Connect with us

Africa & Middle East

အစ္စရေးက ဘိုင်ဒန် ခရီးစဉ်အတွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား ၁၆,၀၀၀ ဖြန့်ကျက်မည်ဟုဆို

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်အား ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်၌ ဇန်နဝါရီ ၂၈ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ယခုသီတင်းပတ်တွင် ရောက်ရှိမည့် အမေရိကန်သမ္မတ ဘိုင်ဒန်၏ အစ္စရေးခရီးစဉ် လုံခြုံရေးလုပ်ငန်းအတွက် အစ္စရေးက အနည်းဆုံး ရဲတပ်ဖွဲ့ဝင်အင်အား ၁၆,၀၀၀ ဖြန့်ကျက်သွားမည်ဖြစ်ကြောင်း အစ္စရေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mikhail Zingerman က ဇူလိုင် ၁၀ ရက်တွင် ကြေညာခဲ့သည်။

ဘိုင်ဒန်လာရောက်လည်ပတ်စဉ်ကာလအတွင်း အစ္စရေးက တရားဥပဒေစိုးမိုးရေး၊ စနစ်တကျရှိစေရေး၊ လမ်းပန်းဆက်သွယ်ရေး အာမခံရန် “မကြုံစဖူး” အရေအတွက်ဖြစ်သည့် ရဲတပ်ဖွဲ့ဝင်အင်အား ၁၆,၀၀၀ ဖြန့်ကျက်သွားမည် ဖြစ်ကြောင်း နှင့် တစ်ချိန်တည်းတွင် ပြည်သူလူထုများ၏ နေ့စဉ်ဘဝအပေါ် သက်ရောက်မှု လျော့နည်းရန် တတ်နိုင်သမျှလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Zingerman က ပြောကြားခဲ့သည်။
အစ္စရေးရဲတပ်ဖွဲ့က နိုင်ငံ၏မီးသတ်ဌာန၊ အမျိုးသားလုံခြုံ‌ရေးဌာနချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ဘိုင်ဒန်ခရီးစဉ်အတွက် နှစ်လကျော်ပြင်ဆင်လေ့ကျင့်ခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြထားသည်။

ဘိုင်ဒန်သည် ဇူလိုင် ၁၃ ရက်မှ ၁၆ ရက်အထိ အစ္စရေး၊ ပါလက်စတိုင်းဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသနှင့် ဆော်ဒီအာရေးဗီးယားသို့သွားရောက်မည်ဖြစ်ပြီး အစ္စရေး၊ ပါလက်စတိုင်းခေါင်းဆောင်၊ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman တို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။ ယခုအကြိမ် ခရီးစဉ်သည် ဘိုင်ဒန်တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်ခွဲအတွင်း အရှေ့အလယ်ပိုင်းဒေသသို့ သို့သွားရောက်လည်ပတ်သည့် ပထမဆုံး ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။  (Xinhua)

…………………………………………
(Chinese Version)
大摆阵仗以待拜登来访 以色列1.6万警力护卫
新华社北京7月11日电 以色列警方发言人米哈伊尔·津格曼10日宣布,将至少部署1.6万名警察投入美国总统拜登本周访问以色列期间的安保工作。
津格曼在一场记者会上说,为保障拜登访问期间安全,以方将部署人数“史无前例”之多的1.6万名警察,负责治安、维持公共秩序和保障交通,同时尽可能降低对民众日常生活的影响。
据俄罗斯卫星通讯社报道,以色列警方联手本国消防部门、国家安全总局和外交部进行了两个多月演练,为拜登来访做准备。
在拜登访以期间,以色列境内多条公路可能出现短时封路,以政府提醒民众注意警方通报。
拜登定于7月13日至16日访问以色列、巴勒斯坦约旦河西岸地区和沙特阿拉伯,计划会见以巴领导人和沙特王储穆罕默德·本·萨勒曼。这将是拜登上任一年半来首访中东地区。(陈丹)
图说- 这是1月28日在美国首都华盛顿白宫拍摄的美国总统拜登。新华社发(沈霆摄)