Connect with us

Politics, Law & Military

ဖွံ့ဖြိုးဆဲနိုင်ငံများ အကြမ်းဖက်မှုတိုက်ဖျက်ရေး စွမ်းရည်မြှင့်တင်ရေးအတွက် ကူညီပေးရန် တရုတ်နိုင်ငံက တိုက်တွန်း

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းအား သြဂုတ် ၉ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုကို ထိရောက်စွာ တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အာဖရိကနိုင်ငံများ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး စွမ်းရည်မြှင့်တင်ရေးအတွက် အဓိက အကူအညီပေးရန် တိုက်တွန်းကြောင်း သြဂုတ် ၉ ရက်၌ ပြုလုပ်သော လုံခြုံရေးကောင်စီ “အကြမ်းဖက်လုပ်ရပ်များက နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ခြိမ်းခြောက်ခြင်း” အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် အာဖရိက၊ အလယ်အာရှ စသည့် အကြမ်းဖက်တိုက်ဖျက်ရေး ရှေ့တန်းမှ ဆောင်ရွက်နေသောနိုင်ငံများအတွက် အကြမ်းဖက်ခြိမ်းခြောက်မှုကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရန် အကြမ်းဖက်တိုက်ဖျက်ရေးစွမ်းရည်ကို ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ကူညီမှုများ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကျန်းကျွင်းက ဆိုသည်။ (Xinhua)

…………………………………………
中方呼吁帮助发展中国家提升反恐能力
新华社联合国8月9日电中国常驻联合国代表张军9日在安理会“恐怖行为威胁国际和平与安全”公开会上发言,就有效遏制和打击全球恐怖主义威胁阐述中方立场,呼吁重点帮助发展中国家特别是非洲国家提升反恐能力。
张军说,中方将继续通过实际行动,帮助支持非洲、中亚等反恐前沿国家加强反恐能力建设,为有效应对恐怖威胁,维护地区和平与安全作出贡献。(完)
8月9日,在位于纽约的联合国总部,中国常驻联合国代表张军(中)在安理会“恐怖行为威胁国际和平与安全”公开会上发言。新华社记者谢锷摄