Connect with us

Africa & Middle East

ပိတ်ဆို့ထားသည့် အာဖဂန်၏ပိုင်ဆိုင်မှုများ အမေရိကန် ခိုးယူသုံးစွဲခြင်းအပေါ် အာဖဂန်အသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချ

အာဖဂန်ပြည်သူများ ကဘူးလ်မြို့ လမ်းမတွင် အမေရိကန်ရှိ အာဖဂန်ပြည်ပပိုင်ဆိုင်မှုများကို ပိတ်ဆို့ခြင်းအပေါ် ဆန့်ကျင်ဆန္ဒပြနေသူများအား ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်တွင် ပိတ်ဆို့ထားသည့် အာဖဂန်ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုထက်ဝက်ကို “9/11” အကြမ်းဖက်တိုက်ခိုက်မှု၌ နစ်နာသူများအား လျော်ကြေးပေးရာတွင် အသုံးပြုသွားရန် စီစဉ်ထားကြောင်း သမ္မတ ဘိုင်ဒန်က ဖေဖော်ဝါရီ ၁၁ ရက်တွင် သမ္မတအမိန့် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။ယင်းအပေါ် အာဖဂန် တာလီဘန်နှင့် အသိုင်းအဝိုင်းအသီးသီး လူပုဂ္ဂိုလ်များက ယင်းပိုင်ဆိုင်မှုများအပေါ် အမေရိကန်အစိုးရ၌ စီမံပိုင်ခွင့်မရှိကြောင်းနှင့် ဤလုပ်ရပ်သည်အလွန်တရာ အကျင့်သိက္ခာမဲ့ပြီး ငွေညှစ်၊ လုယူသည့် လုပ်ရပ်တစ်မျိုး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုလုပ်ဆောင်မှုသည် အာဖဂန်စီးပွားရေးအတွက် ပြန်လည်အဖတ်ဆယ်၍မရသည့် ထိုးနှက်ချက်ဖြစ်လာလိမ့်မည်ဖြစ်သည်ဟု ယူဆကြသည်။

အမေရိကန် ဗဟိုဌာနချုပ် တပ်မှူး Kenneth F. McKenzie က ၂၀၂၁ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် အာဖဂန်မှ အမေရိကန်တပ်ရုပ်သိမ်းကြောင်း ကြေညာခဲ့ပြီးနောက် ကဘူးလ်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် CH-47 ရဟတ်ယာဉ်အား C-17 ပို့ဆောင်ရေးလေယာဉ်ပေါ်သို့ တင်ဆောင်နေသည်ကို ဩဂုတ် ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်ရှိ အာဖဂန်ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကို ခွဲဝေပြီး ၎င်းတို့အနက် တစ်ဝက်ကို “9/11” တိုက်ခိုက်မှုအတွင်း ထိခိုက်နစ်နာသူများအတွက် လျော်ကြေးရန်ပုံငွေအရင်းအမြစ်အဖြစ် ထားရှိသွားမည်ဖြစ်ပြီး ကျန်တစ်ဝက်ကိုမူ နယူးယောက်ဖက်ဒရယ်ငွေစုဘဏ် (FRBNY) အကောင့် တစ်ခုသို့ ပြောင်းရွှေ့ပြီး “အာဖဂန်ပြည်သူများ” ကို ကူညီရာတွင် အသုံးပြုသွားမည်ဖြစ်ရာ ယင်းပိုင်ဆိုင်မှုများကို တာလီဘန်သို့ လွှဲပြောင်းပေးမည် မဟုတ်ကြောင်း ယင်းအမိန့်ကြေညာချက်နှင့် ပတ်သက်၍ အိမ်ဖြူတော်၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဘိုင်ဒန်လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ပြီးနောက် ဒိုဟာမြို့ရှိ အာဖဂန် တာလီဘန် နိုင်ငံရေးရုံး ပြောရေးဆိုခွင့်ရှိသူ Mohammad Naim က ချက်ချင်းကြေညာချက်ထုတ်ပြန်ကာ အာဖဂန်ပြည်သူများ၏ပိုင်ဆိုင်မှုကို အမေရိကန်၏က ခိုးယူကြောင်း ပြစ်တင် ပြောကြားခဲ့သည်။ ပိတ်ဆို့ခံထားရသော အာဖဂန်ပြည်သူများ၏ ပိုင်ဆိုင်မှုကို ခိုးယူခြင်းသည် အမေရိကန်၏ “လူ့သဘောတရားနှင့်အကျင့်စာရိတ္တ အနိမ့်ဆုံးသို့ ကျဆင်းသွားခြင်း” ကို ဖော်ပြကြောင်း Mohammad Naim၏ လူမှုကွန်ရက် မီဒီယာတွင် ဖော်ပြထားသည်။

