Connect with us

Asia

ဂျပန်နိုင်ငံ ကိုဘာရာရှီ ဆေးဝါးထုတ်ကုမ္ပဏီ၏ ပြဿနာရှိသော ကျန်းမာရေးဆိုင်ရာထုတ်ကုန် အနီရောင်တဆေး ကုန်ကြမ်းတွင် ပုံမှန်မဟုတ်သော ဒြပ်ပေါင်းများ ထပ်မံတွေ့ရှိ

ကိုဘာရာရှီ ဆေးဝါးထုတ်ကုမ္ပဏီဥက္ကဋ္ဌ Akihiro Kobayashi (ဝဲဘက်မှ ဒုတိယ) နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဂျပန်နိုင်ငံ အိုဆာကာမြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဦးညွှတ်နေသည်ကို မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

ယခုနှစ် ဇွန်မှ သြဂုတ်အထိ ကိုဘာရာရှီ ဆေးဝါးထုတ်ကုမ္ပဏီမှ ထုတ်လုပ်သော အနီရောင်တဆေး ကုန်ကြမ်းနမူနာများကို ခွဲခြမ်းစိတ်ဖြာပြီးနောက် Puberulic Acid (ပင်နီဆီလင် မှဖြစ်ပေါ်လာသော သဘာဝဒြပ်ပေါင်းတစ်မျိုး) အပြင် မမျှော်လင့်ထားသော ဒြပ်ပေါင်းများကို တွေ့ရှိခဲ့ကြောင်း ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေး ဝန်ကြီးဌာနက ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ နောက်ဆုံးစာရင်းဇယားများအရ ဧပြီ ၁၈ ရက်အထိ ကိုဘာရာရှီ ဆေးဝါးထုတ်ကုမ္ပဏီ၏ ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်များတွင် အနီရောင်တဆေး ပါဝင်သည့် ဆေးဝါးသောက်သုံးသူ စုစုပေါင်း ၁,၄၃၀ ကျော်သည် ဆေးကုသမှု ခံယူရန် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများထံ သွားရောက်ပြသခဲ့ကြပြီး ယင်းအနက် ၂၄၀ ဦးမှာ ဆေးရုံတက်ရောက်ကုသမှု ခံယူခဲ့ကြရကြောင်း သိရသည်။ (Xinhua)

……………………….
(Chinese Version)
小林制药问题红曲保健品原料又查出异常化合物
新华社东京4月20日电(记者钱铮)日本厚生劳动省19日说,经对小林制药公司去年6至8月生产的红曲原料样本进行分析,发现了除软毛青霉酸(由青霉菌产生的一种天然化合物)外的几种“意想不到的物质”。
据厚生劳动省最新统计数据,截至4月18日,服用小林制药含红曲成分保健品的消费者累计已有1430余人前往医疗机构就诊,240人接受了住院治疗。(完)
图说:3月29日,小林制药公司社长小林章浩(左二)及相关负责人在日本大阪举行的新闻发布会上鞠躬。新华社记者张笑宇摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.