Connect with us

Asia

တရုတ်-လာအို “ငြိမ်းချမ်းရေး ရထား -၂၀၂၂” လူသားချင်းစာနာထောက်ထားမှု ဆေးဘက်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှု စတင်

လာအိုနိုင်ငံ Penghongတွင် ပြုလုပ်သည့် တရုတ်-လာအို “ငြိမ်းချမ်းရေး ရထား - ၂၀၂၂” လူသားချင်းစာနာထောက်ထားမှု ဆေးဘက်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်နေသည်ကို ဇူလိုင် ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တရုတ်-လာအို “ငြိမ်းချမ်းရေး ရထား – ၂၀၂၂” လူသားချင်းစာနာထောက်ထားမှု ဆေးဘက်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှုနှင့် ဆေးကုသရေးဝန်ဆောင်မှု လှုပ်ရှားမှုအစီအစဉ်ကို ဇူလိုင် ၂၅ ရက်က လာအိုနိုင်ငံ Penghongတွင် စတင် ကျင်းပခဲ့သည်။ ၎င်းမှာ တရုတ်နိုင်ငံ စစ်တပ် ဆေးဘက်ဆိုင်ရာရထား ပြည်ပသွားရောက်၍ ဆေးဘက်ဆိုင်ရာရထားနှင့် အဆင့် ၂ ဆေးရုံ ချိတ်ဆက်ခြင်း၊ ဆေးကုသမှုနှင့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ခြင်း ပူးတွဲပြီး ပထမဆုံးကြိမ် လက်တွေ့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ယခုအကြိမ်လေ့ကျင့်မှုတွင် တရုတ်-လာအို နှစ်နိုင်ငံ ဆေးဘက်ဆိုင်ရာတပ်ဖွဲ့ခွဲများ၏ ပူးတွဲကွပ်ကဲမှုနှင့် ပူးတွဲကုသမှုကို အထူးပြုလုပ်သွားမည် ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ဆေးဘက်ဆိုင်ရထား ကို အခြေခံ၍ Negative Pressure Ambulance ယာဉ်၊ မြေပြင် ကွင်းဆင်း ကပ်ရောဂါကာကွယ်ရေး အသုံးပြုယာဉ်၊ nucleic acid စမ်းသပ်ခန်းများစသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများ၏ အသုံးပြုပုံ၊ ဒဏ်ရာရလူနာအား ကာကွယ်စောင့်ရှောက်မှု၊ ရောဂါစစ်ဆေးကုသမှုနှင့် သက်ဆိုင်ရာသို့ ပို့ဆောင်ပေးသော ထိရောက်မှု များကို ပူးတွဲလေ့ကျင့်သွားမည် ဖြစ်ကြောင်း ပူးတွဲလေ့ကျင့်ရေးဆိုင်ရာ တရုတ်နိုင်ငံဘက်မှ ဒါရိုက်တာ ဗိုလ်မှူးကြီး ယွီမင်၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ ထိုသို့ ပူးတွဲလေ့ကျင့်မှုများမှတစ်ဆင့် တရုတ်-လာအို ဆေးဘက်ဆိုင်ရာအင်အား ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်ကာ ကူညီကယ်ဆယ်ရေးနှင့်လုပ်ငန်းစဉ်မှတစ်ဆင့်ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံ Penghongတွင် ပြုလုပ်သည့် တရုတ်-လာအို “ငြိမ်းချမ်းရေး ရထား – ၂၀၂၂” လူသားချင်းစာနာထောက်ထားမှု ဆေးဘက်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်နေသည်ကို ဇူလိုင် ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ ပြည်သူ့တပ်မတော် အထွေထွေထောက်ပို့ရေးဌာနချုပ် ကျန်းမာရေးဗျူရို ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ကမ်ပင်း က အဖွင့်အမှာစကားပြောကြားရာတွင် တရုတ်-လာအို “ငြိမ်းချမ်းရေး ရထား”ပူးတွဲလေ့ကျင့်မှုသည် နှစ်နိုင်ငံ စစ်တပ်များ ကျန်းမာရေး၊ ဆေးဘက်ဆိုင်ရာကဏ္ဍ ကျွမ်းကျင်မှုစွမ်းရည်ကို မြှင့်တင်နိုင်ရုံသာမက နှစ်နိုင်ငံ ၊ နှစ်နိုင်ငံစစ်တပ်များ၏အစဉ်အလာရှိသော ချစ်ကြည်ရေးနှင့်ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးစေကြောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံ Penghongတွင် ပြုလုပ်သည့် တရုတ်-လာအို “ငြိမ်းချမ်းရေး ရထား – ၂၀၂၂” လူသားချင်းစာနာထောက်ထားမှု ဆေးဘက်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်နေသည်ကို ဇူလိုင် ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ Penghongတွင် ပြုလုပ်သည့် တရုတ်-လာအို “ငြိမ်းချမ်းရေး ရထား – ၂၀၂၂” လူသားချင်းစာနာထောက်ထားမှု ဆေးဘက်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်နေသည်ကို ဇူလိုင် ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ Penghongတွင် ပြုလုပ်သည့် တရုတ်-လာအို “ငြိမ်းချမ်းရေး ရထား – ၂၀၂၂” လူသားချင်းစာနာထောက်ထားမှု ဆေးဘက်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်နေသည်ကို ဇူလိုင် ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ထောက်ပို့ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဗိုလ်ချုပ် ချန်ချစ်က ဗွီဒီယိုဖြင့် အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုအကြိမ်ပူးတွဲလေ့ကျင့်မှုနှင့် ဆေးကုသရေးဝန်ဆောင်မှု လှုပ်ရှားမှုအစီအစဉ်သည် နှစ်နိုင်ငံ၊ နှစ်နိုင်ငံ စစ်တပ်များ၏ အရေးကြီး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ရာ ထောက်ပို့ရေးကဏ္ဍ ပူးပေါင်းဖလှယ်မှုကို ပို၍ နက်ရှိုင်းကျယ်ပြန့်စေပြီး “ငြိမ်းချမ်းရေးရထား”လှုပ်ရှားမှုများ၌ ပူးပေါင်းဆောင်ရွက်မှုမှတ်တိုင်ကို အတူတကွ စိုက်ထူခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ်သည် တရုတ်နိုင်ငံ “ငြိမ်းချမ်းရေးရထား” ဆေးဘက်ဆိုင်ရာအဖွဲ့က လာအိုနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် လာရောက်ခြင်းဖြစ်ကြောင်း၊ “ငြိမ်းချမ်းရေးရထား” ဆိုက်ရောက်မှုတိုင်းတွင် ရလဒ်ကောင်းများစွာ ရရှိခဲ့ရာ ယခုအကြိမ်တွင်လည်း နှစ်နိုင်ငံချစ်ကြည်ရေးနှင့် နှစ်နိုင်ငံစစ်တပ်များ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေလိမ့်မည်ဟု ယုံကြည်ကြောင်း လာအိုနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဗွန်ခန်းက ယင်းနေ့ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

