Connect with us

Europe

ရုရှား-ယူကရိန်း ပဋိပက္ခမှ ရိုက်ခတ်သော ကမ္ဘာ့စီးပွားရေး ဂယက်လှိုင်း____အနောက်နိုင်ငံများ ပိတ်ဆို့မှု၏ ကမ္ဘာတစ်ဝန်းအပေါ် ရိုက်ခတ်သည့် ဆိုးကျိုးများနှင့် ကမ္ဘာ့စီးပွားရေးအန္တရာယ်အထပ်ထပ်

ဗြိတိန်နိုင်ငံ Ellesmere ဆိပ်ကမ်းတွင် ရိုက်ကူးသော ရေနံချက်စက်ရုံတစ်ခုအား မတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၁၂ ရက် (ဆင်ဟွာ)

ရုရှား-ယူကရိန်း ပဋိပက္ခ အရှိန်မြင့်တက်လာပြီးနောက် အမေရိကန်နှင့်၎င်း၏မဟာမိတ်များက ရုရှားအပေါ် အဆုံးစွန် ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့ရာ ကမ္ဘာစီးပွားရေးနိုင်ငံရေးအသွင်ပြောင်း၊ လက်နက်ကိရိယာအသွင်ပြောင်းလာခြင်းနှင့်အတူ နိုင်ငံတကာ စားနပ်ရိက္ခာကုန်ဈေးနှုန်း၊ စွမ်းအင်ဈေးနှုန်းအပေါ် ကြီးမားသည့် ရိုက်ခတ်မှုများ ဖြစ်ပေါ်လာသည်။ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ထောက်ပို့ရေးကွင်းဆက်”အတားအဆီးကျပ်တည်း”များ ပို၍ ဆိုးဝါးလာမှုက ပြန်လည်ရှင်သန်ရေး ခဲယဉ်းစွာ ရုန်းကန်နေရသည့် ကမ္ဘာ့စီးပွားရေးတွက် ပို၍အဟန့်အတားများ ဖြစ်လာစေသည်။

ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည်ရှင်သန်ရေးအပေါ် ဖြစ်ပွားသည့် ဧရာမကြီးမားသည့် အခက်အခဲများက ကမ္ဘာ့စီးပွားရေးအစုအဖွဲ့၊နိုင်ငံ ၁၄၃ ခု၏ ယခုနှစ်စီးပွားရေးတိုးတက်မှုနှုန်း ကြိုတင်ခန့်မှန်းမှုတန်ဖိုး နိမ့်ကျစေကြောင်း၊ ၎င်းမှာကမ္ဘာလုံးဆိုင်ရာစီးပွားရေး စုစုပေါင်း ပမာဏ၏ ၈၆ ရာခိုင်နှုန်း ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) မန်နေဂျင်းဒါရိုက်တာ Kristalina Georgievaက ပြီးခဲ့သည်ရက်ပိုင်းတွင် ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့ ကွန်တိန်နာဆိပ်ကမ်းအား မတ် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စားနပ်ရိက္ခာအကျပ်အတည်းအန္တရာယ် မြင့်တက်လာ

ရုရှား-ယူကရိန်းနှစ်နိုင်ငံစလုံးသည် လယ်ထွက် ပို့ကုန်နိုင်ငံကြီးများ ဖြစ်သည်။ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)အတွင်းရေးမှူးရုံး၏ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ၂၀၁၉ ခုနှစ်တွင် ရုရှား-ယူကရိန်း နှစ်နိုင်ငံ၏ ဂျုံ၊ မုယောနှင့် နေကြာစေ့ ပို့ကုန်ပမာဏသည့် တစ်ကမ္ဘာလုံး၏ ၂၅ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းနှင့် ၄၅ ရာခိုင်နှုန်းတို့တွင် အသီးသီးရှိကြကြောင်း သိရသည်။ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ David Malpassက ရုရှား-ယူကရိန်း ပဋိပက္ခနှင့် အနောက်နိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာ၊ စွမ်းအင်၊ ဓာတ်မြေဩဇာ လိုအပ်မှုများ ဖြစ်ပေါ်စေရာ ထိုမှတစ်ဆင့် စားနပ်ရိက္ခာဖူလုံရေးအကျပ်အတည်းဖြစ်ပွားလာကြောင်း၊ ထိုအကျပ်အတည်းကြီးတွင် ဒုက္ခခံစားရမှုအများဆုံးက အဆင်းရဲဆုံးလူတန်းစားများ ဖြစ်ကြောင်း ဆိုသည်။

