Connect with us

Asia

အကြမ်းဖက်သမားဟု သံသယရှိသူ ၈ ဦး ကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျားဗားပြည်နယ် မြို့တော် ဘန်ဒေါင်းတွင် အင်ဒိုနီးရှားရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား အကြမ်းဖက်တိုက်ဖျက်ရေးရဲတပ်ဖွဲ့က အကြမ်းဖက်အဖွဲ့အစည်း “Jemaah Islamiyah”နှင့် ဆက်စပ်သည်ဟု သံသယရှိသူ ၈ ဦးကို မကြာမီရက်ပိုင်းတွင် ဖမ်းမိခဲ့ကြောင်း အင်ဒိုနီးရှား တရားဥပဒေစိုးမိုးရေးဌာနက ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
“Jemaah Islamiyah”သည် အစွန်းရောက်အဖွဲ့ “Al-Qaeda”နှင့် ဆက်စပ်နေပြီး အင်ဒိုနီးရှားတွင် နှစ်ပေါင်းများစွာ နှိမ်နှင်းတိုက်ဖျက်ခြင်း ခံခဲ့ရသည်။ အဆိုပါအဖွဲ့သည် အင်ဒိုနီးရှား၌ ၂၀၀၂ ခုနှစ်တွင် ဖြစ်ပွားသည့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့သော ဘာလီကျွန်းပေါက်ကွဲမှုအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရက ဖော်ထုတ်ခဲ့သည်။ (Xinhua)
————————————-

印尼警方逮捕8名涉恐嫌疑人
新华社北京4月21日电 印度尼西亚执法部门20日说,印尼反恐警察近日抓捕了8名关联恐怖组织“伊斯兰团”的嫌疑人。
“伊斯兰团”与极端组织“基地”有关联,在印尼已被取缔多年。印尼政府指认该组织曾在印尼发动多起恐怖袭击,包括2002年导致逾200人死亡的巴厘岛爆炸事件。中苏拉威西省警方负责人阿古斯·努格罗霍说,警方本月16日至18日在该省多地展开行动,在帕卢、西吉、博索等地逮捕8名嫌疑人,缴获两台笔记本电脑、多部手机和一些文件资料,包括宣扬宗教极端主义的书籍。警方正在讯问这批嫌疑人。
1. 2017年2月27日,在印度尼西亚西爪哇省首府万隆,印尼警察在执行反恐行动。新华社发(拉姆达尼摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.