အာဖဂန်နိုင်ငံ နာမည်ကျော် စီးပွားရေးလေ့လာသုံးသပ်သူ၊ အာဖဂန် သံ၊သံမဏိစက်မှုလုပ်ငန်းအသင်း၏ CEO Abdul Nasir Rishtia က “ဒါ အာဖဂန်ရဲ့ ပိုင်ဆိုင်မှုတွေပါ၊ အမေရိကန် အစိုးရမှာ စီမံပိုင်ခွင့်မရှိဘူး၊ အမေရိကန်ရဲ့ လုပ်ရပ်က အာဖဂန် စီးပွားရေးကို ပြန်အဖတ်ဆယ်လို့မရတဲ့ ထိုးနှက်ချက်ဖြစ်ပါလိမ့်မယ်၊ အာဖဂန် စီးပွားရေးသမားတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကိုလည်း အလားတူ ရိုက်ခတ်မှု ဖြစ်စေတယ်” ဟု ဖေဖော်ဝါရီ ၁၂ ရက်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အာဖဂန်နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်နာဂျီရာဘီကလည်း အမေရိကန်အစိုးရ၏ အထက်ပါလုပ်ရပ်သည် အာဖဂန်နှင့်ဒေသခံလူထုကို ကပ်ဘေးဒုက္ခဆင်းရဲတွင်းထဲ ဆွဲသွင်းလိုက်ခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင်ပြောကြားခဲ့သည်။

“အာဖဂန် လက်ရှိအခြေအနေက မတရား ခက်ခဲနေတယ်၊ အမေရိကန် ဒီလို ဆုံးဖြတ်လိုက်တာက မှားယွင်းတဲ့ လုပ်ရပ်ပါ၊ အာဖဂန်ပြည်သူလူထုနဲ့ ‘9/11’ကိစ္စ ထိခိုက်နစ်နာသူတွေက နည်းနည်းမှ သက်ဆိုင်မှုမရှိပါဘူး၊ အာဖဂန်လူထုရဲ့ ပိုက်ဆံနဲ့ ‘9/11’ကိစ္စ ထိခိုက်နစ်နာသူတွေကို လျော်ကြေးမယ်ဆိုပြီး အကြောင်းပြလို့ မရဘူး၊ အမေရိကန်ရဲ့လုပ်ရပ်က နိုင်ငံတကာစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တာပဲ”ဟု ၎င်းက ဆိုသည်။

အာဖဂန်ပြည်သူတွေ ဒုက္ခရောက်နေပြီး ဆင်းရဲနွမ်းပါးမှု၏ နှိပ်စက်သည့်ဒဏ်ကို အလူးအလဲ ခံနေရကြောင်း ကဘူးလ်မြို့နေပြည်သူတစ်ဦးဖြစ်သည့် မဟီရာက ဆိုသည်။
“အမေရိကန်ရဲ့ လုပ်ရပ်က အလွန်အကျင့်သိက္ခာမဲ့တာပါပဲ။ ဒါက ငွေညှစ်တာ၊ ဆင်းရဲသားတွေရဲ့ ပိုင်ဆိုင်မှုကို လုယူတာ ဖြစ်တယ်၊ ကျွန်တော်တို့မှာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ကြုံတွေ့နေရတာ၊ ဒီလို အကျပ်အတည်းကာလမှာ အမေရိကန်က ကျွန်တော်တို့ ပိုင်ဆိုင်မှုတွေကို ယူပြီး ‘9/11’ကိစ္စ ထိခိုက်နစ်နာသူတွေကို လျော်ကြေးပေးမယ်ဆိုတော့ ကျွန်တော်တို့က ‘9/11’တိုက်ခိုက်မှုလုပ်တဲ့သူတွေမှ မဟုတ်ဘဲ”ဟု ဒေါသတကြီး ဆိုသည်။