အရှေ့အလယ်ပိုင်းဒေသတွင် အီဂျစ်နိုင်ငံသည် ကမ္ဘာတွင် ဂျုံတင်သွင်းမှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၎င်း၏ဂျုံတင်သွင်းမှု ၈၀ ရာခိုင်နှုန်းက ရုရှားနှင့် ယူကရိန်းမှ ဖြစ်သည်။ ယင်းဒေသများတွင် ၄၀ ကီလိုဂရမ် ဂျုံမှုန့်တစ်အိတ်ကို ယခုနှစ် ဖေဖော်ဝါရီလတွင် အီဂျစ်ပေါင်ငွေ ၄၃၀ (ကန်ဒေါ်လာ ၂၃ ခန့်)မှ ဧပြီလတွင် အီဂျစ်ပေါင်ငွေ ၅၆၀ (ကန်ဒေါ်လာ ၃၀ ခန့်)အထိ ထိုးတက်သွားခဲ့သည်။ လက်ဘနွန်ဂျုံတင်သွင်းသူ ကုန်သည်တစ်ဦး ဖြစ်သည့် ဟာမက်ဟူတေးက ၎င်းနိုင်ငံ၏ဂျုံသိုလှောင်မှုပမာဏသည် “စားသုံးသူလိုအပ်ချက်အတွက် တစ်လခွဲစာသာ ထိန်းထားနိုင်တယ် ”ဟု ဆိုသည်။

အာဖရိကအတွက်လည်း အလားတူပင် အခြေအနေ ဆိုးဝါးနေသည်။ ရုရှား-ယူကရိန်းပဋိပက္ခ၊ မိုးခေါင်ရေရှား၊ ရေကြီးရေလျှံစသည့်အကြောင်းအရင်းများကြောင့် အနောက်အာဖရိကဒေသသည် ၁၀ နှစ်ခန့် ကာလအတွင်း အဆိုးဝါးဆုံးသော စားနပ်ရိက္ခာအကျပ်အတည်းနှင့်ရင်ဆိုင်နေရာ လက်ရှိ လူပေါင်း ၂၇ သန်းကျော်က ငတ်မွတ်ခေါင်းပါးမှုနှင့်ရင်ဆိုင်နေရပြီး ၎င်းပမာဏသည် ဇွန်လပိုင်းတွင် ၁၁ သန်းအထိ မြင့်တက်နိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာကူညီကယ်ဆယ်ရေးနှင့်ပရဟိတအသင်းအဖွဲ့များက ပြီးခဲ့သည့်ရက်ပိုင်းတွင် သတိပေးပြောကြားထားသည်။

ပဋိပက္ခနှင့်အလှမ်းဝေးနေသည့် လက်တင်အမေရိကလည်း ရိုက်ခတ်မှုဒဏ်ခံရမှုရှိသည်။ ကမ္ဘာတစ်ဝန်း ပဲပုပ်အဓိကစိုက်ပျိုးသည် နိုင်ငံတစ်နိုင်ငံဖြစ်သော ဘရာဇီးကို ဥပမာထားဆိုရလျှင် ၎င်းနိုင်ငံ၏ ဓါတုမြေဩဇာ ၈၅ ရာခိုင်နှုန်းသည် သွင်းကုန်ကို အားကိုးနေရခြင်း ဖြစ်ရာ ယင်းသွင်းကုန်ပမာဏ၏ ငါးပုံ တစ်ပုံသည် ရုရှားမှ ဖြစ်သည်။ သို့သော် ထိုမတိုင်မီ ရုရှားစက်မှုလုပ်ငန်းနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက ဓါတုမြေဩဇာတင်ပို့မှုအားလုံးကို ခေတ္တရပ်တန့်ထားရန် အကြံပြုခဲ့သည်။ အကယ်၍ ဘရာဇီးလယ်ယာစိုက်ပျိုးသူများ ဈေးနှုန်းမြင့်မားစွာဖြင့် ဓါတ်မြေဩဇာဝယ်ယူရခြင်း သို့မဟုတ် လျှော့သုံးရခြင်းကြောင့် လယ်ယာထွက်ကုန်ပမာဏ လျှော့နည်းသွားမည်ဆိုပါက ပဲပုတ်စသည့် လယ်ယာထွက်ကုန်ဈေးနှုန်းများလည်း ထပ်ဆင့် မြင့်တက်လာမည် ဖြစ်သည်။

