Connect with us

Politics, Law & Military

တရုတ်နိုင်ငံပေါင်းစည်း‌ရေးက ထိုင်ဝမ်၏ အနာဂတ်ဖြစ်သလို ထိုင်ဝမ်သွေးချင်းများ၏ အကျိုးရှိရာ လမ်းကြောင်းဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံး ပြောကြား

ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်အား စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ထိုင်ဝမ်သွေးချင်းအပါအဝင် တရုတ်နိုင်ငံသားအားလုံး၏ အကျိုးအတွက် ကြိုးပမ်းလုပ်ဆောင်ခြင်းသည် မိမိတို့၏ ပြောင်းလဲမှုမရှိသော မူလရည်ရွယ်ချက်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က စက်တင်ဘာ ၁၄ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။တရုတ်နိုင်ငံပြန်လည်ပေါင်းစည်း‌ရေးသည် ထိုင်ဝမ်၏ အနာဂတ်ဖြစ်သလို ထိုင်ဝမ်သွေးချင်းများ၏ အကျိုးရှိရာလမ်း‌ကြောင်းလည်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “တစ်နိုင်ငံ စနစ်နှစ်မျိုး” အရ ထိုင်ဝမ်ရေလက်ကြား အေးချမ်းစွာ ပေါင်းစည်းရန် အကောင်အထည်ဖော်ရေးသည် ထိုင်ဝမ်သွေးချင်းတစ်ရပ်လုံးအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
国台办:国家统一是台湾前途所在、台湾同胞福祉所系
新华社北京9月14日电(记者石龙洪、刘欢、陈舒)国台办发言人朱凤莲14日在例行新闻发布会上表示,为包括广大台湾同胞在内的全中国人民谋福祉是我们始终不变的初心。国家统一是台湾前途所在、台湾同胞福祉所系。按照“一国两制”实现两岸和平统一,广大台湾同胞将得到实实在在的好处。
图说 – 9月14日,国台办发言人朱凤莲邀请记者提问。新华社记者 陈晔华 摄