Connect with us

Europe

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နေရာမှ ကြိုတင်ရပ်နားအဆုံးသတ်ရန် ရုရှား ဆုံးဖြတ်

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ ယူကရိန်းအရေး အရေးပေါ်အထူးအစည်းအဝေးတွင် မဲခွဲဆုံးဖြတ်နေသည်ကို ဧပြီ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံအနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နေရာမှ ဧပြီ ၇ ရက်ကစပြီး ကြိုတင် ရပ်နားအဆုံးသတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံတွင် ယင်းနေ့က ရုရှားကို လူအခွင့်အရေးကောင်စီအဖွဲ့ဝင်နေရာမှ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ရာ ယင်းဆုံးဖြတ်မှုသည် “တရားမဝင် နိုင်ငံရေးတွန်းအားဖြင့်”လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ လူ့အခွင့်အရေးကောင်စီသည် လက်တွေ့တွင် အချို့နိုင်ငံများ၏ လက်ဝါးကြီးအုပ်မှုကို ခံနေရပြီး ၎င်းတို့က လူအခွင့်အရေးကဏ္ဍတွင် စံနမူနာဖြစ်သည်ဟု မိမိကိုယ်ကိုပြောဆိုနေကြသော်လည်း ဆိုးဝါး၍ လူအခွင့်အရေး အကြီးအကျယ်ချိုးဖောက်မှုများတွင် တိုက်ရိုက်ပါဝင်မှု သို့မဟုတ် လက်လွှတ်ထားမှုရှိနေကြောင်း ၊ လူ့အခွင့်အရေးကောင်စီမှ ရုရှားကြိုတင်ရပ်နား အဆုံးသတ်ရန် ဆုံးဖြတ်ခြင်းသည် ရုရှားက လူ့အခွင့်အရေးကဏ္ဍ နိုင်ငံတကာတာဝန်ကို ချိုးဖောက်ခြင်း မဟုတ်ကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂအထွေထွေညီလာခံက ရုရှားကို လူအခွင့်အရေးကောင်စီ၌ အဖွဲ့ဝင်အဖြစ်ရပ်ဆိုင်းခဲ့ခြင်းအပေါ် စိတ်မကောင်းကြောင်း၊ ဖြစ်နိုင်သမျှ ဥပဒေနည်းလမ်းများဖြင့် မိမိ၏အကျိုးစီးပွားကို ခိုင်မာစွာ ဆက်လက်ကာကွယ်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ပြန်ကြားရေးအတွင်းဝန် Dmitry Peskov က ယင်းနေ့ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ပြောကြားခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် အဖွဲ့ဝင်နေရာ ၄၇ နေရာရှိပြီး ကုလအထွေထွေညီလာခံက နှစ်စဉ် လျှို့ဝှက် မဲပေးစနစ်
ဖြင့် ၎င်း၏အဖွဲ့ဝင် ၃ ပုံ ၁ ပုံကို ရွေးချယ်လေ့ရှိရာ တာဝန်ထမ်းဆောင်သည့် ကာလ ၃ နှစ်ဖြင့် နောက်ထပ်တစ်ကြိမ် ဆက်တိုက်တာဝန်ထမ်းဆောင်ခွင့် ရှိသည်။ ရုရှားနိုင်ငံသည် ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ရွေးချယ်ခံရသော လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်သစ် ဖြစ်ပြီး တာဝန်ထမ်းဆောင်သည့် ကာလမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂအထွေထွေညီလာခံသည် ဧပြီ ၇ ရက်တွင် ယူကရိန်းအရေး အရေးပေါ်အထူးအစည်းအဝေးကျင်းပခဲ့ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်မှ ရုရှားအား ရပ်ဆိုင်းရန် မဲခွဲဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………….
(Chinese Version)

俄罗斯决定提前终止在联合国人权理事会的成员身份
2022-04-08 06:06:57
新华社莫斯科4月7日电(记者华迪)俄罗斯外交部7日发表声明说,俄罗斯决定自当天起提前终止在联合国人权理事会的成员身份。
声明说,联合国大会当天通过决议暂停俄人权理事会成员资格,这是一个“非法且出于政治动机”的举动。人权理事会实际上已被一些国家垄断,它们自称是人权领域的标准,却直接参与或纵容严重和大规模侵犯人权的行为。俄罗斯提前终止人权理事会成员身份的决定并不背离俄在人权领域的国际义务。
俄罗斯总统新闻秘书佩斯科夫当天在接受媒体采访时说,俄方对联大暂停俄在人权理事会成员资格一事表示遗憾,将继续通过一切可能的法律手段捍卫自身利益。
联合国人权理事会共设47个席位,联大每年通过不记名投票改选其约三分之一成员,任期3年,可连任一次。俄罗斯2020年10月13日当选人权理事会新一届成员,任期从2021年1月1日开始,至2023年12月31日结束。
联合国大会7日召开乌克兰问题紧急特别会议,投票通过一项关于暂停俄罗斯在联合国人权理事会成员资格的决议。(参与记者:王建刚)(完)
图说1:这是4月7日在纽约联合国总部拍摄的联合国大会乌克兰问题紧急特别会议的投票结果。 新华社记者 谢锷 摄