Connect with us

Asia

တရုတ်-နိုင်ငံက ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ရေဘေးသင့်သူများအား ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်း

တရုတ်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ကယ်ဆယ်ရေးယာယီတဲများကို ပါကစ္စတန်နိုင်ငံ Balochistan ပြည်နယ် Derabugti မြို့ရှိ ဘေးသင့်ဒေသ၌ အသုံးပြုနေသည်ကို စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Dera Bugti ၊ ပါကစ္စတန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး နုန်ရုန်က စက်တင်ဘာ ၁၁ ရက်တွင် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် Derabugti မြို့၏ ရေဘေးသင့်ဒေသသို့ သွားရောက်ခဲ့ပြီး ဒေသခံ ရေဘေးသင့်သူများအား တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်းများကို ဝေငှပေးအပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ကယ်ဆယ်ရေးယာယီတဲများကို ပါကစ္စတန်နိုင်ငံ Balochistan ပြည်နယ် Derabugti မြို့ရှိ ဘေးသင့်ဒေသ၌ အသုံးပြုနေသည်ကို စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ တို့သည် အခက်အခဲဒုက္ခများနှင့် ကြုံတွေ့ရတိုင်း အပြန်အလှန် အကူအညီပေးသည့် ဓလေ့ထုံးစံရှိကြောင်း၊ ၂၀၀၈ ခုနှစ် ဝန်းချွမ်း ငလျင်အပြီးတွင် ပါကစ္စတန်က ၎င်းတို့၏ မဟာဗျူဟာမြောက် အရန်တဲများ အားလုံးပေးအပ်ခဲ့သည်ကို တရုတ်နိုင်ငံပြည်သူများက မေ့လျော့သွားမည်မဟုတ်ကြောင်း နုန်ရုန်က ပြောကြားခဲ့သည်။ တရုတ်နှင့် ပါကစ္စတန်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်နှင့် သာယာလှပသောနိုင်ငံ တည်ဆောက်ရန် အတူကြိုးပမ်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ၎င်းကဆိုသည်။ (Xinhua)

…………………………………………
中国向巴基斯坦西南部受灾民众捐赠救灾物资
新华社巴基斯坦德拉布格蒂9月12日电(记者蒋超)中国驻巴基斯坦大使农融11日赴巴基斯坦西南部俾路支省德拉布格蒂市的洪灾灾区,向当地受灾群众发放中国捐赠的救灾物资。
农融在致辞时表示,中巴两国素有在危难中互相帮助的传统,中国人民不会忘记2008年汶川地震后巴基斯坦将全部战略储备帐篷倾囊相赠。期待中巴双方加强合作,共同努力,建设美好家园。
图说 – 9月6日,在巴基斯坦俾路支省贾法拉巴德地区乌斯塔穆罕默德市,中国援助救灾帐篷在受灾民众营地投入使用。新华社发(巴基斯坦俾路支省灾害管理局提供)