အမေရိကန် Goldman Sachs Group ၏ သုံးသပ်သူ ပညာရှင် တစ်ဦးက အနောက်နိုင်ငံများ ရုရှားအပေါ် ပိတ်ဆို့မှုက ကုန်သွယ်ရေးကဏ္ဍကို သက်ရောက်မှုရှိသည့်အပြင် နိုင်ငံသီးသီးရှိ လုပ်ငန်းများ၏ ပထဝီနိုင်ငံရေးအန္တရာယ်စိုးရိမ်မှုကို ထပ်တိုးစေကြောင်း၊ ထို့ကြောင့် ကုန်စည်ထောက်ပို့ရေးလမ်းကြောင်းကို များပြားအောင် လုပ်ဆောင်ခြင်းနှင့် ကုန်သိုလှောင်ခြင်းများဖြင့် ကုန်ပစ္စည်းမပြတ်လပ်သွားအောင် မဖြစ်မနေ လုပ်ဆောင်ကြရာ ၎င်းမှာ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်တိုးစေမည် ဖြစ်ကြောင်း ဆိုသည်။

“နိုင်ငံအများစုအတွက်ပြောရမယ်ဆိုရင် ဒီလို ကုန်ဈေးနှုန်းတွေမြင့်မားလာတာက နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်မှုကို သက်ရောက်စေနိုင်တယ်”ဟု ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Aberdeenရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဈေးကွက်ဖြစ်ထွန်းရေး ရင်းနှီးမြှုပ်နှံမှုအဖွဲ့ မန်နေဂျာ ဗစ်တာဆာဘိုက ဆိုသည်။

ဂျာမနီနိုင်ငံ ဘာလင်မြို့ စူပါမားကက်တစ်ခုရှိ ဂျုံပစ္စည်းများအား ဧပြီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စွမ်းအင်စနစ် ရိုက်ခတ်မှုဒဏ် ခံနေရ

စားနပ်ရိက္ခာအပြင် ရုရှားသည် စွမ်းအင်တင်ပို့မှု နိုင်ငံကြီးဖြစ်ရာ ဥရောပသမဂ္ဂနိုင်င့များ တင်သွင်းသော ရေနံနှင့်သဘာဝဓါတ်ငွေ့ ၃၀ ရာခိုင်နှုန်းနှင့် ၄၀ ရာခိုင်နှုန်းသည် ရုရှားမှ ဖြစ်သည်။ ရုရှား-ယူကရိန်း ပဋိပက္ခအရှိန်မြင့်တက်လာရာ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုနှင့်ဈေးကွက်စိုးရိမ်ကြောင့်ကြမှုများ၏ ရိုက်ခတ်မှုကြောင့် နိုင်ငံတကာရေနံဈေးများ ခုန်တက်ခဲ့ရာ ကာလတစ်ခုတွင် ရေနံတစ်စည်လျှင် အမေရိကန် ဒေါ်လာ ၁၄၀ နီးပါး ဖြစ်ခဲ့သည်။ ယခုကာလများတွင် အမေရိကန် ဒေါ်လာ ညွှန်းကိန်းများ လျင်မြန်စွာ တက်လာခြင်း၊ ဥရောပသမဂ္ဂက ရုရှားအပေါ် ရေနံ၊သဘာဝဓါတ်ငွေ့ပိတ်ဆို့မှုနည်းလမ်းများ အသေးစိတ်မဖော်ဆောင်သေးခြင်းများကြောင့် ဈေးကွက်ပံ့ပိုးရေး စိုးရိမ်မှု အနည်းငယ်လျော့ကျလာပြီး နိုင်ငံတကာရေနံဆီဈေးပြန်လည် ကျဆင်းလာသော်လည်း ရေနံတစ်စည်လျှင် အမေရိကန် ဒေါ်လာ ၁၀၀ ဝန်းကျင် ဈေးနှုန်းမြင့်တွင်ပင် ရှိနေသေးသည်။

စွမ်းအင်ဈေးနှုန်းများစွာ ခုန်တက်သွားခြင်းက ဥရောပနိုင်ငံများအပေါ် ရိုက်ခတ်မှု အထူးသိသာထင်ရှားစေခဲ့သည်။ “ကျွန်တော်တို့က (ရုရှား) စွမ်းအင် ထုတ်ကုန်တွေကို ပိတ်ဆို့လိုက်လို့ ရုရှားစီးပွားရေးကို ထိခိုက်စေမယ်လို့ ယူဆကြတယ်။ ဒါပေမယ့် ပိတ်ဆို့မှုဒဏ်က ဥရောပသမဂ္ဂစီးပွားရေးကို ပိုပြီး အများကြီး အထိနာစေလိမ့်မယ်”ဟု အီတလီ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီးဟောင်း Michele Geraci က ဆိုသည်။

