Connect with us

Asia

ဒွန်းနက်စ်နှင့်လူးဟန့်စ်ခ်၏လွတ်လပ်ရေးကို မြောက်ကိုရီးယားက အသိအမှတ်ပြု၊ ထို့အပေါ် တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းက မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်

လူးဟန့်စ်ခ်ဒေသ Lysychanskတွင် ယူကရိန်းတပ်များ စွန့်ပစ်ခဲ့သည့်လက်နက်ပစ္စည်းများနံဘေးမှ ဖြတ်သန်းသွားသော ဒေသခံများအား ဇူလိုင် ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒွန်းနက်စ်နှင့်လူးဟန့်စ်ခ်၏လွတ်လပ်ရေးကို မြောက်ကိုရီးယားနိုင်ငံက အသိအမှတ်ပြုကြောင်း KCNA သတင်းအေဂျင်စီက ဇူလိုင် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son-huiက ဒွန်းနက်စ်နှင့်လူးဟန့်စ်ခ်၏လွတ်လပ်ရေးကို အသိအမှတ်ပြုသည်ဟု ဇူလိုင် ၁၃ ရက်တွင် ကြေညာခဲ့ကြောင်း KCNA သတင်းဌာန၏ ဖော်ပြချက်များအရ သိရသည်။

မြောက်ကိုရီးယား၏ဤဆုံးဖြတ်ချက်အပေါ် ပြစ်တင်ရှုတ်ချကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယား၏ဤဆုံးဖြတ်ချက်သည် ယူကရိန်း၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို ဖျက်ဆီးရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း၊ ထိုသို့သော ချစ်ကြည်ရင်းနှီးမှုမရှိသည့်လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းက မြောက်ကိုရီးယားနှင့်သံတမန်ဆက်ဆံရေးဖြတ်တောက်လိုက်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။ (Xinhua)

…………………………
(Chinese Version)
朝中社:朝鲜承认顿涅茨克和卢甘斯克独立
2022-07-14 11:43:42
新华社平壤7月14日电据朝中社14日报道,朝鲜外务相崔善姬13日宣布承认顿涅茨克和卢甘斯克独立。
乌克兰外交部发表声明,谴责朝鲜这一决定。声明说,朝鲜这一决定是试图破坏乌主权和领土完整,作为对这一不友好行为的回应,乌克兰断绝与朝鲜的外交关系。(完)
1. 7月8日,在卢甘斯克地区的利西昌斯克,当地居民从展出的乌克兰军队遗弃的武器装备旁走过。 新华社发(维克托摄)