤမဟာဗျူဟာမြောက်လက်နက်ကို အီရန်နိုင်ငံက ကိုယ်တိုင်တီထွင် ထုတ်လုပ်ခြင်း ဖြစ်ပြီး ကီလိုမီတာ ၁,၄၅၀ အတွင်းရှိ ပစ်မှတ်ကို အတိအကျ ပစ်ခတ်နိုင်ကြောင်း အီရန်အစိုးရမီဒီယာများက ဖော်ပြထားသည်။အီရန်စစ်ဦးစီးချုပ် Mohammad Bagheriနှင့်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် လေတပ်တပ်မှူး Amir Ali Hajizadehတို့က ယင်းနေ့ ဒုံးကျည်အခြေစိုက်စခန်းတစ်ခုသို့ ရောက်ရှိလာပြီး ယင်း ပဲ့ထိန်းဒုံးကျည် အမျိုးစားသစ် ထုတ်ပြန်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။

ဤဒုံးကျည်သည် အစိုင်အခဲလောင်စာဆီဖြင့် တွန်းတင်ရခြင်း ဖြစ်ပြီး “မြေပြင်အကျတွင် သွက်လက်ခြင်း”၊ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဖောက်ထွင်းနိုင်ခြင်း ရှိကြောင်း အီရန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ထို့အပြင် အဆင့်မြှင့်တင် ဒီဇိုင်းရေးဆွဲထားခြင်းကြောင့် ယင်းအမျိုးအစားဒုံးကျည်၏အလေးချိန်သည် အလားတူ ဒုံးကျည်များထက် သုံးပုံတစ်ပုံ ပေါ့ပါးပြီး လွှတ်တင်သည့် ကြာချိန်က သာမာန်ဒုံးကျည်များ၏ ခြောက်ပုံတစ်ပုံသာ ရှိကြောင်း ဆိုသည်။

ဩစတြီးယားနိုင်ငံ ဗီယင်နာတွင် အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဗီယင်နာ တွေ့ဆုံဆွေးနွေးမှု ထိပ်တန်းကိုယ်စားလှယ် Ali Bagheri-Kani တို့ ဖေဖော်ဝါရီ ၈ ရက်က အစည်းအဝေးသို့ ရောက်ရှိစဉ်(ဆင်ဟွာ)

Hajizadehက အဆိုပါဒုံးကျည်အမျိုးအစားသစ်သည် အီရန်လေတပ်၏ လက်တွေ့စွမ်းရည်ကို များစွာ အားကောင်းစေကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
အီရန်လက်နက်ကိုင်တပ်ဖွဲ့များက အင်အားအဆက်မပြတ် ဖြည့်တင်းဖို့ လိုအပ်ကြောင်း၊ “ကျူးကျော်သူ၊ ဖိနှိပ်သူ”နှင့် “ဇီယွန်ဝါဒီ”များကို တန်ပြန်ရန်အတွက် အရည်အသွေးနှင့်အရေအတွက် နှစ်ခုလုံးတွင် ဒုံးကျည်စွမ်းရည်ကို ဆက်တိုက် မြှင့်နေခြင်း ဖြစ်ကြောင်း Bagheriက အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ဇီယွန်ဝါဒီ” သည် အီရန်အစိုးရက အစ္စရေးကို ခေါ်သည့် အခေါ်အဝေါ်ဖြစ်သည်။ အစ္စရေးနှင့်အီရန်အကြား ကီလိုမီတာ ၁,၀၀၀ ခန့်ကွာဝေး၏။ အစ္စရေးအစိုးရက အီရန်သည် နျူကလီးယားလက်နက်များလျှို့ဝှက်စွာ သုတေသနပြုထုတ်လုပ်နေသည်ဟု ဆိုကာ အီရန်ကို အစ္စရေး အမျိုးသားလုံခြုံရေး၏အဓိကခြိမ်းခြောက်မှု အဖြစ် ရှုမြင်ထားသည်။

အီရန် ရုပ်မြင်သံကြား သတင်း သုံးသပ်ချက်တွင် ကာလကြာရှည် အမေရိကန်၏ပိတ်ဆို့မှုကို ခံနေရသော်လည်း အီရန်က ပဲ့ထိန်းဒုံးကျည် သုတေသနပြုထုတ်လုပ်သည့်အပိုင်းတွင် ကြီးမားသော တိုးတက်မှုရှိခဲ့ကြောင်း ဆိုသည်။

