Connect with us

Europe

သံတမန်စစ်ခင်းခြင်းနှင့်အတူ ပိတ်ဆို့မှုအသစ်များ ထပ်တိုး၊ “ဘူချာ ဖြစ်ရပ်”ကြောင့် ရုရှားနှင့်အနောက်နိုင်ငံများ အားပြိုင်မှု အရှိန် မြင့်တက်လာ

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနအဆောက်အဦအား ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

ပြီးခဲ့သည့်ရက်ပိုင်းတွင် ယူကရိန်း၌ ရုရှားစစ်တပ်က အရပ်သားများအား သတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ဖြစ်သည့် ”ဘူချာ ဖြစ်ရပ်”ကြောင့် ဥရောပတိုက်တွင် ပြင်းထန်သည့် သံတမန်တိုက်ပွဲ ဖြစ်ပွားလာသည်။ ဥရောပတိုက်နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်က ရုရှားသံတမန် အယောက် ၁၀၀ ကျော်ကို နှင်ထုတ်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပေါ်ရုရှားဘက်က ဥရောပ၏ ချစ်ကြည်ရင်းနှီးမှုမရှိသော လုပ်ဆောင်ချက်များက အခြေအနေကို ပို၍ ရှုပ်ထွေးစေမည်ဖြစ်ပြီး မကြာမီ လက်တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေး မူဝါဒဆိုင်ရာအဆင့်မြင်ကိုယ်စားလှယ်Josep Borrell က ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲမြို့ရှိ ဥရောပသမဂ္ဂရုံးချုပ်၌ ပြုလုပ်သည့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည်ကို ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်အား ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သုံးသပ်လေ့လာသူအများစုက “ဘူချာ ဖြစ်ရပ်”၏ အခြေအနေမှန်ကို ရှင်းလင်းစွာ မစစ်ဆေးရသေးဘဲ အမေရိကန်နှင့်အနောက်နိုင်ငံမဟာမိတ်များက ရုရှားအပေါ် သံတမန်စစ်ပွဲခင်းပြီး ဘဏ္ဍာရေး၊ စွမ်းအင်ကဏ္ဍများတွင် ပိုမိုများပြားသည့် ပိတ်ဆို့မှုများ ဆောင်ရွက်သွားမည်ဟု ခြိမ်းခြောက်ခြင်းက ရုရှားနှင့်အနောက်နိုင်ငံများ၏ အားပြိုင်မှု တစ်ဆင့်တိုးမြင့်လာမည်ဖြစ်သလို ရုရှား-ယူကရေး စေ့စပ်ဆွေးနွေးနေသည့် မရေရာမှုများ ထပ်တိုးစေကြောင်း ယူဆကြသည်။

ဘူချာ ဖြစ်ရပ်၏ သံသယများ

ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံ မြို့တော် ကိဗ် အနောက်မြောက်ဘက်ရှိ ဘူချာမြို့တွင် အရပ်သား ရာနှင့်ချီ သတ်ဖြတ်ခဲ့ကြောင်း ယူကရိန်းဘက်က ဧပြီ ၃ ရက်တွင် စွပ်စွဲပြောကြားပြီး ရုရှားစစ်တပ် ဆုတ်ခွာပြီးနောက် ရိုက်ကူးသည့် ဓါတ်ပုံနှင့်ဗွီဒီယိုများကို သက်သေအဖြစ် ထုတ်ဖော်ပြသခဲ့သည်။ ထုတ်ဖော်ပြသသည့် ဓါတ်ပုံ၊ရုပ်သံဗွီဒီယိုများတွင် လမ်းများ၌ သေဆုံးသူရုပ်လောင်းအချို့ ကို တွေ့မြင်ရသည်။