အဆိုပါ ပူးတွဲလှုပ်ရှားမှုတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ လာအိုပြည်သူ့တပ်မတော်အား nucleic acid စစ်ဆေးရေးပစ္စည်းများ၊ ပါးစပ်၊ နှာခေါင်းစည်းများ စသည့် ကပ်ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ တရုတ်-လာအို “ငြိမ်းချမ်းရေးရထား-၂၀၂၂” လူသားချင်းစာနာထောက်ထားမှု ဆေးဘက်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှုနှင့် ဆေးဝါးကုသရေးဝန်ဆောင်မှု လှုပ်ရှားမှုအစီအစဉ်သည် ဇူလိုင် ၂၈ ရက်တွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————

(国际)中老“和平列车-2022”人道主义医学救援联合演习开幕
2022-07-25 22:25:37 分类: 其他
新华社万象7月25日电(记者章建华 周娜)中国老挝“和平列车-2022”人道主义医学救援联合演习暨医疗服务活动25日在老挝蓬洪拉开帷幕。这是中国军队卫生列车首次在境外实地展开,也是卫生列车与二级医院相衔接、医疗救治与疫情防控相结合的首次实践。
据联合演习中方导演部总导演鱼敏大校介绍,此次演习重点突出中老两军卫勤分队的联合指挥和联合救治,联演首次以卫生列车为基本依托,运用负压救护车、野战卫生防疫车、核酸检测方舱等装备器材,有效提升伤病员的防护、检验、救治和后送效能,并通过联演加强中老卫勤力量的深度联合,进一步完善救援机制、优化救援流程。
老挝人民军总后勤部卫生局局长坎平准将在开幕式上致辞说,中老“和平列车”联合演习不仅提升了两军卫勤力量的专业能力,更进一步增进了两国两军的传统友谊和全面合作关系。
中央军委后勤保障部副部长陈炽少将通过视频在开幕式上致辞表示,此次联合演习和医疗服务活动,以实际行动贯彻落实两国两军重要合作共识,深化拓展两军后勤领域交流合作,共同把“和平列车”系列活动打造成重要的双边合作品牌。
老挝国防部副部长冯坎少将当天对采访此次演习的中老媒体记者表示,这是中方“和平列车”医疗队第四次来到老挝,历次“和平列车”活动成果巨大、影响深远,相信此次活动必将进一步加深两国友好、增强两军合作。
活动中,中国人民解放军向老挝人民军捐赠了核酸检测设备和试剂、口罩等防疫防护物资。中老“和平列车-2022”人道主义医学救援联合演习暨医疗服务活动将于28日闭幕。(完)
图说1:这是7月25日在老挝蓬洪拍摄的中老“和平列车-2022”人道主义医学救援联合演习(无人机照片) 。