Connect with us

Europe

ယူကရိန်း ကုန်တင်လေယာဉ် ပျက်ကျရာ လိုက်ပါလာသူ ၈ ဦးလုံး သေဆုံး

ဂရိနိုင်ငံမြောက်ပိုင်း ကာဗာလာမြို့အနီးရှိ စိုက်ခင်းတစ်ခု၌ လေယာဉ်အပျက်အစီးများအား ဇူလိုင် ၁၇ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ဆားဘီးယားနိုင်ငံမှ ပျံသန်းလာခဲ့သည့် ယူကရိန်းကုန်တင်လေယာဉ်တစ်စင်းသည် ဇူလိုင် ၁၆ ရက်တွင် ဂရိနိုင်ငံမြောက်ပိုင်း၌ ပျက်ကျခဲ့ပြီး အဆိုပါလေယာဉ်ပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဝယ်ယူထားသော ကာကွယ်ရေးစက်မှုထုတ်ကုန် ၁၂ တန်နီးပါး တင်ဆောင်ထားကြောင်းနှင့် လေယာဉ်အမှုထမ်း ၈ ဦးလုံး သေဆုံးခဲ့ကြောင်း ဆားဘီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Nebojsa Stefanovic က ဇူလိုင် ၁၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ဂရိနိုင်ငံမြောက်ပိုင်း ကာဗာလာမြို့အနီး လေယာဉ်ပျက်ကျရာနေရာသို့ မောင်းနှင်သွားသည့် ရဲကားနှင့် လူနာတင်ယာဉ်များအား ဇူလိုင် ၁၇ ရက် နံနက်အစောပိုင်းတွင် တွေ့ရစဉ် (ဆင်ဟွာ)

ဂရိနိုင်ငံမြောက်ပိုင်း ကာဗာလာမြို့အနီး လေယာဉ်ပျက်ကျရာနေရာသို့ မောင်းနှင်သွားသည့် ရဲကားနှင့် လူနာတင်ယာဉ်များအား ဇူလိုင် ၁၇ ရက် နံနက်အစောပိုင်းတွင် တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါလေယာဉ်တွင် လိုက်ပါလာသူ ၈ ဦးလုံးသည် ယူကရိန်းနိုင်ငံသားဖြစ်ကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့သည်။ (Xinhua)

#Ukraine #Plane #Crash # #Xinhua #Myanmar #XinhuaMyanmar #ယူကရိန်း #လေယာဉ် #ပျက်ကျ #ဆင်ဟွာ
————————
(Chinese Version)
乌克兰失事货机上8人全部死亡
新华社北京7月18日电 塞尔维亚国防部长内博伊沙·斯特凡诺维奇17日确认,16日晚从塞尔维亚起飞的一架乌克兰货机在希腊北部坠毁,机上运载孟加拉国国防部采购的近12吨国防工业产品,8名机组人员全部遇难。
乌克兰外交部发言人证实,机上8人均为乌克兰籍。
图说1- 这是7月17日在希腊北部城市卡瓦拉附近农田拍摄的飞机残片。新华社发
图说(2,3) – 7月17日凌晨,在希腊北部城市卡瓦拉附近,警车与救护车前往坠机地点。 新华社发