ယူကရိန်း၏စွပ်စွဲချက်ကို ရုရှားက အတိအလင်း ငြင်းပယ်ခဲ့သည်။ ရုရှားစစ်တပ်သည် မတ် ၃၀ ရက်တွင် ဘူချာမှ အပြည့်အဝ ထွက်ခွာသွားခြင်းဖြစ်ပြီး “ပြစ်မှုကျူးလွန်သည့် သက်သေ”ဟု အဆိုပြုသည်များက ရုရှားစစ်တပ် ထွက်ခွာပြီး စတုတ္ထမြောက်နေ့မှ ဖြစ်ပေါ်လာခြင်း ဖြစ်ရာ ထိုစဉ်အချိန်က ယူကရိန်းလုံခြုံရေးဌာန သက်ဆိုင်ရာလူပုဂ္ဂိုလ်များ ယင်းနေရာသို့ ရောက်ရှိပြီးဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။

ရုရှား သမ္မတ ပြန်ကြားရေးအတွင်းဝန် Dmitry Peskovက ၎င်းမှာ ရုရှားကို အသရေဖျက်ရန် “စနစ်တကျ စီစဉ်ပြသသည့် ကြေကွဲဖွယ်ရာသရုပ်ပြမှု”သာ ဖြစ်ပြီး ရုရှားစစ်တပ်အပေါ် ပြစ်တင်ရှုတ်ချသည့် မည်သည့်အရာမဆို လက်ခံမည်မဟုတ်ကြောင်းနှင့် ယင်းဖြစ်ရပ်အား မျှတစွာ စုံစမ်းစစ်ဆေးရေးကို ထောက်ခံကြောင်း ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် Vasily Nebenzyaက နယူးယောက် ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ ဘူချာမြို့တော်ဝန် Anatoly Fedorukမတ် ၃၁ ရက်က ထုတ်ပြန်သည့် ဗွီဒီယိုအပါအဝင် သက်သေအချို့ကို ပြသခဲ့ရာ ထိုစဉ်က ဗွီဒီယိုတွင် “ရုရှားစစ်တပ် အရပ်သားများအား သတ်ဖြတ်ခြင်း”ဟူသော စကားတစ်လုံးမှ မပြောခဲ့ကြောင်း ဆိုသည်။

“ဘူချာ ဖြစ်ရပ်”ကို လက်တွေ့မဆန်စွာပုံကြီးချဲ့နေခြင်းသည် ရုရှား-ယူကရိန်း စေ့စပ်ဆွေးနွေးမှုဖြစ်စဉ်ကို အာရုံလွှဲရန်အတွက် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က မတ် ၅ ရက်တွင် ပြောကြားခဲ့သည်။ တူရကီနိုင်ငံ အစ္စတန်ဘူလ်တွင် ပြုလုပ်ခဲ့သည့် ရုရှား-ယူကရိန်း နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုက အပြုသဘောတိုးတက်မှုများရရှိခဲ့ကြောင်း၊ “ဘူချာ ဖြစ်ရပ်”နှင့်စပ်လျဉ်းသည့် ရန်စမှုက စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်တွင် အာရုံစိုက်နေခြင်းကို အာရုံလွှဲပြီး တောင်းဆိုချက်အသစ်များ အဆိုပြုရန်ဖြစ်သည်ဟု ယူဆနိုင်ကြောင်း ဆိုသည်။

