Connect with us

Europe

အမေရိကန်-ရုရှား မဟာဗျူဟာတည်ငြိမ်ရေး တွေ့ဆုံဆွေးနွေးမှု ဒုတိယအကြိမ်အစည်းအဝေး ပြုလုပ်

ဂျီနီဗာ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် မဟာဗျူဟာတည်ငြိမ်ရေး တွေ့ဆုံဆွေးနွေးမှု ဒုတိယအကြိမ်အစည်းအဝေးကို ဆွီဒင်နိုင်ငံ ဂျီနီဗာမြို့တွင် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့ရာ နှစ်ဖက်ဌာနချင်းဆက်ဆံရေး ကျွမ်းကျင်လုပ်ငန်းအဖွဲ့နှစ်ခု ဖွဲ့စည်းရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်း သိရသည်။အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Wendy Shermanနှင့် ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီးSergey Ryabkov တို့က နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြရာ လက်တွေ့ကျသည့်တွေ့ဆုံဆွေးနွေးမှုများ နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြကြောင်း အမေရိကန်နိုင်ငံ၏ ယင်းနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

“အနာဂတ် လက်နက်ထိန်းချုပ်ရေးအခြေခံမူနှင့်ရည်ရွယ်ချက် လုပ်ငန်းအဖွဲ့”နှင့်”မဟာဗျူဟာမြောက် သက်ရောက်မှုရှိစေရေး စွမ်းရည်နှင့်လှုပ်ရှားမှု လုပ်ငန်းအဖွဲ့”ဟူ၍ အစိုးရဌာနချင်းဆက်ဆံရေး ကျွမ်းကျင်လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းရန် နှစ်နိုင်ငံ သဘောတူညီမှုရရှိခဲ့ကြောင်း ၊ ယင်းလုပ်ငန်းအဖွဲ့နှစ်ဖွဲ့က တွေ့ဆုံပြီးနောက် တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး ကျင်းပသွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီး ရုရှားမီဒီယာများကို တွေ့ဆုံရာတွင် Sergey Ryabkovက နှစ်နိုင်ငံအကြား အတွေးအမြင်သဘော၊ နျူကလီးယားလက်နက်မူဝါဒ အသေးစိတ်အခြေအနေနှင့် တစ်ဖက်၏ ရည်ရွက်ချက်ကို နားလည်ရာတွင် ကွဲလွဲမှု များစွာ ရှိနေသေးသော်လည်း ဆွေးနွေးမှုဖြစ်စဉ်များကို အရှေ့သို့ရွေ့အောင် ဆောင်ရွက်လိုသည့်ဆန္ဒ နှစ်ဖက်စလုံးတွင် ရှိကြောင်း ဆိုသည်။

ရုရှား-အမေရိကန် လုပ်ငန်းအဖွဲ့နှစ်ခုဖွဲ့စည်းရန် သဘောတူညီကြောင်း ၊ တစ်ဖွဲ့က လက်နက်ထိန်းချုပ်ရေးကို တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး တစ်ဖွဲ့က နျူကလီးယားလက်နက် နည်းပညာပြဿနာစသည်တို့ကို တာဝန်ယူစီမံမည်ဖြစ်ကြောင်း ဆိုသည်။ ထို့အပြင် ရုရှားက ယခုကာလအတွင်း အမေရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျ သုံးနိုင်ငံ လုံခြုံရေး မိတ်ဖက်ဆက်ဆံရေးယန္တရားတည်ထောင်ကြောင်း ကြေညာခဲ့သည့်အပေါ် အထူးစိုးရိမ်ကြောင်း၊ ၎င်းယန္တရားသည် နျူကလီးယားမပြန့်ပွားရေးစနစ်ကို ချိုးဖော်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ၊ အလယ်အာရှနိုင်ငံများတွင် အမေရိကန်၏ မည်သည့် စစ်ရေးတည်ရှိမှုမျိုးကိုမဆို လက်မခံကြောင်း၊ ယင်းကိစ္စအပေါ် ရုရှား၏ရပ်တည်ချက်သည် အနည်းငယ်မျှပြောင်းလဲမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ် ဇွန်လ ၁၆ ရက်တွင် အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် ရုရှား သမ္မတ ပူတင်တို့ ဂျီနီဗာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်ဖက်ဆွေးနွေးမှုအပြီး ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် နှစ်နိုင်ငံအနေဖြင့် လက်နက်ထိန်းချုပ်ရေး၊ ပဋိပက္ခအန္တရာယ်ဖြစ်နိုင်ခြေ လျှော့ချရေးစသည့် နှစ်ဖက်မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ Wendy Shermanနှင့် Sergey Ryabkov၏ မဟာဗျူဟာတည်ငြိမ်ရေး တွေ့ဆုံဆွေးနွေးမှု ပထမအကြိမ်အစည်းအဝေးကို ဇူလိုင် ၂၈ ရက်က ဂျီနီဗာတွင် ကျင်းပခဲ့သည်။ (Xinhua)

—————————————–
(Chinese Version)

(国际)美俄举行战略稳定对话第二次会议

新华社日内瓦9月30日电(记者陈俊侠)美国与俄罗斯代表30日在瑞士日内瓦举行双边战略稳定对话第二次会议,两国同意成立两个跨部门专家工作组。
根据美方当天发表的联合声明,美国常务副国务卿舍曼与俄罗斯副外长里亚布科夫分别率两国跨部门代表团出席会议,双方进行了深入、实质性的讨论。
声明说,美俄同意成立跨部门专家工作组“未来军备控制原则和目标工作组”与“具有战略影响的能力和行动工作组”。双方还同意,两个工作组将进行会晤,并在之后举行第三次全体会议。

里亚布科夫在会谈结束后对俄罗斯媒体表示,虽然两国在认知层面以及核武器政策具体层面,甚至在解读对方意图方面仍存在很多分歧,但双方拥有将会谈进程向前推进的意愿。

里亚布科夫说,俄美双方同意建立两个工作组,一个负责处理军控问题,另一个负责处理有关核武器的技术问题等。此外,俄方对美国、英国和澳大利亚近期宣布建立新的三边安全伙伴关系机制表示担忧,认为该机制可能违反核不扩散体系。俄方不接受美方在中亚国家任何形式的军事存在,俄在这一问题上的立场没有丝毫变化。

今年6月16日,美国总统拜登和俄罗斯总统普京在日内瓦举行会晤,双方会后发表联合声明说,两国将就军控和降低冲突风险等开展双边战略稳定对话。舍曼和里亚布科夫7月28日在日内瓦举行了双边战略稳定对话首次会议。(参与记者:刘品然、李奥)(完)