ပြင်သစ်တွင် ယခုနှစ် မတ်လ စွမ်းအင်ဈေးနှုန်းသည် ပြီးခဲ့သည့် ကာလတူထက် ၂၉.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ၎င်းတို့အနက် ရေနံထုတ်ကုန်ပစ္စည်းက ၄၃.၅ ရာခိုင်နှုန်း၊ သဘာဝဓါတ်ငွေ့ ၄၁.၃ ရာခိုင်နှုန်း၊ ဓါတ်အားခ ၆ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့သည်။ ဂျာမနီ၏ သဘာဝဓါတ်ငွေ့ သွင်းကုန် တစ်ဝက်ကျော်က ရုရှားမှ ဖြစ်သည်။ ဂျာမနီ ကုန်ဈေးနှုန်းကြီးကြပ်ရေးဌာန၏ ခန့်မှန်းတွက်ချက်မှုများအရ သဘာဝဓါတ်ငွေ့ဈေး မြင့်မားခြင်းကြောင့် ဂျာမနီမိသားစုများ၏ နှစ်စဉ် သဘာဝဓါတ်ငွေအသုံးစားရိတ်သည် ယူရိုငွေ တစ်ထောင်၊နှစ်ထောင်အထိ တိုးလာနိုင်ကြောင်း ဆိုသည်။ ဂျာမနီ Cologne Institute စီးပွားရေးသုတေသနဌာန အကြီးအကဲ Michael Hutterက အကယ်၍ ရုရှားအပေါ် စွမ်းအင်ဘက်စုံ တားမြစ်ပိတ်ဆို့မှုများလုပ်မည်ဆိုပါက ဂျာမနီတွင် အလုပ်အကိုင်မဲ့ လူဦးရေ ၄ သန်းထိ မြင့်တက်သွားနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။

သတိပြုဖွယ်ရာ ကောင်းသည်မှာ ရုရှား-ယူကရိန်း ပဋိပက္ခက ကမ္ဘာ့စွမ်းအင်ဈေးကွက်အပေါ် သက်ရောက်မှုသည် ရေရှည် တည်ရှိနေမည် ဖြစ်သည်။ ဥရောပနိုင်ငံများအနေဖြင့် ရုရှား ရေနံနှင့်သဘာဝဓါတ်ငွေ့အားထားမှုကို မဖြစ်မနေ လျှော့ချ၍ အစားထိုးနည်းလမ်း ရှာဖွေနိုင်ကောင်းသလို ရုရှားအနေဖြင့်လည်း ဖွံ့ဖြိုးဆဲစီးပွါးရေးအစုအဖွဲ့နိုင်ငံများသို့ စွမ်းအင်ဝယ်ယူသုံးစွဲမည့်ဈေးကွက် ပိုမို ကျယ်ပြန့်လာအောင် တိုးချဲ့လာရန် လိုအပ်ခြင်းကြောင့် ကမ္ဘာ့စွမ်းအင်ဖွဲ့စည်းတည်ဆောက်မှု ချိန်ညှိခြင်း ဖြစ်စေလိမ့်မည် ဖြစ်သည်။ ထို့အပြင် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကို တန်ပြန်ရန်အတွက် ရူဘယ်ငွေဖြင့် စွမ်းအင်အရင်းအမြစ်ကုန်စည်ဝယ်ယူခြင်း နည်းလမ်းများကို အသုံးပြုနေခြင်းကလည်း နိုင်ငံတကာ စွမ်းအင်ဈေးနှုန်းသတ်မှတ်မှုနှင့်ငွေစာရင်းရှင်းတမ်းစနစ်အပေါ် ရေရှည်သက်ရောက်မှု ရှိမည် ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ထောက်ပို့မှုကွင်းဆက် “အတားအဆီး အပိတ်အဆို့များ”ပေါ်ပေါက်လာ

