Connect with us

Europe

အီတလီနိုင်ငံ ကမ်းလွန် လေအားလျှပ်စစ်ထုတ်လုပ်မှုတွင် တရုတ်ကုမ္ပဏီလုပ်ငန်းက တွန်းအားပြုဆောင်ရွက်ပေး

တရုတ်နိုင်ငံ ကန်းစုပြည်နယ် တိန့်ရှီးမြို့ ထုန်းဝေ့ခရိုင်တွင် လေအားလျှပ်စစ် အခြေခံအဆောက်အအုံတပ်ဆင်သည့် လုပ်ငန်းခွင် မြင်ကွင်းအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တာရန်တို၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ယခုရက်ပိုင်းများတွင် အီတလီနိုင်ငံ တောင်ပိုင်း အဓိကကျသော ပင်လယ်ဆိပ်ကမ်း ဖြစ်သည့် တာရန်တိုတွင် အထူး စည်ကားနေသည်။ ပင်လယ်ပြာပြာ မိုးသားကောင်းကင်အောက်ရှိ ပင်လယ်ရေပြင်ပေါ်တွင် MingYang Smart Energy Group Limitedက လေအားလျှပ်စစ်ထုတ်လုပ်ရေး စက်ပစ္စည်းများ တပ်ဆင်နေခြင်း ဖြစ်သည်။ ပင်မစက်၊ ဒလက်၊ တာဝါတိုင် စသည်တို့ကို စနစ်တကျ စီရီထားပြီး လုပ်ငန်းသုံး သင်္ဘောကလည်း ၂၄ နာရီ အသင့်စောင့်ဆိုင်းနေရာ ပင်လယ်ရာသီဥတုအခြေအနေ သင့်လျော်သည့်နှင့် လုပ်ငန်းများကို အလျင်မီစတင်ဆောင်ရွက်နေသည်။

တရုတ်နိုင်ငံ ကန်းစုပြည်နယ် တိန့်ရှီးမြို့ ထုန်းဝေ့ခရိုင်တွင် လေအားလျှပ်စစ် အခြေခံအဆောက်အအုံတပ်ဆင်သည့် လုပ်ငန်းခွင် မြင်ကွင်းအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

#တရုတ်ကုမ္ပဏီလုပ်ငန်းမှ #အီတလီနိုင်ငံ ကမ်းလွန် #လေအားလျှပ်စစ် ထုတ်လုပ်မှုအား တွန်းအားပြုဆောင်ရွက်ပေး #ဆင်ဟွာ

ယင်းစီမံကိန်းသည် နိုင်ငံတကာ အဆင့်မြင့်စီမံကိန်းတစ်ခုဖြစ်ပြီး လုပ်ငန်းရှင်က အီတလီကုမ္ပဏီ၊ ကရိန်းတင် သင်္ဘောက နယ်သာလန်ကုမ္ပဏီ၊ ကရိန်းတင်ညွှန်ကြားရေးမှူးက ဗြိတိန်လူမျိုး၊ ကမ်းလွန်လေအားလျှပ်စစ် monopile foundations တပ်ဆင်မှုက စပိန်ကုမ္ပဏီက ဖြစ်ပြီး စီမံကိန်းဘဏ္ဍာငွေပံ့ပိုးမှုက ပြင်သစ်ဘဏ်၊ လေအားလျှပ်စစ် စက်ပစ္စည်း ပံ့ပိုးမှုက တရုတ်နိုင်ငံ MingYang Smart Energyက အသီးသီး ဖြစ်သည်။ တရုတ်နိုင်ငံ၏နည်းပညာ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုက အီတလီနိုင်ငံ သန့်စင်စွမ်းအင် ထပ်တိုးစေရေး၊ ဥတုရာသီပြောင်းလဲမှုအား ဖြေရှင်းရေး ရည်မှန်းချက်ကို တစ်ဆင့်တိုးပို၍ နီးကပ်မှု ရှိလာစေသည်။

MingYang Smart Energy၏ ဒု-ဥက္ကဋ္ဌ ယဲ့ဖန်က ကမ်းလွန်လေအားလျှပ်စစ်သည် စွမ်းအင်သစ်ကဏ္ဍတွင် လပေါ်တက်သည့်လုပ်ငန်းစဉ်ဟု တင်စား၍ရကြောင်း ၊ တာရန်တိုဆိပ်ကမ်းစီမံကိန်းသည် MingYang Smart Energyအတွက် ပထမဆုံးအကြိမ် ဥရောပအဆင့်မြင့်ဈေးကွက်ကို ခြေလှမ်းခြင်း ဖြစ်ရာ ကုမ္ပဏီ နိုင်ငံတကာအသွင်ပြောင်းခြင်း၏ ခိုင်မာသည့် အခြေခံအုတ်မြစ်ချနိုင်ခဲ့ကြောင်း ဆိုသည်။

