Connect with us

Europe

ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနိုင်ငံများသို့ ရုရှားရေနံ တင်ပို့မှု ပြန်လည်စတင်

ဟန်ဂေရီနိုင်ငံ Százhalombattaရှိ ရေနံချက်စက်ရုံတစ်ခု၏ မြင်ကွင်းအား မေ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

ဟန်ဂေရီနှင့်ဆလိုဗက်ကီးယားတို့၏ နိုင်ငံဖြတ်ကျော် သယ်ယူပို့ဆောင်မှု အခကြေးငွေပေးချေမှုကို ယူကရိန်းဘက်က အတည်ပြုပြီးနောက် ရုရှားက ယူကရိန်းအားဖြတ်သန်း၍ ဟန်ဂေရီ၊ဆလိုဗက်ကီးယားသို့ သွယ်တန်းထားသော “ချစ်ကြည်ရေး”ရေနံပိုက်လိုင်း တောင်ဘက်လိုင်းကို ဩဂုတ် ၁၀ ရက်၌ ရေနံများပြန်လည်တင်ပို့ခဲ့ကြောင်း Rossiya Segodnya သတင်းအေဂျင်စီ၏ ဖော်ပြချက်များအရ သိရသည်။

ရုရှားဘက်က ဒေသစံတော်ချိန် ၁၆ နာရီတွင် ယူကရိန်းကို ဖြတ်သန်း၍ ဟန်ဂေရီ၊ ဆလိုဗက်ကီးယားသို့ ရေနံတင်ပို့ခဲ့ကြောင်း ရုရှားရေနံပိုက်လိုင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီ၏ ပြောကြားချက်ကို ကိုးကား၍ ဩဂုတ် ၁၀ ရက်၌ ဖော်ပြထားသည်။

ထိုနေ့နံနက်အစောပိုင်းတွင် ဟန်ဂေရီ ရေနံနှင့်သဘာဝဓါတ်ငွေ့ကုမ္ပဏီက ယူကရိန်းနှင့်ရုရှား တာဝန်ရှိသူများက “ချစ်ကြည်ရေး” ရေနံပိုက်လိုင်း၊ တောင်ဘက်လိုင်း တင်ပို့မှုများ ပြန်လည်ဆောင်ရွက်ရန် ဆွေးနွေးမှုများ စတင်ပြီးနောက် ကုမ္ပဏီက ပိုက်လိုင်း၏ ယူကရိန်းအပိုင်း အသုံးပြုရန်အတွက် ဖြတ်သန်းခွင့် အခကြေးငွေကို ပေးချေခဲ့သဖြင့် ယင်းရေနံပိုက်လိုင်း ပြန်လည်စတင်လည်ပတ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းဘက်က ဩဂုတ် ၄ ရက်မှစ၍ ယူကရိန်းနယ်နိမိတ်ကို ဖြတ်ကျော်သော “ချစ်ကြည်ရေး”ရေနံပိုက်လိုင်း တောင်ဘက်လိုင်းမှတစ်ဆင့် ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနှင့် ချက်သမ္မတနိုင်ငံများသို့ ရုရှားရေနံ တင်ပို့မှုကို တားမြစ်ခဲ့ကြောင်း ရုရှားရေနံပိုက်လိုင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီက ဩဂုတ် ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဥရောပသမဂ္ဂ၏ ဘဏ္ဍာရေးပိတ်ဆို့ခြင်းခံရမှုကြောင့် ယင်းကုမ္ပဏီသည် ယူကရိန်းဘက်သို့ နယ်နိမိတ်ဖြတ်ကျော်သည့် အခကြေးငွေ ပေးချေ၍မရဖြစ်ခဲ့ပြီး ထိုမတိုင်မီ ပေးချေထားသည့် အခကြေးငွေများသည်လည်း ပြန်လည်ရောက်ရှိလာခဲ့ကြောင်း၊ ယူကရိန်းရေနံပို့ဆောင်ရေးကုမ္ပဏီက နယ်နိမိတ်ဖြတ်ကျော်သော အခကြေးငွေ မပေးချေဟူသော အကြောင်းပြချက်ဖြင့် ဝန်ဆောင်မှုရပ်တန့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ချစ်ကြည်ရေး”ရေနံပိုက်လိုင်းသည် ရုရှားနိုင်ငံ အနောက်တောင်ပိုင်း Samara ပြည်နယ်တွင် အစပြုပြီး မြောက်ဘက်လိုင်းသည် ဘီလာရုဇ်နိုင်ငံကို ဖြတ်သန်း၍ ဂျာမနီနှင့်ပိုလန်သို့ ဆက်သွယ်ထားခြင်း ဖြစ်သလို တောင်ဘက်လိုင်းမှာမူ ယူကရိန်းကို ဖြတ်သန်း၍ ချက်၊ ဆလိုဗက်ကီးယားနှင့် ဟန်ဂေရီ စသည့်နိုင်ငံများထံ ဆက်သွယ်ထားခြင်း ဖြစ်သည်။ (Xinhua)

………………………………………….

(Chinese Version)

(乌克兰局势)俄罗斯已恢复过境乌克兰向匈牙利、斯洛伐克输油
2022-08-11 05:14:56 分类: 其他
新华社莫斯科8月10日电(记者赵冰)据今日俄罗斯通讯社报道,在乌克兰确认收到匈牙利和斯洛伐克方面支付的过境运输费用后,俄罗斯10日已恢复从过境乌克兰的“友谊”输油管道南线向匈、斯两国输送石油。
报道10日援引俄罗斯石油管道运输公司的消息说,俄方于当地时间16时(北京时间21时)恢复过境乌克兰向匈牙利、斯洛伐克输送石油。
当天早些时候,匈牙利石油和天然气公司表示,在与乌克兰和俄罗斯有关方面就恢复“友谊”输油管道南线运输进行谈判后,该公司为使用该管道乌克兰段支付了过境费,“友谊”输油管道南线已重新启动。
俄罗斯石油管道运输公司9日发布通告说,乌方自8月4日起禁止俄方石油从过境乌克兰的“友谊”输油管道南线输送给匈牙利、斯洛伐克和捷克。由于遭受欧盟的金融制裁,该公司无法向乌方支付过境费,此前支付的过境费已被退回。乌克兰石油运输公司以未收到过境费为由,决定停止提供石油运输服务。
“友谊”输油管道起点在俄罗斯西南部萨马拉州,北线经由白俄罗斯通往德国和波兰,南线经乌克兰连接捷克、斯洛伐克和匈牙利。(完)

1. 这是5月24日在匈牙利萨兹豪隆包陶拍摄的多瑙河炼油厂设施。新华社发(弗尔季•奥蒂洛摄)