Connect with us

Asia

အိန္ဒိယတွင် မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး သေဆုံးလူနာ ရှိလာ၊ စပိန်တွင် မျောက်ကျောက်ရောဂါကြောင့် သေဆုံးသူ ၂ ဦး ရှိလာပြီဟု ဆို

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဆေးရုံတစ်ခုသို့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်မောင်းနှင်သွားသည်ကို ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်တွင် ဇူလိုင် ၃၀ ရက်က ယင်းနိုင်ငံ၏ ပထမဆုံး မျောက်ကျောက်ရောဂါကြောင့်သေဆုံးသော လူနာတစ်ဦး ရှိခဲ့ကြောင်း အိန္ဒိယမီဒီယာများက ဇူလိုင် ၃၁ ရက်တွင် ဖော်ပြခဲ့သည်။ စပိန်နိုင်ငံတွင်လည်း မျောက်ကျောက်ရောဂါကြောင့် ဒုတိယမြောက်သေဆုံးသော လူနာ ရှိလာပြီဖြစ်ကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက်တွင် အတည်ပြုခဲ့သည်။

The Indian Express၏ သတင်းများအရ အသက် ၂၂ အရွယ် လူနာအမျိုးသားတစ်ဦးသည် ဇူလိုင် ၂၂ ရက်က ယူအေအီးမှ အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်သို့ ပြန်လာခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် ကိုယ်အပူချိန်မြင့်တက်ခြင်းကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ကြောင်း၊ နောက်ပိုင်းတွင် ရောဂါအခြေအနေဆိုးဝါးလာခြင်းကြောင့် နောက်ထပ်ဆေးရုံတစ်ခုသို့ ပြောင်းခဲ့ရာ ဇူလိုင် ၃၀ ရက် ညနေပိုင်းတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းလူနာအမျိုးသားသည် ဦးနှောက်ရောင်ရမ်းခြင်းနှင့်ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများကြောင့် ဆေးရုံတက်ရောက်ခဲ့ခြင်းဖြစ်ပြီး မျောက်ကျောက်ရောဂါလက္ခဏာများမရှိကြောင်း ၊ သို့သော် ကီရာလာပြည်နယ်သို့ မရောက်မီ ယူအေအီးတွင် မျောက်ကျောက်ရောဂါဆေးစစ်ချက်လုပ်ခဲ့ဖူးရာ ၎င်း၏ဆေးစစ်ချက်အဖြေ positive ရလဒ်ကို ၎င်း၏မိသားစုဝင်များက ဇူလိုင် ၃၀ ရက်တွင်မှ ဒေသန္တရဆေးရုံသို့ ပေးအပ်ခဲ့ကြောင်း ကီရာလာပြည်နယ် ကျန်းမာရေးဝန်ကြီး George က ဇူလိုင် ၃၁ ရက်၌ ဒေသခံမီဒီယာများကို ပြောကြားခဲ့သည်။

ဒေသခံ ကျန်းမာရေးဌာနက သက်ဆိုင်ရာ ဓါတ်ခွဲနမူနာကို အိန္ဒိယအမျိုးသားဗိုင်းရပ်စ်သုတေသနဌာနသို့ စစ်ဆေးရန်ပို့ဆောင်ခဲ့ပြီး အတည်ပြုရန် စောင့်ဆိုင်းနေကြောင်း၊ ကီရာလာပြည်နယ်တွင် ပညာရှင်အဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းများအရသိရသည်။

လက်ရှိ အိန္ဒိယနိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၄ ဦး ရှိပြီး ၎င်းတို့အနက် ၃ ဦးမှာ ယူအေအီးမှ ကီရာလာပြည်နယ်သို့ ပြန်လာသူများဖြစ်ကြရာ ကျန် တစ်ဦးမှာမူ မြို့တော် နယူးဒေလီမှ ဖြစ်ကြောင်း သိရသည်။