ရုရှား-ယူကရိန်း ပဋိပက္ခတွင် အနောက်နိုင်ငံများ၏ ရုရှားအပေါ်စီးပွားရေးပိတ်ဆို့မှု ထပ်လောင်းလိုက်ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ပံ့ပိုးမှုကွင်းဆက် အတားအဆီးဖြစ်စေရာ ကမ္ဘာ့ကုန်သွယ်ရေး ပုံမှန်လည်ပတ်ခြင်းကို ဆိုးဝါးစွာ သက်ရောက်မှု ဖြစ်စေသည်။

ယူကရိန်း စက်ရုံအများအပြား ထုတ်လုပ်မှု ရပ်တန့်သွားပြီး ကုန်ပစ္စည်းအစိတ်အပိုင်း ပံ့ပိုးမှုများ မရေရာခြင်းကြောင့် ဂျာမနီ ကားထုတ်လုပ်ရေးလုပ်ငန်း စသည့် လုပ်ငန်းများက လျှော့ချထုတ်လုပ်ခြင်း သို့မဟုတ် ရပ်နားခြင်းများပြုခဲ့ရသည်။
ရုရှားဘက်တွင်မူ အနောက်နိုင်ငံများ ပိတ်ဆို့မှု၏ ရိုက်ခတ်ဒဏ်က ကနဦးတွင် အဓိကအားဖြင့် ဘဏ္ဍာရေးဈေးကွက်ကို သက်ရောက်ခဲ့သော်လည်း ယခုအခါတွင်မူ လက်တွေ့စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှ စတင်များပြားလာပြီဖြစ်ကြောင်း ၊ အဘယ်ကြောင့်ဆိုသော် ရုရှားထုတ်လုပ်သည့် ကုန်ပစ္စည်းအားလုံးနီးပါး၏ အစိတ်အပိုင်းများက သွင်းကုန်ကိုအားထားနေရခြင်း ဖြစ်ကြောင်း ရုရှားဗဟိုဘဏ်ဥက္ကဋ္ဌ Elvira Nabiullina ဧပြီ လလယ်ပိုင်းက ပြောကြားခဲ့သည်။
လက်ရှိ စက်ရုံတွင် သိုလှောင်ထားသည့် ပစ္စည်းရှိနေနိုင်သော်လည်း အနောက်နိုင်ငံများ၏ ပို့ကုန် ကန့်သတ်မှုများကြောင့် ကုန်ပစ္စည်းအစိတ်အပိုင်းများကို ရုရှားကုမ္ပဏီများက ကုန်စည်ထောက်ပို့မှုကွင်းဆက် လမ်းကြောင်းပြောင်းရ သို့မဟုတ် မိမိကိုယ်တိုင် ထုတ်လုပ်ရနိုင်ဖွယ် ရှိနေကြောင်း ဆိုသည်။

ရုရှားကုန်ကြမ်းပစ္စည်းတင်ပို့မှု တားဆီးခံရခြင်းသည်လည်း ကမ္ဘာ့စီးပွားရေးအတွက် အနှောက်အယှက် ဖြစ်စေသည်။ ဥပမာ-ရုရှား နီကယ်ထုတ်လုပ်မှုပမဏသည် တစ်ကမ္ဘာလုံး၏ ၇ ရာခိုင်နှုန်းခန့်ရှိရာ နောက်ထပ်ပိတ်ဆို့မှုများရှိပါက နီကယ်စသည့် သတ္တုပစ္စည်းများ၏ ပံ့ပိုးရေးအပေါ်လည်း သက်ရောက်လာမည်ကို ဈေးကွက်တွင် စိုးရိမ်နေကြသည်။ ရေရှည်ကြည့်မည်ဆိုလျှင် အနောက်နိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့မှုမှ ဖြစ်ပွားသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ထောက်ပို့ရေးကွင်းဆက် အတားအဆီးများ၏ ဆိုးကျိုးဒဏ်ကို ကိုယ်တိုင်ပင် ပြန်လည်ခံစားကြရမည် ဖြစ်သည်။ အမေရိကန် ကုမ္ပဏီ ၂,၁၀၀ ကျော်နှင့် ဥရောပ ကုမ္ပဏီ ၁၂၀၀ ခန့်တွင် အနည်းဆုံး ကုမ္ပဏီတစ်ခုက ရုရှားမှတိုက်ရိုက်တင်သွင်းရန် လုပ်ငန်အသွားအလာ ရှိကြကြောင်း နိုင်ငံတစ်ခု၏ စာရင်းများတွင် ဖော်ပြထားသည်။