သံတမန်ရေး ဝိုင်းဝန်းပိတ်ဆို့ခြင်း

“ဘူချာ ဖြစ်ရပ်” သရုပ်မှန်ကို ရှင်းလင်းစွာ စုံစမ်းစစ်ဆေးခြင်း မရှိသေးသော်လည်း အနောက်နိုင်ငံများက ပြင်းထန်သည့် တုန့်ပြန်မှုများ အသီးသီး ပြုလုပ်ကြပြီးဖြစ်သည်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေး မူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်Josep Borrellက ဥရောပသမဂ္ဂဆိုင်ရာ ရုရှားသံတမန်အဖွဲ့ဝင် အများအပြားကို “မကြိုဆိုထိုက်သူများ ”အမည်စာရင်းတွင် ထည့်သွင်းကြောင်း ကြေညာခဲ့သည်။ ဂျာမနီ၊ ပြင်သစ်၊ အီတလီ စသည့် ဥရောပတိုက် ၁၀ နိုင်ငံကျော်ကလည်း ရုရှားသံတမန်အချို့ကို နှင်ထုတ်ခဲ့သလို လစ်သူယေးနီးယားနှင့်လတ်ဗီယားနိုင်ငံများက ရုရှားနှင့်သံတမန်ဆက်ဆံရေးအဆင့် နှိမ့်ချလိုက်လိုက်ကြောင်း ကြေညာခဲ့သည်။

ယူကရိန်းတွင် ရုရှားအထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း နှင်ထုတ်ခံရပြီးသည့် ရုရှားသံတမန် ၃၀၀ ကျော်ရှိကြောင်း ရုရှားသတင်းမီဒီယာများ၏စာရင်းများအရ သိရသည်။

နိုင်ငံအများအပြားက ရုရှားသံတမန်များကို နှင်ထုတ်သည့် ဆုံးဖြတ်ချက်နှင့်လုပ်ဆောင်ချက်အပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharovaက ရုရှားဘက်က တုန့်ပြန်သွားမည်ဖြစ်ပြီး ဤတုန့်ပြန်မှုအတွက် အချိန်စောင့်ဆိုင်းစရာလိုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် ရုရှားသံတမန်အများပြား နှင်ထုတ်ခံရခြင်းသည် အနောက်အုပ်စုက ရုရှားနှင့်ထိပ်တိုက်ရင်ဆိုင်သည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း ရုရှား နိုင်ငံရေးနှင့်လူမှုရေးသုတေသနစင်တာ အကြီးအကဲ Pavel Danilinက ယူဆသည်။ အနောက်နိုင်ငံများက အလွှာစုံတွင် ရုရှားနှင့်စစ်ခင်းနေခြင်းဖြစ်ရာ သတင်းအချက်အလက်တိုက်ပွဲ၊ စီးပွားရေးတိုက်ပွဲစသည်ဖြင့် ပါဝင်ရာ ယခုအခါ သံတမန်ရေးစစ်ခင်းလိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

ရုရှား သိပ္ပံအကယ်ဒမီ ကမ္ဘာ့စီးပွားရေးနှင့်နိုင်ငံတကာဆက်ဆံရေး သုတေသနဌာန ဥရောပရေးရာ သုတေသနစင်တာ အဆင့်မြင့် သုတေသီ Vladimir Olenchenkoက သံတမန် အရေအတွက် လျော့နည်းသွားခြင်းက ရုရှားနှင့်အနောက်နိုင်ငံအသီးသီး အပြန်အလှန် ထိတွေ့မှု၊ သရုပ်မှန်အချက်အလက်ရရှိမှု၊ နှစ်ဖက်ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်မှု၏ ဖြစ်နိုင်ချေကို တစ်ဆင့်လျော့ကျစေကြောင်း ယူဆသည်။

ထပ်တိုး ပိတ်ဆို့မှုများ

အနောက်နိုင်ငံများက ရုရှားသံတမန်များကို အကြီးအကျယ်နှင်ထုတ်မှုများပြုလုပ်နေသည့်အပြင် ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များ ဆောင်ရွက်ရန် အရှိန်ယူပြင်ဆင်နေသည်။
ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenက ရုရှားမှ ကျောက်မီးသွေးတင်သွင်းမှုအား ပိတ်ပင်ခြင်း၊ ရုရှားရေယာဉ် ဥရောပသမဂ္ဂနိုင်ငံများ ဆိပ်ကမ်းသို့ ဆိုက်ရောက်မှုအား တားမြစ်ခြင်းများ အပါအဝင် ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဧပြီ ၅ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

