Connect with us

Africa & Middle East

တရုတ်နိုင်ငံက ကျူးဘားနိုင်ငံ လောင်စာဆီသိုလှောင်စခန်း မီးဘေးသင့်မှုအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်

ကျူးဘားနိုင်ငံ Matanzasပြည်နယ် မီးလောင်မှုဖြစ်ပွားရာ အချင်းဖြစ်နေရာအနီးတွင် ကူညီကယ်ဆယ်ရေးယာဉ်များ ရပ်နေသည်ကို ဩဂုတ် ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟာဗားနား၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်ကြက်ခြေနီအသင်းမှ ကျူးဘားကြက်ခြေနီအသင်းသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁၅၀,၀၀၀ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ် ၁၅ ရက်က ကျူးဘားနိုင်ငံခြားကုန်သွယ်ရေးနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရေးရာဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။ယခုအကြိမ်ပေးအပ်သည့် အကူအညီသည် ကျူးဘားနိုင်ငံ Matanzasပြည်နယ်ရှိ လောင်စာဆီသိုလှောင်စခန်း မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ကျူးဘားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာဟွေးနှင့် ကျူးဘားနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရေးရာ ဒုတိယဝန်ကြီး Deborah Rivas တက်ရောက်၍ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အခမ်းအနား၌ အမှာစကားပြောကြားရာတွင် တရုတ်သံအမတ်ကြီး မာဟွေးက တရုတ်-ကျူးဘား နှစ်နိုင်ငံသည် အေးအတူ၊ပူအမျှ ဖြစ်ကြရာ တရုတ်အစိုးရနှင့်ပြည်သူများက ကျူးဘားပြည်သူများ ခံစားရသည့် ဒုက္ခကို ကိုယ်ချင်းစာနာပါကြောင်း၊ ကျူးဘားပါတီနှင့်အစိုးရ၏ ခိုင်မာသော ဦးဆောင်မှု၊ ပြည်သူများ၏ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်မှုဖြင့် အခက်အခဲများကို ကျော်ဖြတ်နိုင်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ကျူးဘားအစိုးရနှင့်ပြည်သူများကိုယ်စား Deborah Rivas က တရုတ်ကြက်ခြေနီအသင်း၏ကူညီမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ လက်ရှိရှုပ်ထွေးသည့်အခြေအနေတွင် တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်က နှစ်နိုင်ငံ စည်းလုံးညီညွတ်ရေးနှင့်ချစ်ကြည်ရေးကို နောက်ထပ်တစ်ဖန် ဖော်ပြခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကျူးဘားကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ Susana Llovetက တရုတ်ကြက်ခြေနီအသင်း၏ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ အသက်ရှူစက်၊ ရောဂါကာကွယ်ရေးသုံးပစ္စည်းများစသည့် လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့ပစ္စည်းများနှင့်အတူ ငွေသားအကူအညီ အကြိမ်ပေါင်းများစွာ ပေးအပ်၍ ကျူးဘားပြည်သူများနှင့်အတူ ပခုံးချင်းယှဉ်၍ အခက်အခဲများကို ကူညီတိုက်ဖျက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

ကျူးဘားနိုင်ငံ Matanzasပြည်နယ် Matanzas ဆိပ်ကမ်း စက်မှုဇုန်ရှိ ကျူးဘားအကြီးဆုံး လောင်စာဆီသိုလှောင်စခန်းတွင် သိုလှောင်ရုံ ၈ ခုရှိရာ ၎င်းတို့အနက် တစ်ခုက ဩဂုတ် ၅ ရက် ညပိုင်းတွင်း မိုးကြိုးပစ်ခံရပြီးနောက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ မီးလောင်မှုဒဏ်ကြောင့် မကြာမီ အနီးရှိ လောင်စာဆီသိုလှောင်ရုံ ၃ ခုကို ကူးစက်၍ အကြိမ်ပေါင်းများစွာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မီးသတ်သမား ၂ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အချင်းဖြစ်ပွားသည့်နေရာ၌ ကူညီကယ်ဆယ်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————–

中国向古巴储油基地火灾事故提供人道主义援助
新华社哈瓦那8月15日电(记者朱婉君)中国红十字会向古巴红十字会提供15万美元紧急人道主义现汇援助交接仪式15日在古巴外贸外资部举行。此次援助是为了支持古巴开展马坦萨斯省一储油基地火灾事故救援救助工作。
中国驻古巴大使马辉与古巴外贸外资部副部长德博拉•里瓦斯出席仪式并签署交接证书。
马辉在致辞时表示,中古两国患难与共,中国政府和人民对古巴人民遭受的痛苦感同身受,相信在古巴党和政府坚强领导下,古巴人民一定能够团结一心,克服困难,开展重建工作。
里瓦斯代表古巴政府和人民感谢中国红十字会的援助。她说,在当前复杂形势下,中方此举是两国团结和友谊的再次体现。
古巴红十字会副会长苏珊娜•略韦特在仪式上表示,古巴红十字会感谢中国红十字会多次提供救灾设备、呼吸机、防护用品等人道主义物资和现汇援助,与古巴人民并肩作战。
位于马坦萨斯省马坦萨斯港工业区的古巴最大储油基地,内有8个储油罐,其中一个5日晚遭雷击后起火,大火随后蔓延至紧邻的3个储油罐并引发多次爆炸,已造成2名消防员死亡、132人受伤。目前,事故现场搜救工作仍在进行。(完)
1. 8月8日,在古巴马坦萨斯省,救援车辆停在火灾现场附近。新华社发