Connect with us

Politics, Law & Military

ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစီမံခန့်ခွဲမှု အားကောင်းစေရန် မဏ္ဍိုင် ၄ ရပ်ကို ခိုင်မာစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (ဆင်ဟွာ)

ချင်းသောင်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် အာရှ ၊ အာဖရိက ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဂျီနီဗာသံတမန်များနှင့် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ နှစ်ဘက်စလုံးမှ လူ့အခွင့်အရေးနှင့် ပတ်သက်၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့ရာ ဝမ်ရိက ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစီမံခန့်ခွဲမှု အားကောင်းစေရန်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဘက်ပေါင်းစုံအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို တိုးတက်ကောင်းမွန်စေရန် ကဏ္ဍ ၄ ရပ်မှ အကြံ‌ပြုချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ပထမအချက်မှာ အပြန်အလှန်လေးစားမှုကို အခိုင်အမာ လိုက်နာကာ သူတစ်ပါးအပေါ် ထင်မြင်ယူဆချက်များ အတင်းအကျပ်ရိုက်သွင်းခြင်းကို ဆန့်ကျင်ခြင်းဖြစ်သည်။ လူ့အခွင့်အရေးသည် သမိုင်းဝင်သော၊ တိကျသော၊ လက်တွေ့ကျသော ကိစ္စရပ်ဖြစ်သည်။ နိုင်ငံအသီးသီး၏ နိုင်ငံရေးအခြေအနေ ကွဲပြားမှု၊ သမိုင်းယဉ်ကျေးမှု၊ ကွဲပြားခြင်းကြောင့် လက်တွေ့ကျပြီး ပြည်သူလူထု၏ လိုအပ်ချက်ကို အဓိကထားသော မိမိနိုင်ငံနှင့် ကိုက်ညီသည့် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေရမည်ဖြစ်သည်။ ကူညီပံ့ပိုးရန် အခြေအနေရှိသည့် နိုင်ငံများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ သဘောတူညီချက်ရရှိထားသည့် အခြေခံအောက်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူ့အခွင့်အရေးစွမ်းရည်မြှင့်တင်ရေးကို အကူအညီပေးနိုင်သော်လည်း မိမိ၏အမြင်ဆန္ဒနှင့် စံနှုန်းများကို အခြားနိုင်ငံသို့ အတင်းအကျပ်ရိုက်သွင်းခြင်း မပြုရဟု ထည့်သွင်းပြောကြားခဲ့သည်။

ဒုတိယအချက်မှာ စနစ်တကျ မြှင့်တင်မှုကို အခိုင်အမာ လုပ်ဆောင်ကာ တစ်ဖက်‌စောင်းနင်း အလေးထားမှု သို့မဟုတ် လျစ်လျူရှုမှုကို ဆန့်ကျင်ခြင်းဖြစ်သည်။ လူအခွင့်အရေး၏ အနက်အဓိပ္ပာယ်သည် ကျယ်ပြန့်ပြီး ကြွယ်ဝကြောင်း၊ ပြည်သူလူထု၏ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးကို အကာအကွယ်ပေးသည့် တစ်ချိန်တည်းတွင်ပင် ကိုယ်ပိုင်အခွင့်အရေးနှင့် အစုအဖွဲ့အခွင့်အရေး အပါအဝင် စီးပွားရေး လူမှုယဉ်ကျေးမှု၏ အခွင့်အရေးကိုလည်း အကာအကွယ်‌ပေးရမည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံများအတွက် အသက်ရှင်နေထိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေးများက ပြည်သူများ၏ အရေးပေါ်လိုအပ်ချက် ဖြစ်သည်။ လူ့အခွင့်အရေးဆိုင်ရာ ဘက်ပေါင်းစုံ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံအသီးသီး၏ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျိုးကြောင်းဆီလျော်သော တောင်းဆိုချက်များကို အထူးဂရုပြုပြီး စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အရေးများကို အလေးပေးအာရုံစိုက်သင့်ကြောင်း ၎င်းကဆိုသည်။