ရုရှားတွင် ပြုလုပ်မည့် “ရင်းနှီးမြုပ်နှံမှုအသစ် အားလုံး”ကို တားမြစ်ရန်နှင့် ရုရှားဘဏ်၊နိုင်ငံပိုင်လုပ်ငန်းများ၏ ပိတ်ဆို့မှုကို အားဖြည့်ရန် အမေရိကန်အစိုးရက ပြင်ဆင်နေကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Jen Psakiက ဆိုသည်။

ဂျာမနီ၊ ပြင်သစ်၊ အီတလီစသည့် ဥရောပနိုင်ငံများက ယခုရက်ပိုင်းများတွင် “ဘူချာ ဖြစ်ရပ်”အား အံဩထိတ်လန့်မိကြောင်း ပြောကြားခဲ့သလို ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များကို လေ့လာသွားမည်ဖြစ်ကြောင်း ဆိုသည်။

အနောက်နိုင်ငံများ၏ အထက်ပါ လုပ်ဆောင်မှုအပေါ် ရုရှား နိုင်ငံတကာရေးရာကောင်စီ စီမံကိန်းဒါရိုက်တာ Ivan Timofeevက “ဘူချာဖြစ်ရပ်”သည် ရုရှားဆန့်ကျင်ရေး လှုပ်ရှားမှု၏ တွန်းအားသစ်ဖြစ်ကြောင်း၊ ၎င်းသည် လက်တွေ့တွင် အနာဂတ် လုံခြုံရေးဆွေးနွေးမှုတွင် ရရှိနိုင်သည့် ဖြစ်နိုင်ချေကို လျော့နည်းစေကြောင်း ယူဆသည်။ သံတမန်ဆက်ဆံရေးအဆင့်နှိမ့်ချလိုက်သည့် လုပ်ငန်းစဉ်များ စတင်လိုက်ပြီဖြစ်ရာ အနာဂတ်တွင် ရုရှားကို ဦးတည်သည့် ဘဏ္ဍာရေးနှင့်လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိတ်ဆို့မှုများ ပို၍ ကျယ်ပြန့်လာနိုင်ပြီး ရုရှားနှင့်နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ဆက်ဆံရေးကို တစ်ဆင့်တိုး ဆိုးဝါးစေနိုင်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် ဘက်ပေါင်းစုံက အပြန်အလှန်အဆုံးထိဖိအားပေးရန် ပြင်ဆင်နေပြီးဖြစ်ရာ လိုက်လျောနိုင်ချေအားလုံးက အလွန်တရာခဲယဉ်းသည့် အနေအထားဖြစ်နေပြီး ၎င်းမှာ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်ကို တစ်ဆင့်တိုး သက်ရောက်မှု ရှိစေနိုင်ကြောင်း ဆိုသည်။ (Xinhua)

