Connect with us

Politics, Law & Military

တရုတ်-မလေးရှားဆက်ဆံရေးအတွက် ရည်မှန်းချက်သစ်များချမှတ်ရန်၊ အဓိကအချက်သစ်များ ရှင်းလင်းသေချာရန်၊ အဆင့်သစ်သို့တက်လှမ်းရန် ဝမ်ရိပြော

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ဝဲ) နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah တို့ ကွာလာလမ်ပူမြို့၌ ဇူလိုင် ၁၂ ရက်တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇူလိုင် ၁၂ ရက်က ကွာလာလမ်ပူမြို့၌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။တရုတ်နှင့် မလေးရှားတို့သည် နှစ်ပေါင်းထောင်ချီချစ်ကြည်ရင်းနှီးမှုရှိသည့် မိတ်ဆွေကောင်းဖြစ်သလို ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖြစ်ထွန်းသည့် မိတ်ဖက်ကောင်းလည်းဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ လက်ရှိတွင် တရုတ်-မလေးရှား ဆက်ဆံရေးသည် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များ ကြုံတွေ့နေသဖြင့် တရုတ်နိုင်ငံသည် မလေးရှားနှင့်အတူ မူလမျှော်မှန်းချက်များအား ပြန်လည်သုံးသပ်၍ ရှေးယခင်ခေါင်းဆောင်များ၏ လုပ်ငန်းကို ဆက်ခံပြီး အနာဂတ်သို့ ရှေးရှုကာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ရည်မှန်းချက်အသစ်များချမှတ်ခြင်း၊ အဓိကအချက်သစ်များ ရှင်းလင်းသေချာရန်၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်သို့ တက်လှမ်းရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံသည် ယခုအကြိမ်အရှေ့တောင်အာရှခရီးစဉ်၏ “နောက်ဆုံး” ခရီးစဉ်ဖြစ်ကြောင်း ဝမ်ရိကဆိုသည်။ ဤခရီးစဉ်တစ်လျှောက်လုံးတွင် ဒေသတွင်းနိုင်ငံအသီးသီး၏ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှု လိုလားသော ဆန္ဒကို လေးလေးနက်နက်ခံစားရကြောင်း၊ တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးရှိ ပြည်သူများအကြား နက်ရှိုင်းသော ချစ်ကြည်ရေးကို လေးလေးနက်နက်ခံစားရကြောင်း၊ တရုတ်နှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှု အရေးတကြီး လိုအပ်ချက်ကို လေးလေးနက်နက်ခံစားရကြောင်း၊ တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးရှိ ပြည်သူများက ဤမြေပေါ်တွင် ရင်းနှီးသော ဆက်ဆံရေးဖလှယ်မှုလုပ်ဆောင်နေသည်မှာ နှစ်ထောင်ပေါင်းများစွာရှိပြီဖြစ်ရာ မည်သူမှ မိမိတို့ကို ကွဲပြားအောင်လုပ်ဆောင်နိုင်မည်မဟုတ်သလို၊ မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်လျှောက်လှမ်းခြင်းကိုလည်း တားဆီးနိုင်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် မလေးရှားအပါအဝင် အာဆီယံမိတ်ဆွေများနှင့် လက်တွဲကာ မဟာဗျုဟာမြောက် အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းရန်၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်၊ ဒေသတွင်း တည်ငြိမ်မှုကို စိတ်တူကိုယ်တူ ထိန်းသိမ်းရန်၊ ဘုံဖွံ့ဖြိုးတိုးတက်မှုကို တစိုက်မတ်မတ် တွန်းအားပေးရန်၊ တရုတ်နှင့် အာဆီယံနိုင်ငံအသီးသီးမှ ပြည်သူများအပေါ် အကျိုးဖြစ်ထွန်းမှုကို မြှင့်တင်ပေးရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှု မြှင့်တင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

———————
(Chinese Version)
王毅:中马关系设定新目标、明确新重点、迈上新台阶
新华社吉隆坡7月12日电当地时间2022年7月12日,国务委员兼外长王毅在吉隆坡同马来西亚外长赛夫丁会谈后共同会见记者。
王毅表示,中国和马来西亚是有着千年友谊的好朋友,也是合作共赢的好伙伴。当前,中马关系正迎来新的发展机遇。中方愿同马方重温初心、继往开来,为双边关系设定新目标,明确新重点,推动两国合作迈上新台阶。
王毅说,马来西亚是此次出访东南亚的“收官”之站。此行一路走来,深切感受到地区各国追求和平发展的强烈愿望,深切感受到中国和东盟各国人民之间的深厚友谊,深切感受到中国和东盟合作的紧迫需求。中国和东盟各国人民在这片土地上友好交流数千年,谁也无法把我们分开,谁也不能阻挡我们走向发展振兴。我们愿与包括马来西亚在内的东盟朋友们携起手来,深化战略互信、加强战略协作,齐心协力维护好地区稳定,聚精会神推进共同发展,为促进中国和东盟各国人民福祉,为促进世界和平繁荣作出不懈努力。(完)
图说- 7月12日,国务委员兼外长王毅(左)在吉隆坡同马来西亚外长赛夫丁会谈后共同会见记者。新华社记者 朱炜 摄