Connect with us

Politics, Law & Military

အမေရိကန် လွှတ်တော်အမတ်၏ ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြား

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းဒေသ စစ်ဌာနချုပ် ရေတပ်က ထိုင်ဝမ်ကျွန်း အနီးတစ်ဝိုက် ပင်လယ်ပြင်တွင် လက်တွေ့စစ်ရေးလေ့ကျင့်နေသည်ကို ဩဂုတ် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ လွှတ်တော်အမတ်၏ ထိုင်ဝမ်ခရီးစဉ်သွားရောက်မှုအပေါ် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက ဩဂုတ် ၁၅ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့သည်။အမေရိကန် လွှတ်တော်အမတ် Ed Markey အစရှိသူတို့က ဩဂုတ် ၁၄ ရက်တွင် ထိုင်ဝမ်သို့ သွားရောက်ခဲ့ကြောင်း ဝူချန်းက ပြောကြားခဲ့သည်။ ၎င်းမှာ တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်း၊ တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို ထိပါးခြင်း၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေးအင်အားစုများအပေါ် မှားယွင်းသည့် အချက်ပြသတင်းစကားပေးခြင်းဖြစ်ရာ ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်ရေးကို မွှေနှောက်သူ၊ ဖျက်ဆီးသူဟူသော အမေရိကန်၏ သရုပ်မှန်ကို ပေါ်လွင်စေကြောင်း ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အရှေ့ပိုင်းဒေသ စစ်ဌာနချုပ်သည် ထိုင်ဝမ်ရေလက်ကြား အနီးတစ်ဝိုက် ဝေဟင်၊ ရေပြင်ပူးတွဲ၍ တိုက်ပွဲဝင်အသင့်အနေအထား ကင်းလှည့်မှုနှင့် လက်တွေ့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းသည် အမေရိကန်နှင့် ထိုင်ဝမ် မလျော်ကန်သော ချိတ်ဆက် ရန်စမှုကို ခိုင်မာစွာ တန်ပြန်ခြင်းနှင့် ပြင်းထန်စွာ ဟန့်တားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဖြစ်ပြီး ထိုင်ဝမ်အရေးကိစ္စတွင် မည်သည့် ပြည်ပ၏စွက်ဖက်မှုကိုမျှ လက်ခံမည်မဟုတ်ဟု ဝူချန်းက အလေးထား ပြောကြားခဲ့သည်။
“ထိုင်ဝမ်ဖြင့် တရုတ်ကို တားဆီးမှု” က မုချ ရှုံးနိမ့်မည်ဖြစ်သလို “အမေရိကန်အားကိုး သီးခြားရပ်တည်လိုမှု” ကလည်း ကိုယ့်ကိုယ်ကိုယ်သာ ပျက်စီးခြင်း၊ သမိုင်းရေစီးကြောင်းကို တွန်းလှန်ကာ တရုတ်ပြည်သူတစ်ရပ်လုံး၏ သန္နိဋ္ဌာန်ကို ဆန့်ကျင်ပြီး တရုတ်နိုင်ငံ ပေါင်းစည်းရေးဖြစ်စဉ်ကို တားဆီးသော မည်သည့်ကြံစည်လုပ်ဆောင်မှုမျိုးမဆို မုချ ရှုံးနိမ့်ခြင်းသာ ဖြစ်မည်ကို မိမိတို့အနေဖြင့် အမေရိကန်နှင့် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ အာဏာပိုင်များအား သတိပေးလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က တိုက်ပွဲဝင်အသင့်အနေအထား စစ်ရေးလေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်ကာ နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုက်နက်ပြည့်စုံမှုကို ခိုင်မာစွာ ကာကွယ်သွားမည် ဖြစ်ပြီး “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေးအင်အားစုနှင့် ပြည်ပစွက်ဖက်မှုအကြံအစည် ပုံစံအမျိုးမျိုးကို ခိုင်မာစွာ ချေမှုန်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————————-

国防部新闻发言人吴谦就美国国会议员窜访台湾发表谈话
新华社北京8月15日电 国防部新闻发言人吴谦15日就美国国会议员窜访台湾发表谈话。
吴谦说,8月14日,美国国会参议员马基等窜访中国台湾地区。这公然违反一个中国原则和中美三个联合公报规定,侵犯中国主权和领土完整,向“台独”分裂势力发出错误信号,充分暴露出美是台海和平稳定搅局者和破坏者的真实面目。中国人民解放军东部战区在台岛周边海空域组织多军兵种联合战备警巡和实战化演练,就是对美台勾连挑衅的坚决回击和严正震慑。
吴谦强调,台湾是中国的台湾,台湾问题不容任何外来干涉。我们正告美方和民进党当局:“以台制华”注定失败,“倚美谋独”自取灭亡。逆历史潮流而动、违背全体中国人民意志、阻挠中国统一进程的任何图谋和行径都必将以失败而告终。中国人民解放军持续练兵备战,坚决捍卫国家主权和领土完整,坚决粉碎任何形式的“台独”分裂和外来干涉图谋。(完)
1. 8月5日,中国人民解放军东部战区海军继续在台岛周边海域展开实战化训练。这是从我舰拍摄的台舰近景。 新华社发(林健 摄)