စပိန်နိုင်ငံ Andalusiaကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်များအရ စပိန်နိုင်ငံ၌
အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ မျောက်ကျောက်ရောဂါကြောင့် ဒုတိယမြောက် သေဆုံးသူ ဖြစ်လာခဲ့ကြောင်း သိရသည်။ စပိန် Carlos III အင်စတီကျုက သေဆုံးသူ၏ ဇီဝနမူနာကို သုတေသနပြုလေ့လာလျက်ရှိရာ ၎င်း၏သေဆုံးမှုသည် ရောဂါပိုးကူးစက်မှုနှင့် ဆက်စပ်မှုရှိ၊ မရှိ ထပ်မံအတည်ပြုရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအကြိမ် မျောက်ကျောက်ကပ်ရောဂါဖြစ်ပွားမှုအတွင်း စပိန်နိုင်ငံ၌ လက်ရှိအချိန်ထိ သေဆုံးသူ ၂ ဦး ရှိပြီဖြစ်သည်။ စပိန်တွင် မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး သေဆုံးသူရှိခဲ့ကြောင်းကို စပိန်ကျန်မာရေးဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက် တွင် အတည်ပြုခဲ့သည်။ ၎င်းသည် ယခုအကြိမ်မျောက်ကျောက် ကပ်ရောဂါအတွင်း ဥရောပတိုက်၌ ပထမဆုံးသေဆုံးသောလူနာဖြစ်ကြောင်း RTVE၏ ဖော်ပြချက်များအရသိရသည်။

စပိန်နိုင်ငံသည် လက်ရှိတွင် “တစ်ကမ္ဘာလုံးအတိုင်းအတာအတွင်း မျောက်ကျောက် ကပ်ရောဂါ သက်ရောက်မှု အကြီးဆုံးနိုင်ငံများအနက် တစ်နိုင်ငံ” ဖြစ်နေကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။

စပိန်အမျိုးသားကူးစက်ရောဂါစောင့်ကြည့်ရေးကွန်ရက်၏ ဇူလိုင် ၂၉ ရက် ကိန်းဂဏန်းများအရ ယင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါအတည်ပြုလူနာ ၄,၂၉၈ ဦး ရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ ၁၂၀ ဦးရှိကြောင်း၊ ကူးစက်သူများ၏ ပျမ်းမျှအသက်မှာ ၃၇ နှစ် ဖြစ်ကြောင်း သိရသည်။

နိုင်ငံ အများအပြားတွင် ဖြစ်ပွားပြီးနောက် မျောက်ကျောက်ရောဂါအား “အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ”အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇူလိုင် ၂၃ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

————————
印度出现首例猴痘死亡病例 西班牙报告第二例死亡病例
2022-08-01 14:21:57 分类: 医药卫生
新华社北京8月1日电 综合新华社驻外记者报道:据印度媒体7月31日报道,印度南部喀拉拉邦30日出现该国首例猴痘死亡病例。西班牙卫生部7月30日确认,该国出现第二例猴痘死亡病例。
图为2021年4月24日,救护车驶入印度新德里一家医院。新华社发
据《印度快报》报道,一名22岁的男性患者7月22日由阿联酋返回喀拉拉邦,26日因发烧入院治疗,后病情加重转移到另一家医院治疗,30日下午死亡。
喀拉拉邦卫生部长乔治7月31日对当地媒体表示,该患者因脑炎和疲劳症状入院,并无猴痘症状,但该患者飞往喀拉拉邦之前曾在阿联酋做过猴痘病毒检测,其家人30日才将阳性检测结果交给当地医院。
据报道,当地卫生部门已将相关样本送往印度国家病毒学研究所检测并等待确认,喀拉拉邦亦将成立专家小组开展调查。
目前印度共报告4例猴痘病例,其中3例均由阿联酋返回喀拉拉邦,另1例在首都新德里。
据西班牙安达卢西亚自治区卫生部门通报,西班牙第二例猴痘死亡病例为一名31岁的男子。西班牙卡洛斯三世健康研究所目前正在研究死者的生物样本,以进一步确认其死亡与病毒感染之间的关系。
截至目前,在本次猴痘疫情中,西班牙已出现两例死亡病例。西班牙卫生部7月29日确认,该国出现首例猴痘死亡病例。据西班牙广播电视公司报道,这也是本次猴痘疫情中欧洲首例死亡病例。
西卫生部警告,西班牙目前已成为“全球范围内受猴痘疫情影响最大的国家之一”。根据西班牙国家流行病学监测网络7月29日提供的数据,该国共确诊4298例猴痘病例,有120例病例需要住院治疗,感染者平均年龄为37岁。
世界卫生组织7月23日宣布多国猴痘疫情构成“国际关注的突发公共卫生事件”。(参与记者:姜磊、谢宇智)