Connect with us

Africa & Middle East

အာဖဂန်ငလျင်ဒဏ်သင့်ဒေသများသို့ အာဖဂန်ရှိ တရုတ်ကုမ္ပဏီလုပ်ငန်းမှ အထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

အာဖဂန်နစ္စတန်နိုင်ငံ ပါသီကာ(Paktika)ပြည်နယ်၌ ဒေသခံကလေးငယ်များအား ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ခို့စ်ထ်၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ငလျင်ဒဏ်သင့်ဒေသများသို့ တရုတ်ကုမ္ပဏီလုပ်ငန်းမှ ကူညီကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဇွန် ၂၆ ရက်က အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ခို့စ်ထ်(Khost)ပြည်နယ် မြို့တော် ခို့စ်ထ်တွင် ကျင်းပခဲ့သည်။ပထမအသုတ်လွှဲပြောင်းပေးအပ်သော ထောက်ပံ့ရေးပစ္စည်းများတွင် ဆန်၊ ဂျုံ၊ စားသုံးဆီနှင့်လက်ဖက်စသည်တို့ပါဝင်ကြောင်း သိရသည်။ ယခုအကြိမ်လှူဒါန်းသော အထောက်အပံ့ပစ္စည်းများက ဘေးဒဏ်သင့်ဒေသ ပြည်သူလူထုအတွက် အရေးပေါ် အကူအညီဖြစ်စေလိမ့်မည်ဟု မျှော်လင့်ကြောင်း MCC-JCL Aynak Minerals Company Ltd. (MJAM)ကိုယ်စားလှယ်က ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံ ပါသီကာ(Paktika)ပြည်နယ်၌ ပျက်စီးနေသည့်အဆောက်အဦများကို ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ပါသီကာ(Paktika)ပြည်နယ်၌ ပျက်စီးသွားသည့် နေအိမ်အား ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ကုမ္ပဏီလုပ်ငန်းမှ ယခုအကြိမ်လှူဒါန်းသည့် အထောက်အပံ့ပစ္စည်းများကို ဘေးဒဏ်သင့်ဒေသများကို အမြန်ဆုံးပို့ဆောင်သွားမည် ဖြစ်ပြီး ဘေးဒဏ်သင့်မိသားစု ၈၀၀ ကို ဝေငှသွားမည် ဖြစ်ကြောင်း အာဖဂန်ကြားဖြတ်အစိုးရ အမျိုးသားကပ်ဘေးစီမံခန့်ခွဲရေးနှင့်လူသားချင်းစာနာထောက်ထားမှုရေးရာ ဝန်ကြီး အထူးကိုယ်စားလှယ် Mohammad Salim Haqqaniက အခမ်းအနားတွင် ပြောကြားခဲ့သည်။

ခို့စ်ထ်(Khost)ပြည်နယ် ကပ်ဘေးစီမံခန့်ခွဲရေးနှင့်လူသားချင်းစာနာထောက်ထားမှုရေးရာဌာန တာဝန်ခံက တရုတ်ကုမ္ပဏီလုပ်ငန်း၏ကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ အရေးပေါ်အချိန်တွင် ဘေးဒဏ်သင့်ပြည်သူများ အတွက် လိုအပ်လှသော ပစ္စည်းများကို ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုလ ၂၂ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ၌ နှစ်ပေါင်း ၂၀ ကျော်ကြာကာလ အဆိုးဝါးဆုံးငလျင်ဘေးနှင့် ကြုံတွေ့ခဲ့ရရာ နိုင်ငံအရှေ့ပိုင်း ခို့စ်ထ်(Khost)ပြည်နယ်၊ပါသီကာ(Paktika)ပြည်နယ်တို့တွင် ငလျင်ဒဏ်အဆိုးဝါးဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ ငလျင်ဘေးကြောင့် သေဆုံးသူ အနည်းဆုံး (၁,၅၀၀)ကျော်၊ ဒဏ်ရာရရှိသူ ၂,၀၀၀ ကျော် ရှိခဲ့ပြီး နေအိမ်ပေါင်း (၃,၀၀၀) ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။ အချင်းဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံအစိုးရက အာဖန်ဂန်သို့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ယွမ် သန်းပေါင်း(၅၀) ထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့သည်။ (Xinhua)

—————————–
(Chinese Version)
(国际)阿富汗中资企业向阿地震灾区捐赠物资
2022-06-27 01:51:31 分类: 突发事件
新华社阿富汗霍斯特6月26日电(记者邹学冕)阿富汗中资企业26日在阿东部霍斯特省首府霍斯特市举行捐赠仪式,由中国中冶集团艾娜克铜矿项目向地震灾区捐助救灾物资。
据悉,此次交付的首批物资包括大米、面粉、食用油和茶叶等。中国中冶集团艾娜克铜矿项目代表艾哈迈德·贾瓦德·萨利赫表示,希望此次捐赠的物资能够为灾区民众提供应急帮助。
阿富汗临时政府国家灾难管理和人道主义事务部长特别代表穆罕默德·萨利姆·哈卡尼在捐赠仪式上说,中资企业此次捐赠的物资将被快速运往灾区并分配给当地800个受灾家庭。
霍斯特省灾难管理和人道主义事务部门负责人法兹尔·穆罕默德在致辞中对中资企业的援助表示感谢。他说,中国人在关键时刻为受灾地区民众提供了亟需的物资。
本月22日,阿富汗遭遇20多年来最严重地震,东部霍斯特省、帕克提卡省受灾严重。地震已造成至少1500多人死亡,2000多人受伤,3000多间房屋被毁。地震发生后,中国政府决定向阿富汗提供5000万元人民币的紧急人道主义援助。(完)

1. 这是6月23日在阿富汗东部帕克提卡省拍摄的当地儿童。新华社发(赛义夫·奥曼·萨菲 摄)
2. 6月23日,人们站在阿富汗帕克提卡省地震灾区的房屋废墟中。新华社发(塞夫拉赫曼·萨菲 摄)

3. 这是6月23日在阿富汗东部帕克提卡省拍摄的受损房屋。新华社发(赛义夫·奥曼·萨菲 摄)