Connect with us

Europe

ရုရှားက “ရူဘယ်ငွေဖြင့် စာရင်းရှင်းတမ်း”ပြုမည့် အတိုင်းအတာကို တိုးချဲ့နိုင်ဖွယ်ရှိဟု ဆို

ရုရှားနိုင်ငံ မြို့တော် မော်စကို၌ ရိုက်ကူးသည့် Spasskaya Towerအဆောက်အဦမြင်ကွင်းအား ဇန်နဝါရီ ၂၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၃၁ ရက်(ဆင်ဟွာ)

ရူဘယ်ငွေနှင့်တွက်ချက်မည့် ရုရှားကုန်စည်ပစ္စည်းများပိုများလာနိုင်ပြီး ၎င်းတို့တွင် စွမ်းအင်နှင့်လယ်ယာထုတ်ကုန်ပစ္စည်းများ ပါဝင်ကြောင်း ရုရှားဘက်က မတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ မြို့တော် မော်စကို၌ ရိုက်ကူးသည့် ရူဘယ်ငွေသားများအား မတ် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားကို အနောက်နိုင်ငံများ ပိတ်ဆို့မှုအပေါ် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မတ် ၂၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများစသည့် “ချစ်ကြည်ရင်းနှီးမှုမရှိသော”နိုင်ငံနှင့်ဒေသများသို့ သဘာဝဓါတ်ငွေ့ ပံ့ပိုးမှုကို ရူဘယ်ငွေဖြင့် တွက်ချက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစိုးရ၊ ဗဟိုဘဏ်နှင့် ရုရှားသဘာဝဓါတ်ငွေ့စက်မှုလုပ်ငန်းကုမ္ပဏီ Gazpromတို့ကို ယခုလ ၃၁ ရက်မတိုင်မီ သက်ဆိုင်ရာနည်းလမ်းများ ဆောင်ရွက်ရန် ပူတင်က ညွှန်ကြားခဲ့ပြီး ဖြစ်သည်။

ရုရှားအောက်လွှတ်တော်(State Duma)ဥက္ကဋ္ဌ Vyacheslav Volodinက ရူဘယ်ငွေကြေးဖြင့် ကုန်စည်ပစ္စည်းစာရင်းရှင်းတမ်းပြုခြင်းကို ရေနံစိမ်း၊ ကောက်ပဲသီးနှံ၊ သတ္တု၊ ဓါတ်မြေဩဇာ၊ ကျောက်မီးသွေးနှင့် သစ်သားစသည့်ကုန်စည်များအထိ တိုးချဲ့သွားသင့်ကြောင်း မတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ထိုသို့ စဉ်းစားမှုကို ရုရှားက လုပ်ဆောင်မည်ဖြစ်ပြီး အကယ်၍ ပူတင်အမိန့်ချပါက ၎င်းမှာ အသေးစိတ်အကြံပြုချက် ဖြစ်လာလိမ့်မည်ဖြစ်သည်ဟု ရုရှားအောက်လွှတ်တော်(State Duma)ဥက္ကဋ္ဌ Vyacheslav Volodin ပြောကြားချက်အပေါ် သမ္မတပြောရေးဆိုခွင့်ရှိသူ Dmitry Peskovအား မှတ်ချက်ပေးရန် မေးမြန်းစဥ် ထိုသို့ဖြေကြားခဲ့ကြောင်း TASS သတင်းအေဂျင်စီ၏ သတင်းများအရ သိရသည်။

ရုရှားသဘာဝဓါတ်ငွေ့ ရူဘယ်ငွေဖြင့် တွက်ချက်ခြင်းကို ဥရောပနိုင်ငံခေါင်းဆောင်များက ငြင်းပယ်ထားသည်။ ရုရှား၏ တစ်ဖက်သတ် လုပ်ဆောင်ချက်က ပြောင်ပြောင်တင်းတင်း စာချုပ်ကို ချိုးဖောက်ခြင်း ဖြစ်ပြီး G7 အနေဖြင့် လက်သင့်မခံနိုင်ကြောင်း ဂျာမနီ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့်ဥတုရာသီကာကွယ်ရေးဆိုင်ရာဝန်ကြီး Robert Habeckက G7စွမ်းအင်ဝန်ကြီးများ အစည်းအဝေး ၌ မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

သို့သော် Dmitry Peskovက ရုရှားဘက်မှ အခမဲ့ သဘာဝဓါတ်ငွေပံ့ပိုးရန်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ကြိမ်ဖန်များစွာ အလေးထားပြောကြားခဲ့သည်။