စီးပွားရေး ပြန်လည်ရှင်သန်ရေး ခက်ခဲသည်ထက် ခက်ခဲလာ

ကမ္ဘာ့စီးပွားရေး ပြန်လည်ရှင်သန်ရေးတွင် မူလကပင် ဒေသ မညီမျှမှု၊ မူဝါဒ မညှိနှိုင်းနှင့် ကပ်ရောဂါအဖန်တလဲလဲ ဖြစ်ပွားနေခြင်းစသည့် မသေချာမရေရာမှုများ ရှိနေရာ ရုရှား-ယူကရိန်း ပဋိပက္ခက ပြန်လည်ရှင်သန်းရေးဖြစ်စဉ် ခက်ခဲသည်ထက် ခက်ခဲစေသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) မန်နေဂျင်းဒါရိုက်တာ Kristalina Georgievaက ကမ္ဘာကြီးသည် အကျပ်အတည်းကြားက အန္တရာယ်များနှင့်ရင်ဆိုင်နေရကြောင်း ထောက်ပြပြောကြားခဲ့သည်။

ယခုနှစ် စီးပွားရေးကျုံ့ဝင်သွားမှုက ယူကရိန်းတွင် ၄၅.၁ ရာခိုင်နှုန်း၊ ရုရှားတွင် ၁၁.၂ ရာခိုင်နှုန်း၊ ယူရေးရှားဒေသတွင် ထွန်းသစ်စ ဈေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၄.၁ ရာခိုင်နှုန်းရှိမည် ဖြစ်ရာ ယခင်က ခန့်မှန်းထားသကဲ့သို့ ၃ ရာခိုင်နှုန်း တိုးလာမည် မဟုတ်တော့ကြောင်း ကမ္ဘာ့ဘဏ်က ကြိုတင်ခန့်မှန်းထားသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)က ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ယခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတိုးတက်မှုနှုန်း ၂.၄ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းကြား လျင်မြန်စွာ ထိုးကျသွားမည် ဖြစ်ပြီး ယခင်ခန့်မှန်းထားသကဲ့သို့ ၄.၇ ရာခိုင်နှုန်းတိုးလာမည် မဟုတ်တော့ကြောင်း ၊ ကမ္ဘာ့စီးပွားရေးသည်လည်း ၀.၇ မှ ၁.၃ ရာခိုင်နှုန်းအမှတ်သို့ လျင်မြန်စွာ ကျဆင်းနိုင်ပြီး ၃.၁ ရာခိုင်နှုန်းမှ ၃.၇ ရာခိုင်နှုန်းကြားရှိမည်ဖြစ်ကြောင်း ခန့်မှန်းတွက်ချက်ထားသည်။

ရုရှား-ယူကရိန်း ပဋိပက္ခအရှိန်မမြင့်တက်မီကပင် ကပ်ရောဂါကြောင့် ကုန်စည်ထောက်ပို့ရေးကွင်းဆက် အတားအဆီးများ ဖြစ်ခြင်း၊ ကုန်ဈေးနှုန်းလှုပ်ခတ်ခြင်းနှင့် အချို့နိုင်ငံများတွင် ငွေကြေးမူဝါဒများ အလွန်အကျွံလျှော့ချခြင်း စသည့်အကြောင်းအရင်းများ၏ ထပ်ဆင့် ရိုက်ခတ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုသည် အမြင့်နေရာတွင် ရောက်ရှိနေပြီး ဖြစ်သည်။ ရုရှား-ယူကရိန်း ပဋိပက္ခအရှိန်မြင့်တက်လာပြီးနောက် အနောက်နိုင်ငံများက ရုရှားအပေါ် ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ခြင်းကလည်း စွမ်းအင်စသည့် ကုန်စည်ထောက်ပို့ရေးလိုအပ်ချက်ဆက်ဆံမှုကို ပြောင်းလဲစေခြင်းကြောင့် နိုင်ငံအသီးသီး ငွေကြေးဖောင်းပွမှုအရှိန်က ထပ်မံတစ်ဆင့် မြင့်တက်လာခဲ့သည်။ အမေရိကန် အလုပ်သမားရေးရာ ဝန်ကြီးဌာန၏ ကိန်းဂဏန်းများတွင် အမေရိကန်စားသုံးသူကုန်ဈေးနှုန်ညွှန်းကိန်းသည် ပြီးခဲ့သည်ကာလတူထက် ၆ လဆက်တိုက် ၆ ရာခိုင်နှုန်းအထက်တွင် ရှိနေပြီဖြစ်ရာ မတ်လတွင် ကာလတူထက် ၈.၅ ရာခိုင်နှုန်းတိုးလာကာ နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးအထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ဥရောပသမဂ္ဂ စာရင်းအင်းဌာန ထုတ်ပြန်သည့် ကနဦး ကိန်းဂဏန်းစာရင်းများတွင် ဧပြီလ ယူရိုငွေသုံးဒေသများ၏ ငွေကြေးဖောင်းပွမှုနှုန်းက နှစ်အလိုက်တွက်ချက်မှု၏ ၇.၅ ရာခိုင်နှုန်းရှိရာ၆ လဆက်တိုက် သမိုင်းစံချိန်သစ် တင်ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