တတိယအချက်မှာ ပွင့်လင်းမြင်သာမှုနှင့် အများပါဝင်နိုင်မှုကို အခိုင်အမာ လိုက်နာကာ အခြားနိုင်ငံ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ခြင်းဖြစ်သည်။ “လူ့အခွင့်အရေးသည် အချုပ်အခြာအာဏာထက် မြင့်မားသည်” ဟူသော ခေါင်းစဉ်ဖြင့် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ကြံစည်မှုများ၊ “တန်ဖိုးယူဆချက် သံတမန်ရေး”ကို အကောင်အထည်‌ဖော်ခြင်းသည် လူ့အခွင့်အရေးကို ဘန်းပြ၍ နိုင်ငံအသီးသီးအား ဘက်ရွေးရပ်တည်ရန် အတင်းအကျပ်ဖိအားပေးခြင်း၊ “ဒီမိုကရေစီ အသွင်ကူးပြောင်း‌ရေး” ကို အတင်းအကျပ် တွန်းအားပေးပြီး နောက်ဆုံးတွင် ပဋိပက္ခနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ဖြစ်ပေါ်စေသည်။ သမိုင်းပေးသင်ခန်းစာများကို လေးလေးနက်နက် ခံယူသင့်ပြီး အထက်ပါလုပ်ဆောင်ချက်များကို အတူဆန့်ကျင်သင့်ကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ ဘက်ပေါင်းစုံ အဖွဲ့အစည်းများသည် ရွေးချယ်မှု ကင်းသော၊ နိုင်ငံရေးအသွင်ဆောင်မှုကင်းသော အခြေခံမူများကို လက်ကိုင်ပြုကာ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုအတွက်မဟုတ်ဘဲ နိုင်ငံအသီးသီး၏ အပြုသဘောဆောင်သော ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ပလက်ဖောင်းအဖြစ် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

စတုတ္ထအချက်မှာမူ တရားမျှတမှုကို အခိုင်အမာလက်ကိုင်ထားကာ စံနှုန်းနှစ်မျိုးထားရှိမှုကို ဆန့်ကျင်ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကောင်းမွန်မှုရှိမရှိဆိုသည်မှာ ၎င်း၏ပြည်သူများ ပျော်ရွှင်ကျေနပ်မှုအပေါ် အခြေခံကြောင်း၊ အချို့သောအနောက်နိုင်ငံများက လူ့အခွင့်အရေး၏ “တရားသူကြီး” အဖြစ်လုပ်ဆောင်ရန် စိတ်အားထက်သန်ပြီး ၎င်းတို့သည် တစ်ဖက်သား၏ အားနည်းချက်ကိုဖော်ပြရန် ဓာတ်မီးကိုအသုံးပြုပြီး ၎င်းတို့ကိုယ်တိုင်အတွက်မူ အသုံးပြုခြင်းမရှိကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူ့အခွင့်အရေးအပေါ် လက်ညှိးညွှန်ဆရာလုပ်ကာ မိမိနိုင်ငံနှင့် မဟာမိတ်နိုင်ငံများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကိုမူ လျစ်လျူရှုနေကြောင်း၊ မိမိတို့အနေဖြင့် ဤကဲ့သို့သော စံနှုန်းနှစ်မျိုးထားရှိမှုနှင့် ၎င်းတို့ဂရုပြုလိုသည့်ကိစ္စကိုသာ ဂရုပြုခြင်းကို အတူဆန့်ကျင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)

…………………………………………
王毅:加强全球人权治理应做到“四个坚持”
新华社青岛8月15日电8月15日,国务委员兼外长王毅视频会见来华访问的亚非发展中国家驻日内瓦使节。双方就人权问题交换了意见,王毅就加强全球人权治理、改进多边人权机构工作提出四方面建议。
一是坚持相互尊重,反对强加于人。人权议题是历史的、具体的、现实的。各国国情不同,历史文化各异,必须从本国实际出发,探索符合人民需求的人权发展道路。有能力的国家可以在征求当事国同意基础上,帮助发展中国家加强人权能力建设,但不能将自己的意志和标准强加于别国。
二是坚持系统推进,反对取舍偏废。人权内涵是全面的、丰富的,要保护公民政治权利,同时也要保护经济社会文化权利,既包括个人权利,也包括集体权利。对于发展中国家、特别是最不发达国家,生存权、发展权才是人民最紧迫的需求。多边人权机构要重视各国、特别是发展中国家的合理诉求,进一步加大对经社文权利和发展权的重视和投入。
三是坚持开放包容,反对干涉内政。声称所谓“人权高于主权”,实质是在图谋干涉别国内政;推行所谓“价值观外交”,其实是打着人权的幌子逼迫各国选边站队;强推所谓“民主改造”,结果却造成动乱冲突和人道灾难。历史教训应当认真汲取,这些行径应予共同抵制。多边人权机构应秉持非选择性和非政治化原则,成为各方建设性交流与合作的平台,而不是大搞政治对抗的战场。
四是坚持公平正义,反对双重标准。一国人权状况好不好,归根结底要看本国人民是否高兴、是否满意。一些西方国家热衷当人权“法官”,打着手电筒只照别人不照自己,对发展中国家人权状况指手画脚,对本国和盟友的人权劣迹视而不见,我们要共同拒绝这种双重标准、共同抵制这种搞选择性失明的做法。(完)