ရုရှားစွမ်းအင်သည် ဥရောပနိုင်ငံများစွမ်းအင်လိုအပ်ချက်၌ အရေးကြီးသည့်နေရာတွင်ရှိပြီး ဥရောပသမဂ္ဂလိုအပ်သည့် သဘာဝဓါတ်ငွေ့ ၄၀ ရာခိုင်နှုန်းသည် ရုရှားမှ တင်သွင်းခြင်းဖြစ်ရာ ယူရိုငွေနှင့်အမေရိကန်ဒေါ်လာဖြင့် စာရင်းရှင်းတမ်းပြုလုပ်ခြင်း ဖြစ်သည်။

ဂျာမနီသည် သဘာဝဓါတ်ငွေ့လိုအပ်မှုအရေးပေါ်နည်းလမ်း အဆင့်(၃)ဆင့်၏ ပထမအဆင့် “ကြိုတင်သတိပေးအဆင့်”သို့ ရောက်ရှိနေပြီဖြစ်ကြောင်း Robert Habeckက မတ် ၃၀ ရက်တွင် ကြေညာခဲ့သည်။ အမြင့်ဆုံးအဆင့် တတိယအဆင့်ကို ရောက်ရှိပါက စွမ်းအင်ထောက်ပံ့ခွဲဝေပေးရေးကို ဂျာမနီအစိုးရက ကြားဝင်ဆောင်ရွက်မည် ဖြစ်ကြောင်းဆိုသည်။

အမေရိကန်ဒေါ်လာအပေါ် ယုံကြည်မှု ဆိုးဝါးစွာ လှုပ်ခတ်နေပြီဖြစ်သည်ဟု ရုရှားက ယူဆခြင်းကြောင့် တစ်ခုတည်းသောအစားထိုးနည်းလမ်းဖြစ်သည့် မိမိနိုင်ငံငွေကြေးအသုံးပြုမှုကို တိုးချဲ့ရခြင်း ဖြစ်ကြောင်း Dmitry Peskovက မတ် ၃၀ ရက်တွင် ပြောကြားခဲ့ကြောင်း Sputnikသတင်းအေဂျင်စီ၏သတင်းများအရ သိရသည်။

သို့သော် ရူဘယ်ငွေဖြင့် စာရင်းရှင်းတမ်းပြုခြင်းကို မတ် ၃၁ ရက်တွင် ချက်ချင်းဆောင်ရွက်မည်မဟုတ်ကြောင်း ၊”ငွေပေးချေမှုနှင့်ကုန်ပစ္စည်းအပ်နှံမှုက အချိန်ကြာမြင့်သည့် ဖြစ်စဉ်”ဖြစ်ကြောင်း Dmitry Peskovက တစ်ချိန်တည်းတွင်ပင် ပြောကြားခဲ့သည်။ (Xinhua)

…………………………………..
(Chinese Version)
俄罗斯或扩大“卢布结算清单”范围
2022-03-31 09:39:46
新华社北京3月31日电 继天然气后,俄罗斯方面3月30日表示,可能要求更多俄罗斯商品以卢布结算,包括能源和农产品。
面对西方对俄方空前制裁,俄总统弗拉基米尔·普京23日宣布,俄方向欧洲联盟成员国等“不友好”国家和地区供应天然气时将改用卢布结算。普京已责成政府、中央银行和俄罗斯天然气工业股份公司在本月31日前采取相应措施。
俄罗斯国家杜马主席维亚切斯拉夫·沃洛金30日表示,以卢布结算商品应该扩大至原油、谷物、金属、化肥、煤炭和木材。
俄总统新闻秘书德米特里·佩斯科夫当天在记者会上被问及如何评论沃洛金的表态。据塔斯社报道,佩斯科夫表示,俄方必定会就这一想法有所行动,如果普京下命令,“这必将会形成具体建议”。
欧洲国家领导人反对用卢布结算俄罗斯天然气。德国副总理兼经济和气候保护部长罗伯特·哈贝克28日在七国集团能源部长会议后表示,他们一致认为,俄方“单方面”做法“显然违反合同”,七国集团“不能接受用卢布结算”。
佩斯科夫先前多次强调,俄方“不可能免费”提供天然气。
俄罗斯能源在欧洲国家能源需求中占重要地位,欧盟所需天然气的约40%从俄罗斯进口,以欧元和美元结算。哈贝克30日宣布,德国进入天然气短缺应急方案三级分类中的第一级“预警阶段”。一旦进入最高的第三级,德国政府将出手干预,分配能源供应。
据俄罗斯卫星通讯社报道,佩斯科夫30日说,俄方认为,美元的信用已经严重动摇,唯一的替代方案是扩大本国货币的使用。
不过,佩斯科夫同时说,不会于31日立即开始启动卢布结算机制,“付款和交货是耗费时间的过程”。(惠晓霜)

图说1:这是1月26日在俄罗斯首都莫斯科拍摄的救世主塔楼。新华社记者白雪骐摄
图说2: 这是3月24日在俄罗斯首都莫斯科拍摄的卢布钞票。新华社记者白雪骐摄