ငွေကြေးဖောင်းပွမှု ဖိအားကြောင့် အမေရိကန် ပြည်ထောင်စု အရံငွေစနစ် (Federal Reserve System (သို့) the Fed)က ငွေကြေးဆိုင်ရာမူဝါဒများကို ပို၍ တင်းကျပ်လာရာ ၎င်းမှာ အချို့နိုင်ငံများ၏ ကြွေးမြီသဘောတူညီချက်ပျက်ကွက်မှုအန္တရာယ်ကို ပို၍မြင့်မားစေပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ရှင်သန်ရေးရင်ဆိုင်ရမည့် အန္တရာယ်များကို ပို၍ထပ်တိုးစေကြောင်း သုံးသပ်သူအချို့က ဆိုသည်။ (Xinhua)

…………………………………………………..
(Chinese Version)
(国际观察)俄乌冲突“世界冲击波”之经济篇——西方制裁殃及全球 世界经济风险重重
2022-05-12 09:40:33 分类: 宏观经济
新华社北京5月12日电(国际观察)俄乌冲突“世界冲击波”之经济篇——西方制裁殃及全球 世界经济风险重重
新华社记者宿亮
俄乌冲突升级后,美国及其盟友对俄罗斯发起极限制裁,把世界经济政治化、工具化、武器化,对国际粮食价格、能源价格造成巨大冲击,令全球供应链“梗阻”越发严重,给艰难复苏中的世界经济设置更多阻碍。
国际货币基金组织总裁格奥尔基耶娃日前表示,俄乌冲突使全球经济复苏遭受巨大挫折,其影响将导致143个经济体今年的经济增速预测值被下调,这些经济体占全球经济总量的86%。
(小标题)粮食危机风险上升
俄乌均为农产品出口大国。根据世界贸易组织秘书处公布的数据,2019年,俄乌两国小麦、大麦和葵花籽产品出口量占全球的25%、15%和45%。世界银行行长马尔帕斯说,俄乌冲突及西方对俄制裁导致粮食、能源、化肥短缺,由此引发粮食安全危机,而遭受打击最大的是最贫困人群。
在中东,埃及是全球最大的小麦进口国之一,其小麦进口80%来自俄罗斯和乌克兰,当地一袋40公斤面粉的价格由今年2月份的430埃镑(约合23美元)涨至4月份的560埃镑(约合30美元)。黎巴嫩小麦进口商艾哈迈德•胡泰特说,该国小麦库存“只够维持民众一个半月的消费需求”。
非洲面临的问题同样严重。一些国际援助和慈善组织日前警告,受俄乌冲突、干旱、洪水等因素影响,西非地区正面临十年来最严重的粮食危机,目前有超过2700万人面临饥荒,这一数字到6月份可能再增加1100万。
远离冲突的拉美也受到波及。以全球主要大豆生产国之一的巴西为例,该国85%左右的化肥依靠进口,其中约五分之一来自俄罗斯,而俄工业和贸易部此前建议全面暂停化肥出口。如果巴西农民不得不高价购买化肥,或因减少使用化肥而导致农作物产量下降,大豆等农产品价格将进一步上涨。
英国伦敦阿伯丁投资公司新兴市场投资组合经理维克托•绍博说:“对许多国家来说,这样的上涨将对政治和社会稳定产生影响。”
(小标题)能源体系受到冲击
除粮食外,俄罗斯还是能源出口大国,欧盟国家进口的石油和天然气分别有约三成和四成来自俄罗斯。俄乌冲突升级以来,受西方制裁措施和市场恐慌情绪影响,国际油价大幅上扬,一度逼近每桶140美元。近来,由于美元指数快速上涨,且欧盟对俄油气制裁措施迟迟未出台,令市场对供应的担忧有所缓解,国际油价有所回落,但仍徘徊在每桶100美元左右的高位。