“9/11” ကိစ္စ ထိခိုက်နစ်နာသူတွေကို ဘာဖြစ်လို့ ကျွန်တော်တို့က လျော်ကြေးပေးရတာလဲ။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ကျွန်တော်တို့နိုင်ငံကို ကျူးကျော်တယ်၊ဖျက်ဆီးပစ်တယ်။ ကျွန်တော်တို့ကသာ တကယ် ထိခိုက်နစ်နာသူတွေပါ”ဟု အမေရိကန်အစိုးရကို ၎င်းက မေးခွန်းထုတ်ခဲ့သည်။
အမေရိကန် အစိုးရတွင် အာဖဂန်လူမှုဘဝကို ဆုံးဖြတ်ပိုင်ခွင့်မရှိသလို ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်စေကြောင်း မဟီရာ ဆိုသည်။

ကဘူးလ်မြို့နေ ပြည်သူတစ်ဦးဖြစ်သည့် အဒူး.ဆန်မီကလည်း “အမေရိကန်ရဲ့ ဒီလုပ်ရပ်က အာဖဂန်ပြည်သူတွေအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်ပါ၊ အာဖဂန်ပြည်သူတိုင်းရဲ့ ဘဝကို ရိုက်ခတ်စေတယ်။ ဒီဆုံးဖြတ်ချက်က အဓိပ္ပါယ်မဲ့တယ်၊ အပြစ်မဲ့ အာဖဂန်ပြည်သူတွေကို အပြစ်ဒဏ်ပေးတာ ဖြစ်တယ်”ဟု ဆိုသည်။

အာဖဂန်လူထုက ‘9/11’တိုက်ခိုက်မှုကို ဖန်တီးခြင်း မဟုတ်ဘဲ ၎င်းတို့ကသာ အမေရိကန် ဆင်နွှဲသည့် တိုက်ပွဲ၏ သားကောင်ဖြစ်ခဲ့ကြောင်း ၊ “အမေရိကန်က အာဖဂန်ကို ကျူးကျော်တဲ့ကာလမှာ ထောင်သောင်းနဲ့ချီတဲ့ အာဖဂန်လူမျိုးတွေ သေဆုံးဒဏ်ရာရခဲ့ကြတယ်၊ ဘယ်သူက ဒီလို ထိခိုက်နစ်နာသွားသူတွေကို လာပြီး လျော်ကြေး ပေးမလဲ”ဟု ၎င်းက ဆိုသည်။

‘9/11’ကိစ္စကြောင့် လူပေါင်း ၃,၀၀၀ ခန့် သေဆုံးခဲ့ရာ ထိုစဉ်က အာဖဂန်နိုင်ငံတွင် ပုန်းခိုနေသည့် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဘင်လာဒင်ကို နောက်ကွယ်မှလက်သည်အဖြစ် သတ်မှတ်ပြီး အချင်းဖြစ်ပွားသည့်နှစ်တွင် အာဖဂန်နစ္စတန်အား အမေရိကန်က ထိုးစစ်ဆင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် တာလီဘန် လက်နက်ကိုင်များ အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်သို့ ပြန်လည်ဝင်ရောက် ထိန်းချုပ်ခဲ့သည်။ ထို့နောက် ဘိုင်ဒန်အစိုးရက အာဖဂန်ဗဟိုဘဏ်၏နိုင်ငံခြားအရန်ငွေကို ပိတ်ဆို့အရေးယူခဲ့ခြင်း ဖြစ်သည်။ ယင်းနှစ် ဩဂုတ် ၃၀ ရက်တွင် အမေရိကန်တပ်အားလုံးကို အာဖဂန်နစ္စတန်မှ ရုပ်သိမ်းခဲ့သည်။ အဆိုပါစစ်ပွဲကြောင့် အာဖဂန်နစ္စတန်သည် အလုံးစုံဆုတ်ယုတ်ပျက်သုဉ်းခဲ့ရပြီး စုစုပေါင်း အာဖဂန် အရပ်သား ၃၀,၀၀၀ ကျော် အမေရိကန်စစ်တပ်၏သတ်ဖြတ်မှု သို့မဟုတ် စစ်မက်အတွင်း သေဆုံးခဲ့ရသလို လူပေါင်း ၁၁ သန်းလည်း ဒုက္ခသည်ဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————
(Chinese Versin)

