Connect with us

Europe

Brexit မငြိမ်မသက်မှု ပြန်လည်ထွက်ပေါ်လာ၊ ဗြိတိန်က သဘောတူညီချက် အကြောင်းအရာအချို့ကို ချိုးဖျက်မည်ဟု ခြိမ်းခြောက်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဝန်ကြီးချုပ်ရုံး၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၂ ရက် (ဆင်ဟွာ)

ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့အကြား “Brexit” ကြောင့် မငြိမ်မသက်မှုများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ ဗြိတိန်အစိုးရက သဘောတူညီချက်တွင် ပါရှိသော “မြောက်အိုင်ယာလန်သဘောတူညီမှု” ကို ပြန်လည်ညှိနှိုင်းရန် မေ ၁၁ ရက်တွင် တောင်းဆိုခဲ့ပြီး အကယ်၍ညှိနှိုင်းမှုကို သဘောမတူညီပါက သက်ဆိုင်ရာ အကြောင်းအရာများကို ချိုးဖျက်မည်ဟု ခြိမ်းခြောက်ထားသည်။ “Brexit” သဘောတူညီချက်သည် ဥပဒေကန့်သတ်မှုရှိကြောင်းနှင့် ပြန်လည်ညှိနှိုင်းခြင်းသည် “ရွေးချယ်မှုတွင် မပါဝင်ကြောင်း” ဥရောပသမဂ္ဂက သတိပေးပြောကြားခဲ့သည်။

ဗြိတိန်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ဥရောပသမဂ္ဂမှ တရားဝင်နုတ်ထွက်ခဲ့ပြီး “မြောက်အိုင်ယာလန်သဘောတူညီမှု”သည် “Brexit”သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သဘောတူညီချက်အရ အိုင်ယာလန်ကျွန်းတွင် ကုန်းတွင်း hard border ဖြစ်ပေါ်လာမှုမှ တားဆီးရန် မြောက်အိုင်ယာလန်ဒေသသည် ဥရောပတစ်ခုတည်းသောစျေးကွက်နှင့် ဥရောပသမဂ္ဂ အကောက်ခွန်သမဂ္ဂတွင် ဆက်လက်ရှိနေရမည်ဖြစ်သည်။ သို့သော် ဗြိတိန်မှ မြောက်အိုင်ယာလန်ဒေသသို့ ဝင်ရောက်လာသည့် အချို့သော ကုန်ပစ္စည်းများမှာ အကောက်ခွန်နှင့် နယ်စပ်လုံခြုံရေးစစ်ဆေးမှုကို ခံယူရမည်ဖြစ်သည်။ မြောက်အိုင်ယာလန်ရှိ ဗြိတိန်ကျွန်းမှ အချို့သော ကုန်စည်များသည် အကောက်ခွန်နှင့် နယ်စပ်လုံခြုံရေး စစ်ဆေးမှု ခံယူရမည်ဖြစ်သည်။ မြောက်အိုင်ယာလန်နှင့် ဗြိတိန်အခြားဒေသအကြား အတားအဆီးများထားရှိခြင်းသည် ကွဲပြားမှုကို ဖန်တီးနေကြောင်း မြောက်အိုင်ယာလန်ရှိ Anglophiles များက ယူဆသည်။

လွန်ခဲ့သည့် လအနည်းငယ်က ဗြိတိန်သည် စာချုပ်တိုးတက်မှုရပ်တန့်နေခြင်းက မြောက်အိုင်ယာလန်ကုန်သွယ်မှုကို အနှောက်အယှက်ဖြစ်စေပြီး နိုင်ငံရေးမတည်မငြိမ်မှုကို ပိုမိုဆိုးရွားစေသဖြင့် ပြုပြင်ပြောင်းလဲပေးရန် တောင်းဆိုထားသည်။

