Connect with us

Asia

တရုတ်-လာအို ရထားလမ်း ပထမအသုတ် လာအိုနိုင်ငံသား ရထားယာဉ်မောင်းများအား ခန့်အပ်

တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်းမြို့ တောင်ဘက်ဘူတာကြီး၌ လာအိုနိုင်ငံသင်တန်းသားများ အမှတ်တရ ဓါတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

တရုတ်-လာအိုရထားလမ်းအတွက် လာအိုနိုင်ငံသား တွဲဖက်ရထားယာဉ်မောင်းရွေးချယ်ရေး စာမေးပွဲကို ဇွန် ၁၈ ရက် တွင် ကျင်းပပြီးဆုံးခဲ့ရာ လာအိုနိုင်ငံသား သင်တန်းသား (၆၆) ဦးစလုံး စာမေးပွဲအောင်မြင်၍ တရုတ်-လာအို ရထားလမ်း ပထမအသုတ် လာအိုနိုင်ငံသား မီးရထားယာဉ်မောင်းများအဖြစ် တရားဝင်ခန့်အပ်ခဲ့သည်။၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်း တရုတ်-လာအို ရထားလမ်းဖွင့်လှစ်လည်ပတ်ပြီးသည့်အချိန်မှစ၍ တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်း ယာဉ်စက်ပစ္စည်း လည်ပတ် ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံတွင် သက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်အဖွဲ့အစည်းများ တည်ဆောက်ရန် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြောင်း တရုတ်-လာအိုရထားလမ်း လာအိုလမ်းအပိုင်းလည်ပတ်ရေးတာဝန်ခံကုမ္ပဏီ လာအို-တရုတ် ရထားလမ်းကုမ္ပဏီလီမိတက်၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။

တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်းမြို့ တောင်ဘက်ဘူတာကြီး၌ သင်တန်းတက်ရောက်နေသူများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သီအိုရီသဘောတရားဗဟုသုတအပိုင်း မွမ်းမံသင်တန်းများနှင့် တစ်ဦးချင်း ယာဉ်မောင်းလက်တွေ့ဆင်းခြင်းများဖြင့် သင်တန်းသားများအား သက်ဆိုင်ရာ သဘာတရား သီအိုရီနှင့် လက်တွေ့ယာဉ်မောင်းနှင်ရေး အလုပ်အတွေ့အကြုံများကို စုစည်းပေးခဲ့သည်။ နှစ်ဝက်ကြာ စွမ်းရည်အားဖြည့်မွမ်းမံသင်တန်းအပြီးတွင် လာအိုနိုင်ငံသား သင်တန်းသားအားလုံး သီအိုရီနှင့်လက်တွေ့အရည်အချင်းစိစစ်မှုကိုအောင်မြင်ခဲ့သည်။ သူတို့အနေဖြင့် ကျည်ဆန်ရထား၊ ခရီးသည်တင်-ကုန်တင်ရထား၊ စက်ခေါင်းပြောင်းလဲချိတ်ဆက်မောင်းနှင်မှုလုပ်ငန်းများကို အသီးသီး တာဝန်ထမ်းဆောင်ခဲ့ရာတွင် ပျမ်းမျှမောင်းနှင်မှု ခရီး စုစုပေါင်းကီလိုမီတာ ၁ သောင်းကျော် ရှိခဲ့သည်။

တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်းမြို့ တောင်ဘက်ဘူတာကြီး၌ စာမေးပွဲဖြေဆိုရန် လေ့ကျင့်နေသူများကို ဇွန် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်းမြို့ တောင်ဘက်ဘူတာကြီး၌ စာမေးပွဲဖြေဆိုရန် လေ့ကျင့်နေသူများကို ဇွန် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်းမြို့ တောင်ဘက်ဘူတာကြီး၌ ရထားစက်ပစ္စည်းစစ်ဆေးမှုစာမေးပွဲကျင်းပနေသည်ကို ၂၀၂၂ ခုနှစ် ဇွန် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်းမြို့ တောင်ဘက်ဘူတာကြီး၌ စာမေးပွဲဖြေဆိုရန် လေ့ကျင့်နေသူများကို ဇွန် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်းမြို့ တောင်ဘက်ဘူတာကြီး၌ လာအိုနိုင်ငံသင်တန်းသားများ အမှတ်တရ ဓါတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာအို-တရုတ် ရထားလမ်း ကုမ္ပဏီလီမိတက်၏ မိတ်ဆက်ပြောကြားချက်အရ လာအိုနိုင်ငံသား တွဲဖက်ရထားယာဉ်မောင်း ၆၆ ဦးသည် တရုတ်-လာအို ရထားလမ်း လာအိုနိုင်ငံအပိုင်း ရထား၌ တာဝန်ထမ်းဆောင်သွားမည်ဖြစ်ရာ တရုတ်နိုင်ငံသား၊ လာအိုနိုင်ငံသား ယာဉ်မောင်း နှစ်ဦး ပူးတွဲတာဝန်ထမ်းခြင်းကို ပုံမှန်အနေအထားဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး အနာဂတ်တွင် လာအိုနိုင်ငံသားရထားဝန်ထမ်းအဖွဲ့က သီးသန့်တာဝန်ထမ်းဆောင်နိုင်အောင် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————–
(Chinese Version)
(国际)中老铁路第一批老挝籍司机定职
2022-06-19 18:31:53 分类: 政治法律
新华社万象6月19日电(记者章建华)中老铁路老挝籍学员定职副司机考试18日结束,66名老挝籍学员全部通过考试,成为中老铁路第一批正式定职的老挝籍火车司机。
负责中老铁路老挝段运营的老中铁路有限公司介绍,自2021年12月中老铁路开通运营,中老铁路万象机辆运用检修车间就紧锣密鼓地开始了相关人员队伍建设。通过理论知识培训和一对一跟车乘务实习,学员们掌握了相关理论知识,并积累了扎实的行车工作经验。半年左右的强化培训后,66名老挝籍学员全部通过了理论和实践考核。他们分别值乘过动车组、客货车、专调机车乘务工作,累计乘务总走行公里数均达到或超过一万公里。
据老中铁路有限公司介绍,66名老挝籍副司机将奔赴中老铁路老挝段的各个机车乘务岗位,届时中国籍、老挝籍两位机车乘务员共同值乘将成为常态,未来还将逐渐实现老挝籍机班独立值乘。(完)
1. 2021年12月25日,老挝学员在中老铁路万象南站合影。 新华社发(王恩岭摄)
2. 2021年12月12日,老挝学员在中老铁路万象南站参加课堂教学。 新华社发(彭祥摄)
3. 2022年6月14日,老挝学员在中老铁路万象南站进行考前练习。 新华社发(杨永全摄)
4. 2022年6月14日,老挝学员在中老铁路万象南站进行考前练习。 新华社发(杨永全摄)
5. 2022年6月17日,在中老铁路万象南站,中国师傅(左)对老挝学员(右)进行机车检查的现场考评。新华社发(彭祥摄)
6. 2022年6月14日,老挝学员在中老铁路万象南站进行考前练习。新华社发(杨永全摄)
7. 2021年12月25日,老挝学员在中老铁路万象南站合影。新华社发(杨永全摄)