တာရန်တိုဆိပ်ကမ်း လေအားလျှပ်စစ်စီမံကိန်သည် ရေအနက် ၃ မီတာမှ ၁၈ မီတာထိရှိပြီး ပျမ်းမျှ လေတိုက်နှုန်း တစ်စက္ကန့်လျှင် ၅.၂ မီတာ ရှိသည်။ လေတိုက်နှုန်းနိမ့်ဖြေရှင်းသည့်နည်းလမ်း၏ သိသာထင်ရှားသည့် အားသာချက်ဖြင့် MingYang Smart Energyက အားကောင်းသည့်ပြိုင်ဘက်များစုံညီရာ ဥရောပ လေအားလျှပ်စစ် ဈေးကွက်တွင် ထိုးဖောက်နိုင်ခဲ့သည်။ MingYang Smart Energy ယင်းစီမံကိန်းကို ရလိုက်သည့် အဓိက အကြောင်းအရင်း ၃ ခု ရှိရာ ကမ္ဘာတွင် ခေတ်အမီဆုံး semi-direct-drive နည်းပညာကို အသုံးပြုခြင်း၊ စိတ်ကြိုက်ဒီဇိုင်းဆွဲထုတ်လုပ်သော လေတိုက်နှုန်းအလွန်နိမ့်မှုကို ဖြေရှင်းသည့်နည်းလမ်းက သုံးစွဲသူအတွက် ရင်းနှီးမြှုပ်နှံမှုအကျိုးပြန်ရရှိရန် မြှင့်တင်ပေးနိုင်ခြင်း၊ ကျွမ်းကျင်ပညာရှင်အဖွဲ့က ဝယ်သူသုံးစွဲသူတို့၏လိုအပ်ချက်ကို လျင်မြန်စွာ တုန်ပြန်ဖြေရှင်းပေးနိုင်ခြင်း တို့ကြောင့် ဖြစ်ကြောင်း ယဲ့ဖန်က ဆိုသည်။

Italia Vento Power Corporation၏ အထွေထွေမန်နေဂျာ Grasso’s က တာရန်တိုဆိပ်ကမ်းလေအားလျှပ်စစ်စီမံကိန်းသည် အီတလီ၏ ပထမဆုံး ကမ်းလွန်လေအားလျှပ်စစ် စီမံကိန်းဖြစ်ကြောင်း ဆင်ဟွာကို ပြောကြားခဲ့သည်။ လေအားလျှပ်စစ်ကဏ္ဍ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်က အလွန်အရေးကြီးရာ မတူညီသည့်နည်းပညာနှင့်အတွေ့အကြိုံက အကောင်းဆုံးရလဒ် ရနိုင်ကြောင်း ၎င်းဆိုသည်။

ဥရောပ၌ ကိုဗစ်ကပ်ရောဂါ လျင်မြန်စွာ ကူးစက်ပြန့်ပွားနေသည့် အခြေအနေတွင် MingYang Smart Energyက သတ်မှတ်ကာလအတွင်း စက်ပစ္စည်းများကို တာရန်တိုဆိပ်ကမ်းကို အရောက်ပို့ပေးနိုင်ခဲ့ကြောင်း သိရသည်။ စက်ပစ္စည်းပံ့ပိုးမှုများအပြင် MingYang Smart Energyသည် ဝယ်ယူသုံးစွဲသူနှင့် နှစ် ၂၀ ပြုပြင်ထိန်းသိမ်းလည်ပတ်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ကာလအလိုက် ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှု ပေးမည် ဖြစ်သည်။ MingYang ပံ့ပိုးသည် လေအားလျှပ်စစ်တာဘိုင် ၁၀ ခု၏ စုစုပေါင်းဓါတ်အားထုတ်လုပ်မှုနှုန်းသည် ၃၀ မဂ္ဂါဝပ်ရှိရာ အိမ်ခြေ ၂ သောင်းနီးပါး၏ လျှပ်စစ်အသုံးပြုမှုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ကြောင်း သိရသည်။