အဆိုပါ ဒုံးကျည်အမျိုးအစားသစ်သည် အီရန်နှင့်အမေရိကန် အီရန်နျူကလီးယားအရေးဘက်စုံသဘောတူညီချက် သွယ်ဝိုက်ဆွေးနွေးမှုပြုနေစဉ်အတွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အီရန်နျူကလီးယား သဘောတူညီချက် သက်ဆိုင်ရာနိုင်ငံများသည် ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာတွင် ဖေဖော်ဝါရီ ၈ ရက်က ၈ ကြိမ်မြောက် တွေ့ဆုံပြီး သဘောတူညီချက်များကို အမေရိကန်နှင့်အီရန် ပြန်လည်အကောင်အထည်ဖော်ရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ သဘောတူညီချက်မှ အမေရိကန် နုတ်ထွက်ခဲ့သည့်အတွက် အီရန်က ၎င်းနှင့်တွေ့ဆုံဆွေးနွေးရန် ငြင်းဆိုနေရာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ဗီယင်နာတွင် တစ်ဆင့်ခံ အီရန်နှင့် သွယ်ဝိုက်ဆွေးနွေးခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahianသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergeĭ Viktorovich Lavrov နှင့် ဖေဖော်ဝါရီ ၈ ရက်က ဖုန်းဖြင့်ဆက်သွယ်ပြောဆိုရာတွင် အီရန်နိုင်ငံအနေဖြင့် မိမိအကျိုးစီးပွားနှင့်ကိုက်ညီသော သဘောတူညီချက်ကို အမြန်ဆုံး ရရှိလိုကြောင်း၊ သို့သော် အနောက်နိုင်ငံများက လက်တွေ့ကျသည့်နည်းလမ်းပြသမှုမရှိပါက ဆွေးနွေးမှု လျင်မြန်စွာ တိုးတက်လာမည် မဟုတ်ကြောင်း ဆိုသည်။ အီရန်အပေါ်အရေးယူပိတ်ဆို့မှုများကို အမေရိကန်က ထိထိရောက်ရောက်ပယ်ဖျက်ပေးရမည်ဟု ၎င်းက ထပ်မံအလေးထား ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အီရန်နျူကလီးယားလှုပ်ရှားမှုအပေါ် ဖေဖော်ဝါရီ ၇ ရက်တွင် ဖိအားပေးဝေဖန်ပြောဆိုခဲ့ရာ”ဘက်ပေါင်းစုံအဓိကဂရုပြုနေတာကို ဖြေရှင်းမယ့် သဘောတူညီချက်က မြင်တွေ့နေရပါပြီ၊ ဒါပေမဲ့ ဒီနေ့ကစလို့ ရက်သတ္တပတ်အနည်းငယ်မှာ သဘောတူညီချက်မရဘူးဆိုရင် အီရန်ဘက်က နျူကလီးယားအစီအစဉ်တွေကို ဆက်လက်တွန်းအားပေးနေတာဟာ ကျွန်တော်တို့ အီရန်နျူကလီးယားသဘောတူညီချက်မှာ ပြန်လည်ပါဝင်လို့မရအောင်လုပ်နေခြင်း ဖြစ်တယ် ” ပြောကြားခဲ့သည်။

အီရန်သည် ၂၀၁၅ ခုနှစ်တွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီတို့နှင့် အီရန်နျူကလီးယားသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ အီရန်သည် ၎င်း၏နျူကလီးယားလှုပ်ရှားမှုကို အကန့်အသတ်ထားရန်၊ ကုလသမဂ္ဂ၊ အမေရိကန်နှင့်ဥရောပသမဂ္ဂတို့က အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုကို ပယ်ဖျက်ရန် ဖြစ်သည်။