能源价格大涨对欧洲国家的冲击尤为明显。“我们对(俄罗斯)能源产品实施制裁,认为这会损害俄罗斯经济。然而,制裁措施将对欧盟经济造成更大伤害。”意大利前经济发展部副部长米凯莱•杰拉奇说。
法国今年3月份能源价格同比上涨29.2%,其中石油产品价格上涨43.5%、天然气价格上涨41.3%、电价上涨6.0%。德国超过一半的天然气进口来自俄罗斯,据德国价格监测机构估算,天然气价格大涨导致德国家庭每年的天然气支出增加一两千欧元。德国科隆经济研究所所长迈克尔•许特警告,如对俄实施全面能源禁运,可能导致德国失业人数升至400万。
值得关注的是,俄乌冲突对全球能源市场的影响可能会长期存在。欧洲国家或被迫寻找大幅减少对俄油气依赖的替代方案,俄也需要在发展中经济体开拓更大能源消费市场,这将导致全球能源结构调整。此外,俄为应对西方金融制裁,采取以卢布结算能源资源产品等反制措施,也会对国际能源定价和结算体系产生长期影响。
(小标题)全球供应链现“梗阻”
俄乌冲突叠加西方对俄制裁导致全球供应链受到干扰,严重影响全球贸易正常运行。
乌克兰大批工厂停产,很多零部件供应无法保证,导致德国汽车制造商等企业减产甚至停产。俄罗斯方面,俄央行行长埃尔薇拉•纳比乌琳娜4月中旬说,西方制裁给俄带来的冲击最初主要体现在金融市场,但“现在开始越来越多地影响实体经济”,因为俄制造的“几乎所有产品”都依赖进口零部件。目前工厂可能仍有库存,但由于西方的出口限制,俄公司将被迫转移供应链或开始自己生产零部件。
俄原材料出口受阻也对全球经济带来干扰。例如,俄镍产量约占全球7%,市场担心俄若遭受进一步制裁,镍等金属的供应也将受到影响。从长远看,西方对俄制裁引发的全球供应链“梗阻”将令他们自食其果。有国家统计显示,2100多家美国公司和约1200家欧洲公司都与至少一家来自俄罗斯的直接供应商有业务往来。
美国高盛集团分析师表示,西方对俄制裁除影响贸易往来外,还会令各国企业对地缘政治风险的担忧上升,因此不得不通过供应渠道多样化和增加库存等办法来应对供应链可能出现的中断,这将极大增加企业运营成本。
(小标题)经济复苏难上加难
全球经济复苏本就面临地区不平衡、政策不协调以及疫情不断反复带来的诸多不确定性,而俄乌冲突更令复苏进程难上加难。国际货币基金组织总裁格奥尔基耶娃指出,世界面临着“一场危机中的危机”。
世界银行预计,今年乌克兰经济将萎缩45.1%,俄罗斯经济将萎缩11.2%;欧亚地区新兴市场和发展中国家经济将萎缩4.1%,而不是此前预计的增长3%。世界贸易组织预计,俄乌冲突可能导致今年全球贸易增速降至2.4%到3%之间,而不是此前预测的4.7%;全球经济增速下降0.7到1.3个百分点,降至3.1%至3.7%之间。
俄乌冲突升级前,在疫情造成的供应链“梗阻”、大宗商品价格的波动以及部分国家的超宽松货币政策等因素叠加影响下,全球通胀水平本已处在高位。俄乌冲突升级后,西方对俄极限制裁措施改变了能源等大宗商品供求关系,进一步推高各国通胀。美国劳工部数据显示,美国消费者价格指数同比涨幅已连续六个月高于6%,3月份同比上涨8.5%,涨幅刷新逾40年峰值。欧盟统计局公布的初步统计数据显示,4月份欧元区通胀率按年率计算达7.5%,连续6个月创历史新高。
分析人士指出,在高通胀的压力下,美联储正加快收紧货币政策,这将导致一些国家债务违约风险升高,令世界经济复苏面临更多风险。(参与记者:张欣)(完)
海报照片来源(从上至下)
1、3月17日在英国埃尔斯米尔港拍摄的一家炼油厂。新华社发(乔恩•休珀摄)
2、3月23日拍摄的新西兰奥克兰集装箱码头。新华社发(张又摄)
3、4月27日在德国柏林一家超市拍摄的面粉货架。新华社记者(任鹏飞摄)