ဤစီမံကိန်းသည် ဝယ်ယူသုံးစွဲသူများ MingYangအပေါ် ယုံကြည်ချက် ပိုအားကောင်းစေရုံသာမက ပြည်တွင် လုပ်ငန်းတူများအတွက်လည်း နမူနာယူလေ့လာနိုင်ရာ အဆင့်မြင့်ကုန်ထုတ်လုပ်ငန်း ဥရောပသို့ လျှောက်လှမ်းခြင်း၏ စံနမူနာ ဖြစ်ကြောင်း ယဲ့ဖန်က ပြောကြားခဲ့သည်။

အီတလီနိုင်ငံ Polytechnic University of Bari စွမ်းအင်စနစ်ဆိုင်ရာ ပါမောက္ခ Amiranteက ယင်းစီမံကိန်းသည် ရှုပ်ထွေးတဲ့ မြို့ပြနှင့်စက်မှုဇုန်အတွင်းမှာရှိပြီး အလွန်ကောင်းမွန်သည့် ကမ်းလွန် လေအားလျှပ်စစ်စီမံကိန်း ဖြစ်ရာ တာရန်တို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အကျိုးဖြစ်ထွန်စေကြောင်း ဆိုသည်။

အီတလီ စွမ်းအင်ကဏ္ဍ သုတေသီ ပညာရှင် Varrialeက ယခုစီမံကိန်းသည် အီတလီလေအားလျှပ်စစ်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သမရိုးကျစွမ်းအင်အပေါ် အားထားမှုကို လျှော့ချရာတွင် အထောက်အကူ ပြုစေမည်ဖြစ်သလို လူထု၏လေစွမ်းအင်အပေါ် သိရှိမှု ပိုပြီး တိုးလာစေမည်ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

……………………………
(Chinese Version)
(经济)通讯:中企助推意大利海上风电
2022-02-11 09:16:06
新华社意大利塔兰托2月11日电通讯:中企助推意大利海上风电
新华社记者陈占杰 刘咏秋
这些日子,意大利南部重要海港塔兰托分外热闹。碧海蓝天间,中国明阳智慧能源集团股份公司(明阳智能)的海上风电设备正在安装。主机、叶片、塔筒等整齐摆放着,作业船24小时待命,一旦海上天气条件合适,就开始作业。
这是一个高度国际化的项目:业主是意大利公司,吊装船属于荷兰公司,吊装总指挥是英国人,海上风机的单桩基础由西班牙公司安装,为项目提供融资的是法国银行,而明阳智能提供风电设备。中国技术、国际合作让意大利向着增加清洁能源、应对气候变化的目标又迈进了一步。
明阳智能副总裁叶凡告诉新华社记者,海上风电号称新能源行业的登月工程,塔兰托港项目是明阳智能首次登陆欧洲高端市场,为公司国际化奠定坚实基础。
塔兰托港风电项目水深3米至18米,年平均风速每秒5.2米。凭借超低风速解决方案的明显优势,明阳智能在强手林立的欧洲风电市场脱颖而出。叶凡说,明阳智能拿下该项目主要有三方面原因:一是采取目前世界上最先进的半直驱技术,二是定制化设计的超低风速解决方案为客户大幅提升投资回报率,三是专业团队能快速反应客户需求。
负责项目施工的意大利文托电力服务公司总经理格拉索告诉新华社记者,塔兰托港风电项目是意大利首个离岸风电项目。风电领域国际合作非常重要,不同的技术和经验可以结合起来达到最好的效果。
在欧洲新冠疫情快速蔓延的背景下,明阳智能仍把全部设备按期运抵塔兰托港。除提供设备外,明阳智能还与客户签署了为期20年的运维合同,提供全周期运维服务。明阳提供的10台风机总功率为30兆瓦,可以满足近两万个家庭的用电需求。
叶凡说,该项目不但有助于增强客户对明阳的信心,对国内同行也有很好的借鉴作用,为高端制造业走向欧洲树立典范。
意大利巴里理工大学能源系统教授阿米兰特向新华社记者表示,该项目位于复杂的城市和工业区之内,是一个极好的离岸风电项目,对塔兰托的发展非常有利。
意大利能源分析专家瓦里亚莱说,该项目是意大利风电计划的一部分,有助于减轻意大利对传统能源的依赖,增强公众对风能的认识。(完)

图说1:2021年12月24日在甘肃省定西市通渭县境内拍摄的风电基地建设现场(无人机照片)。新华社发(王克贤 摄)新华社发(王克贤 摄)