၂၀၁၈ ခုနှစ် မေလတွင် အမေရိကန်က အီရန်နျူကလီးယားသဘောတူညီချက်မှ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီးနောက် အီရန်အပေါ် တစ်ဖန်ပိတ်ဆို့မှုများနှင့် ပိတ်ဆို့မှုအသစ်များ ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလမှစပြီး သဘောတူညီချက်ပါအကြောင်းအရာတစ်ချို့ကို လိုက်နာဖို့ အီရန် ရပ်တန့်ခဲ့သော်လည်း ၎င်းမှာ”ပြောင်းလဲနိုင်ခြေ”ရှိကြောင်း ကတိကဝတ်ပြုခဲ့သည်။

အီရန်နျူကလီးယားသဘောတူညီချက် သက်ဆိုင်ရာ နိုင်ငံများက ပြီးခဲ့သည့်နှစ် ဧပြီလမှစ၍ ဗီယင်နာတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ၈ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်မှ စတင်ခဲ့ရာ ယခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ခေတ္တရပ်နားပြီး ဖေဖော်ဝါရီ ၈ ရက်တွင် ပြန်လည်ဆွေးနွေးခဲ့သည်။ (Xinhua)

—————————————-
(Chinese Version)

伊朗发布新型远程弹道导弹
2022-02-10 10:02:23
Image Carouse
新华社北京2月10日电 伊朗9日发布一款新型远程弹道导弹。伊朗官方媒体说,这款战略武器由伊朗自主研发,可以精确命中1450公里范围内目标。

伊朗武装部队总参谋长穆罕默德•巴盖里和伊斯兰革命卫队空天部队司令阿米尔•阿里•哈吉扎德当天来到一处导弹基地,出席这款新型导弹的发布仪式。

据伊朗媒体报道,这款导弹由固体燃料推进,“在着陆阶段高度灵活”,能够“穿透”导弹防御系统。此外,经升级设计,这款导弹重量比同类导弹轻三分之一,发射准备时间是常规导弹的六分之一。

2019年3月18日,叙利亚首都大马士革,伊朗武装部队总参谋长穆罕默德•巴盖里(左三)出席叙利亚、伊朗、伊拉克三国军方高级官员会议。(新华社发 阿马尔摄)
哈吉扎德在仪式上说,这款新型导弹极大增强了伊朗空天部队的实力。

巴盖里在仪式上说,伊朗武装部队必须不断增强威慑力,为此正持续在质量和数量两方面提升导弹能力,以对抗“侵略者、压迫者”和“犹太复国主义者”。

“犹太复国主义者”是伊朗政府对以色列的称呼。以色列与伊朗相距约1000公里。以色列政府声称伊朗秘密研制核武器,视伊朗为以色列国家安全主要威胁。

伊朗新闻电视台评述,尽管长期遭受美国制裁,伊朗在弹道导弹研发方面取得巨大进展。
这款新型导弹在伊朗与美国就伊朗核问题全面协议间接谈判之际发布。

伊核协议相关方8日在奥地利首都维也纳恢复举行第八轮会谈,继续讨论美国和伊朗恢复履行协议议题。因伊朗以美国已退出协议为由拒绝与美方面谈,美国代表团在维也纳经由传话与伊方间接谈判。

2月8日,奥地利首都维也纳,伊朗外交部副部长兼维也纳会谈首席谈判代表阿里•巴盖里抵达会场。(新华社发 乔治斯•施耐德摄)

伊朗外交部长侯赛因•阿米尔-阿卜杜拉希扬8日与俄罗斯外长谢尔盖•拉夫罗夫通电话时说,伊朗愿意尽快达成符合自身利益的协议,但如果西方国家不拿出切实措施,会谈不会迅速取得进展。他再次强调,美国必须切实解除对伊朗的制裁。

美国国务院发言人7日则抨击伊朗核活动,向伊方施压:“一项解决各方核心关切的协议已然在望,但如果今后几周没达成,那么伊朗当前核方面的持续推进将令我们无法重返伊核协议。”
伊朗2015年与美国、英国、法国、俄罗斯、中国和德国签署伊核协议。根据协议,伊朗限制其核活动,联合国、美国和欧洲联盟解除对伊朗的经济制裁。

2018年5月,美国单方面退出伊核协议,随后重启并增加对伊制裁。2019年5月起,伊朗逐步中止履行伊核协议部分条款,但承诺此类措施“可逆”。

伊核协议相关方去年4月开始在维也纳举行会谈。第八轮会谈去年12月27日开始,今年1月28日暂停,2月8日恢复。(吴宝澍)