……………………………
(Chinese Version)
外交战加新制裁 “布恰事件”令俄西博弈再升级
2022-04-06 18:17:27 分类: 政治法律
新华社莫斯科4月6日电(国际观察)外交战加新制裁 “布恰事件”令俄西博弈再升级
新华社记者耿鹏宇
乌克兰日前指控俄罗斯军队杀害平民制造所谓“布恰事件”,这在欧洲引发一场激烈的外交战。欧洲十余国先后驱逐逾百名俄外交人员;俄方称欧洲的不友好举动令局势更加复杂,不久将做出回应。
不少分析人士认为,“布恰事件”的事实尚未查清,美国与西方盟友就对俄发动外交战并威胁在金融、能源领域施加更多制裁,这将导致俄与西方博弈进一步升级,并给正在进行的俄乌谈判增添不确定性。
(小标题)布恰疑云
乌克兰方面4月3日指责俄军在乌首都基辅西北部布恰市杀害了数百名平民,并发布了一系列据称是在俄军撤离后拍摄的照片和视频作为证据。照片和视频显示,路上有一些尸体。
对于乌方指控,俄方明确否认。俄国防部4月3日说,俄军于3月30日完全撤离布恰,而所谓的“犯罪证据”在俄军撤离后第四天才出现,当时乌安全局相关人员已抵达该地。
俄总统新闻秘书佩斯科夫5日说,这是一场“精心策划的悲剧表演”,旨在诽谤俄罗斯。俄方不接受对俄军人的任何指责,支持对该事件进行公正调查。
俄常驻联合国代表涅边贾在纽约联合国总部举行的记者会上展示了一些证据,包括布恰市长阿纳托利•费多鲁克3月31日发布的视频,费多鲁克当时在视频中只字未提“俄军杀害平民”。涅边贾还展示了乌克兰国民警卫队4月2日在布恰拍摄的视频,画面中的街头未见死者。
俄罗斯外长拉夫罗夫5日说,对“布恰事件”的炒作是为了转移人们对俄乌谈判进程的注意力。俄乌双方在土耳其伊斯坦布尔的谈判此前取得积极进展。可以认为,乌方有关“布恰事件”的挑衅行为是试图转移对谈判进程的注意力并提出新的条件。
(小标题)外交围堵
虽然“布恰事件”的真相尚未查清,但西方国家已纷纷做出强烈反应。欧盟外交与安全政策高级代表博雷利宣布将多名俄驻欧盟使团工作人员列为“不受欢迎的人”,德国、法国、意大利、西班牙等欧洲十余国驱逐部分俄外交人员,立陶宛和拉脱维亚还宣布与俄外交关系降级。
据俄罗斯媒体统计,自俄在乌开展特别军事行动以来,已有超过300名俄外交人员被驱逐。
针对多国驱逐俄外交人员的决定和行动,俄外交部发言人扎哈罗娃表示,俄方将做出回应,回应措施不会让人久等。
俄罗斯政治分析和社会研究中心主任帕维尔•丹尼林认为,此次俄外交人员大规模遭驱逐,是西方集体对抗俄罗斯的一个方面。西方在各层面对俄发动战争,包括信息战、经济战等,现在是外交战。
俄罗斯科学院世界经济与国际关系研究所欧洲研究中心高级研究员弗拉基米尔•奥连琴科认为,外交人员人数减少,将使俄罗斯同西方各国进行互动接触、获得客观信息、发展双边关系的可能性进一步降低。
(小标题)追加制裁
西方国家不仅大规模驱逐俄外交官,还在酝酿新一轮对俄制裁。
欧盟委员会主席冯德莱恩5日公布新一轮对俄制裁方案,包括禁止从俄进口煤炭、禁止俄船只进入欧盟国家港口等措施。欧盟还在研究针对自俄进口石油的新制裁。
美国白宫发言人珍•普萨基表示,美国政府准备禁止在俄罗斯进行“所有新投资”,并加强对俄银行和国有企业的制裁。
德国、法国、意大利等欧洲多国近日也对“布恰事件”表示震惊,称将研究对俄实施新的制裁。
对于西方国家的上述一系列举动,俄罗斯国际事务理事会项目主任伊万•季莫费耶夫认为,“布恰事件”将成为新一轮反俄行动的动力,这实际上降低了未来在安全问题上达成任何协议的可能性。他说,降低外交关系级别的进程已经启动,未来针对俄方在金融和交通领域的制裁可能会扩大,俄罗斯与北约国家的关系可能进一步恶化。在当前形势下,各方都已做好相互施压到底的准备,实现任何妥协都变得极其困难,这将进一步影响俄乌和谈进程。(完)
图说1:这是2021年4月16日在俄罗斯首都莫斯科拍摄的俄外交部大楼资料照片。(新华社发,叶甫盖尼•西尼岑摄)
图说2:1月24日,欧盟外交与安全政策高级代表博雷利抵达比利时布鲁塞尔的欧盟总部出席欧盟外长会。(新华社记者郑焕松摄)
图说3:这是2月21日在美国首都华盛顿拍摄的白宫。(新华社记者刘杰摄)