ဥရောပသမဂ္ဂက ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ပြုပြင်ပြောင်းလဲမှုအဆိုကို ထုတ်ပြန်ခဲ့သည်။ ၎င်းအဆိုတွင် ဗြိတိန်နှင့် မြောက်အိုင်ယာလန်အကြား ကုန်စည်ပို့ဆောင်ခြင်း အဆင်ပြေချောမွေ့စေရန် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းစဉ်များ လျှော့ချခြင်း၊ နယ်စပ်မှတ်ပုံတင်မှုနှင့် စစ်ဆေးမှုကို ဖြေလျှော့ခြင်းတို့ ပါဝင်ကြောင်းသိရသည်။ ထို့ပြင် မြောက်အိုင်ယာလန်တွင် ဆေးဝါးများပြတ်တောက်မှုမရှိစေရန် ဥရောပသမဂ္ဂက ၎င်း၏ ကိုယ်ပိုင်စည်းမျဉ်းကို ပြင်ဆင်ပေးရန်လည်း သဘောတူထားသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss က ဥရောပသမဂ္ဂ၏ အထက်ပါအဆိုပြုချက်ကို လက်မခံကြောင်း ယခုလ ၁၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဥရောပသမဂ္ဂ၏ အဆိုပြုချက်သည် အဓိကပြဿနာများကို ကိုင်တွယ်ဖြေရှင်း၍ မရသည့်အပြင် အချို့သောကိစ္စများတွင် ဗြိတိန်ကို နောက်ပြန်ဆုတ်စေမည်ဟု ၎င်းက ပြောကြားခဲ့သည်။ ဗြိတိန်အနေဖြင့် စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် နည်းလမ်းရှာဖွေရန် မျှော်လင့်ထားပြီး အကယ်၍ မရရှိနိုင်ပါက ဗြိတိန်သည် ရှောင်ရှားနေမည်မဟုတ်ဘဲ ဆောင်ရွက်ချက်အစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဗြိတိန်အနေဖြင့် သဘောတူညီချက်ပါ သက်ဆိုင်ရာ အကြောင်းအရာများကို တစ်ဖက်သတ် ချိုးဖျက်ခြင်းကို ထည့်သွင်းစဉ်းစားထားသည့်အပြင် ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲနိုင်ကြောင်း ရိုက်တာကဖော်ပြထားသည်။ ယင်းက ငွေကြေးဖောင်းပွမှု မြင့်မားလျက်ရှိသည့် အခြေအနေအောက်တွင် ဥရောပသမဂ္ဂအား သတိပေးနိုးကြားမှု တစ်ခုပင်ဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဦးဆောင်သည့် အစိုးရသည် ဗြိတိန်နှင့် မြောက်အိုင်ယာလန်ကြား ကုန်စည်စစ်ဆေးမှုများကို ဥပဒေပြုကာ ပယ်ဖျက်နိုင်ကြောင်း 《The Times》က ဖော်ပြသည်။
ယင်းအပေါ် ဥရောပသမဂ္ဂက ဗြိတိန်အနေဖြင့် ဥပဒေအကန့်အသတ်ရှိသည့် Brexit သဘောတူညီချက်ကို လေးစားလိုက်နာခြင်း မရှိကြောင်း စွပ်စွဲခဲ့သည်။ ဗြိတိန်က စာချုပ်ပါ အကြောင်းအရာကို တစ်ဖက်သတ် ပြင်ဆင်ပါက ယင်းလုပ်ရပ်သည် အလွန်တာဝန်မဲ့ကြောင်း ဥရောပသမဂ္ဂ သံတမန်တစ်ဦးက ထောက်ပြသည်။

ဥရောပကော်မရှင်ဒုတိယဥက္ကဋ္ဌ Maros Sefcovic က ဥရောပသမဂ္ဂသည် သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ရေရှည်ဖြေရှင်းနည်းများကို အမြဲအဆိုပြုနေကြောင်းနှင့် “မြောက်အိုင်ယာလန်သဘောတူညီချက်” သည် “Brexit” သဘောတူညီချက်၏အခြေခံအုတ်မြစ်ဖြစ်သည့်အပြင် အပြည်ပြည်ဆိုင်ရာသဘောတူညီချက်လည်းဖြစ်သောကြောင့် ပြန်လည်ညှိနှိုင်းခြင်းသည် ရွေးချယ်မှုတွင် မပါရှိကြောင်း ၎င်းက မေ ၁၀ ရက်တွင် သတိပေးပြောကြားခဲ့သည်။