(国际)综述:阿富汗各界谴责美国窃取被冻结阿富汗资产

2022-02-13 12:15:50 分类: 政治法律
新华社喀布尔2月12日电综述:阿富汗各界谴责美国窃取被冻结阿富汗资产
新华社记者史先涛
美国总统拜登11日签署行政令,计划将所冻结的阿富汗中央银行在美国资产的一半用于赔偿“9•11”恐怖袭击事件受害者。阿富汗塔利班及各界人士认为,美国政府无权处置这些资产,美国的做法极其不道德,这是一种敲诈和掠夺行为,美国此举将给阿富汗经济带来致命和无可挽回的打击。

根据美国白宫针对这项行政令发布的说明,拜登要求将阿富汗央行约70亿美元的在美国资产均分,其中一半将作为赔偿“9•11”事件受害者的资金来源,另一半转移至纽约联邦储备银行的一个账户,用于帮助“阿富汗人民”,这些资产不会交还塔利班。

拜登签署上述行政令后,阿富汗塔利班驻多哈政治办事处发言人穆罕默德•纳伊姆随即发表声明,谴责美国“窃取”阿富汗人民财产的行为。纳伊姆在社交媒体上发文表示,窃取阿富汗人民被冻结的资产表明美国“在人性和道德上已堕落到最低程度”。

阿富汗知名经济分析人士、阿富汗钢铁工业协会首席执行官阿卜杜勒•纳西尔•里什蒂亚12日对新华社记者表示:“这些资产属于阿富汗,美国政府无权处置。美国的做法将给阿富汗经济带来致命和无可挽回的打击,对阿富汗商家和私人企业也会造成同样影响。”

阿富汗政治分析人士达乌德•纳吉拉比12日对新华社记者表示,美国政府的上述行径将把阿富汗及当地民众拖入灾难深渊。他说:“阿富汗目前处于异常艰难的时刻,美国做出这一决定是错误的。阿富汗民众和‘9•11’事件及其受害者毫不相干,美国没有理由拿阿富汗民众的钱去赔偿‘9•11’事件受害者,美国的做法违反了国际规则。”

喀布尔市居民马希乌拉对新华社记者说,阿富汗人民正处于困境中,深受贫穷折磨。他愤慨地说:“美国的做法是极其不道德的,是一种敲诈行为,是在掠夺穷人资产。我们正在经历人道主义危机,在这个艰难时刻,美国竟然拿我们的资产去赔偿‘9•11’事件受害者,而我们并非‘9.11’事件的实施者。”他质问美国政府:“为什么要我们出钱赔偿‘9•11’事件受害者?美国和西方国家侵略并毁灭我们国家,我们才是真正的受害者。”马希乌拉认为,美国政府毫无道理的决定将影响阿富汗民生,也将对该国教育、卫生等很多领域带来伤害。

喀布尔市民阿卜杜勒•萨米对新华社记者表示:“美国此举对阿富汗人民来说是严重打击,会对每个阿富汗人的生活造成负面影响,这个决定毫无道理,是在惩罚阿富汗无辜民众。”他说,阿富汗人民并没有制造“9•11”事件,他们反而是美国所发动战争的受害者。“美国入侵阿富汗期间,成千上万阿富汗人死伤,谁来赔偿这些受害者?”

“9•11”事件造成约3000人死亡,美国认定当时藏匿在阿富汗境内的“基地”组织头目本•拉丹为幕后元凶,同年对阿富汗发动战争。2021年8月15日,塔利班武装进入并控制阿富汗首都喀布尔。拜登政府随即冻结了阿富汗央行的外汇储备。同年8月30日,美军全部撤离阿富汗。这场战争导致阿富汗生灵涂炭,累计有3万多名阿平民被美军杀死或因战乱丧生,约1100万人沦为难民。(完)
图说1:1月2日,阿富汗人在喀布尔街头参加抗议活动,反对美国冻结阿富汗海外资产。(新华社发)

图说2:  美国中央司令部司令肯尼思•麦肯齐2021年8月30日宣布,美军已完成从阿富汗撤出的任务。这是当年8月28日一架CH-47运输直升机在阿富汗喀布尔国际机场被装载到C-17运输机上。(新华社发)