Connect with us

Africa & Middle East

ဒရုန်းတိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား ၁၈ ဦး ဒဏ်ရာရရှိ

အစ္စရေးနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသတွင် အစ္စရေးတပ်က လက်ဘနွန်နိုင်ငံတောင်ပိုင်းသို့ အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ကို ဇန်နဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

အစ္စရေးတို့ သိမ်းပိုက်ထားသည့် ဆီးရီးယားနိုင်ငံရှိ ဂိုလန်ကုန်းမြင့် ဇွန် ၃၀ ရက်က ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် အစ္စရေး စစ်သား ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး စစ်တပ်က ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဒဏ်ရာရသူများအား ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း၊ ၎င်းတို့အနက် ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ ဒရုန်းအရင်းအမြစ်နှင့်ပတ်သက်၍ ကြေညာချက်တွင် ဖော်ပြထားခြင်း မရှိပေ။ (Xinhua)

……………………..
(Chinese Version)
新华简讯|18名以色列士兵遭无人机袭击受伤
新华社耶路撒冷6月30日电 以色列军方6月30日发表声明说,18名以色列士兵当天在以色列占领的叙利亚戈兰高地遭无人机袭击受伤。
声明说,伤者已被送往医院接受治疗,其中1人伤势严重。声明没有提及无人机的来源。(完)
1. 1月4日,在以色列北部边境,以军的一门自行榴弹炮向黎巴嫩南部开火。