ဂျာမနီဝန်ကြီးချုပ် Olaf Scholz ကလည်း ဗြိတိန်အနေဖြင့် “မြောက်အိုင်ယာလန်သဘောတူညီချက်” ကို မချိုးဖျက်ရန် သတိပေးထားသည်။ “မိမိတို့က မြောက်အိုင်ယာလန်အတွက် ကောင်းတဲ့ရွေးချယ်မှုတစ်ခုကို ရှာဖွေပေးထားတယ်။ ဘယ်သူကမှ မိမိတို့ကြား သဘောတူထားတဲ့အရာကို တစ်ဖက်သတ် ချိုးဖျက်ဖို့နဲ့ အခြားပျက်ပြားစေမယ့် နည်းလမ်းနဲ့ ပြောင်းလဲဖို့မသင့်ပါဘူး”ဟု ၎င်းကဆိုသည်။ ဤကိစ္စရပ်သည် ဗြိတိန်နှင့် ဥရောပသမဂ္ဂ ဆက်ဆံရေးကို ထိခိုက်ရုံသာမက ဒေသတစ်ခုလုံး၏ တည်ငြိမ်ဖွံ့ဖြိုးမှုကိုပါ ထိရောက်စေမည့် အလွန်ရှုပ်ထွေးသော ပြဿနာဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)
…………………………………………
(Chinese Version)
“脱欧”风波再起 英国威胁撕毁协议部分内容
新华社北京5月12日电 英国和欧洲联盟因“脱欧”风波再起。英国政府11日要求就协议中的“北爱尔兰议定书”重新谈判,否则将撕毁相关内容;欧盟则警告,“脱欧”协议具有法律约束力,重新谈判“不在选项中”。
英国2021年1月正式脱离欧盟,“北爱尔兰议定书”是“脱欧”协议的一部分。根据协议,北爱尔兰地区留在欧洲单一市场与欧盟关税同盟内,以防止爱尔兰岛内出现陆上“硬边界”。不过,英国大不列颠岛进入北爱地区的部分商品需接受海关和边境安全检查。北爱地区亲英派认为,这种在北爱与英国其他地区之间设关卡的做法是在制造分隔。
过去数月,英国一直抱怨议定书太僵化,干扰北爱地区贸易,加剧政治不稳定,要求修改。
欧盟去年10月发布修改建议,包括通过削减海关手续、简化认证和减少边检来促进大不列颠岛与北爱尔兰之间的货物流通。此外,欧盟还同意修改自身规则以保证北爱地区药品供应不间断。

英国外交大臣伊丽莎白•特拉斯本月11日发表声明,拒绝欧盟上述提议。她说,欧盟方面的提议不仅没有解决关键问题,在某种情况下甚至使英国倒退。英国方面希望通过谈判得到解决方案,一旦无法达成,英国“将不回避采取行动”。
按路透社说法,英国考虑单方面撕毁协议相关内容,还表示可能与欧盟打贸易战。在通货膨胀加剧的背景下,这给欧盟敲响了警钟。
英国《泰晤士报》报道,首相鲍里斯•约翰逊领导的政府可能通过立法取消大不列颠岛与北爱之间的货物检查,让北爱地区无需遵守欧盟相关规定。
对此,欧盟指责英国没有尊重具有法律约束力的“脱欧”协议。一名欧盟外交官指出,如果英国单方面修改“北爱尔兰议定书”,将是极其不负责任的行为。
欧盟委员会副主席马罗什•谢夫乔维奇10日说,欧盟方面“一直不知疲倦地提出创造性的长期解决方案,在如何实施议定书方面显示出灵活性”。他警告,“北爱尔兰议定书”是“脱欧”协议的基石,是国际协议,因此重新谈判不在选项中。
德国总理奥拉夫•朔尔茨也警告英国不要撕毁“北爱尔兰议定书”:“我们为北爱尔兰找到一条好路,任何人都不应单方面废除、破坏或以任何其他方式改变我们之间已经达成的协议。”他表示,这个问题相当复杂,不仅涉及英欧关系,还将影响整个地区的和平发展。(张旌)
图说- 2020年12月30日,在英国伦敦的首相府,英国首相鲍里斯•约翰逊在英欧未来关系协议上签字。新华社发(英国首相府供图)