Connect with us

Economy

တရုတ်နိုင်ငံ အမျိုးသားအဝေးပြေးလမ်းမကွန်ရက်စီစဉ်မှု စုစုပေါင်းအတိုင်းအတာမှာ ၂၀၃၅ ခုနှစ်တွင် ကီလိုမီတာ ၄၆၁,၀၀၀ ခန့်ရောက်ရှိမည်ဟု ခန့်မှန်းထား

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ချူရှုန်-တာ့လီ အဝေးပြေးလမ်းမကြီးမြင်ကွင်းအား ၂၀၂၂ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မကြာသေးမီရက်များက တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က ပို့ဆောင်ရေးဝန်ကြီးဌာနနှင့်အတူ “အမျိုးသား အဝေးပြေးလမ်းမအစီအစဉ်” စာရွက်စာတမ်းကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် ၂၀၃၅ ခုနှစ်အထိ အမျိုးသား အဝေးပြေးလမ်း ကွန်ရက်၏ စုစုပေါင်း အတိုင်းအတာမှာ ကီလိုမီတာ ၄၆၁,၀၀၀ ခန့် ရောက်ရှိရန် ခန့်မှန်းချက်အစီအစဉ်ကို ဖော်ပြထားကြောင်း ဇူလိုင် ၁၂ ရက်က တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ သိရသည်။အရည်အသွေးမြင့် အဝေးပြေးလမ်းကွန်ရက် တည်ဆောက်မှု တွန်းအားပေးရန်အတွက် အဆိုပါအစီအစဉ်က အရင်းအမြစ် ချွေတာသုံးစွဲမှု၊ အစိမ်းရောင် ကာဗွန်လျှော့ချရေးကို တွန်းအားပေးမှု၊ ဆန်းသစ်တီထွင်မှုမှ ဖွံ့ဖြိုးတိုးတက်ခြင်းကို အလေးထားမှု၊ စက်မှုလုပ်ငန်းများနှင့် ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသဆိုင်ရာ အစိုးရ ကြွေးမြီအန္တရာယ်များကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုအပါအဝင် ကဏ္ဍ ၅ ခုမှ အကောင်အထည်ဖော်ရန် တောင်းဆိုဖော်ပြထားကြောင်း သိရသည်။ (Xinhua)

…………………………………………
中国国家公路网规划总规模预计到2035年约46.1万公里

新华社北京7月12日电(记者潘洁、叶昊鸣)记者12日从国家发展改革委获悉,近日国家发展改革委会同交通运输部印发了《国家公路网规划》,提出国家公路网到2035年的布局方案,规划总规模约46.1万公里。

为高质量推动国家公路网建设,规划提出了五个方面的实施要求,包括节约集约利用资源、推进绿色低碳发展、注重创新赋能发展、注重与产业融合发展、严控地方政府债务风险。