Connect with us

Science & Technology

တရုတ်နိုင်ငံက Jilin-1 Gaofen 03D09 ဂြိုဟ်တုအပါအဝင် ဂြိုဟ်တု ၁၆ စင်းကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်၊ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March 6 ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် Jilin-1 Gaofen 03D09 ဂြိုဟ်တုအပါအဝင် ဂြိုဟ်တု၁၆ စင်းကို သြဂုတ် ၁၀ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March 6 ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် Jilin-1 Gaofen 03D09 ဂြိုဟ်တု ၊ Yunyao-1 04-08 ဂြိုဟ်တုအပါအဝင် ဂြိုဟ်တု ၁၆ စင်းကို သြဂုတ် ၁၀ ရက် ဒေသစံတော်ချိန် ၁၂ နာရီ ၅၀ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ၎င်းဂြိုဟ်တုများသည် စီစဉ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့ကာ ဂြိုဟ်တုလွှတ်တင်ရေးလုပ်ငန်း အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်၊ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March 6 ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် Jilin-1 Gaofen 03D09 ဂြိုဟ်တုအပါအဝင် ဂြိုဟ်တု၁၆ စင်းကို သြဂုတ် ၁၀ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

အဆိုပါ ဂြိုဟ်တုများက စီးပွားရေးလုပ်ငန်းသုံး အဝေးထိန်း အာရုံခံခြင်း၊ လေထုပုံရိပ်ဖော်ခြင်းစသည့် နယ်ပယ်များတွင် အဓိက အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ လွှတ်တင်မှုသည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၄၃၂ ကြိမ်မြောက် လွှတ်တင်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

——————–
一箭16星!中国成功发射吉林一号高分03D09星等卫星
新华社太原8月10日电(记者李国利)8月10日12时50分,中国在太原卫星发射中心使用长征六号遥十运载火箭,成功将吉林一号高分03D09星、云遥一号04-08星等16颗卫星发射升空,卫星顺利进入预定轨道,发射任务获得圆满成功。
该批卫星主要用于商业遥感、大气成像等领域。
这次任务是长征系列运载火箭第432次飞行。(完)