Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်စက်ရုံ စက်တပ်ဆင်မှုလုပ်ငန်း အလုံးစုံ ပြီးစီး

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ် စီမံကိန်း မြင်ကွင်းအား မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ မေ ၂၃ ရက်(ဆင်ဟွာ)

ဆောက်လုပ်ရေးသမားများ၏ မဆုတ်မနစ်ကြိုးပမ်းမှုများကြောင့် မေ ၂၀ ရက်တွင် ပိုင်ဟဲ့ထန်း(Baihetan) ညာဘက်ကမ်းရှိ မြေအောက်စက်ရုံအတွင်း အမှတ် ၉ စက်အုပ်စု တပ်ဆင်မှုလုပ်ငန်း အားလုံးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ၎င်းမှာ ပိုင်ဟဲ့ထန်း(Baihetan) ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ခြင်း၏ ကြီးမားသော တိုးတက်မှုဖြစ်သလို ပိုင်ဟဲ့ထန်း(Baihetan) ရေအားလျှပ်စစ်စက်ရုံ စက်တပ်ဆင်မှုလုပ်ငန်း အလုံးစုံပြီးမြောက်ခြင်းနှင့် ဘက်စုံ ဓါတ်အားထုတ်လွှတ်ရေး ကြိုးပမ်းမှုကာလသို့ လျှောက်လှမ်းသည့် အမှတ်သင်္ကေတလည်း ဖြစ်သည်။ ပိုင်ဟဲ့ထန်း(Baihetan)ရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချောင်ကျားခရိုင်နှင့် စီချွမ်းပြည်နယ် နင်းနန်ခရိုက်ဆက်ကြား ကျင်းဆားမြစ် ပင်မမြစ်ရေစီးကြောင်း၌တည်ရှိပြီး China Three Gorges Corporation(CTG) ကျင်းဆားမြစ် အောက်ပိုင်းတွင် တည်ဆောက်ထားသော ဧရာမ လှေကားထစ် ရေအားလျှပ်စစ်စီမံကိန်း(၄)ခုဖြစ်သည့် ဝူးတုန်းတယ်၊ ပိုင်ဟဲ့ထန်း၊ ရှီးလော့သု၊ ရှန့်ကျားပါ့ တို့၏ ဒုတိယအဆင့်ဖြစ်သည်။ ပိုင်ဟဲ့ထန်းရေအားလျှပ်စစ်စီမံကိန်း၏ ဘယ်၊ညာ ကမ်းနှစ်ဖက် မြေအောက် စက်ရုံအတွင်း၌ ကမ္ဘာ့ တစ်ယူနစ် စွမ်းရည် အကြီးဆုံးဖြစ်သော ရေအားလျှပ်စစ်ဂျင်နရေတာ ၁၆ လုံးရှိရာ စုစုပေါင်း စက်တပ်ဆင်အား ကီလိုဝပ် ၁၆ သန်း ရှိသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ် စီမံကိန်း မြင်ကွင်းအား မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပိုင်ဟဲ့ထန်း(Baihetan)၌ရှိသော ရေအားလျှပ်စစ်ဂျင်နရေတာ ၁၆ လုံးတွင် ၇ လုံးက လျှပ်စစ်ဓါတ်အား ထုတ်လုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် ဇွန်လပိုင်း၌ ပထမဆုံး စက်အုပ်စု တပ်ဆင်၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်ပြီးနောက် ပိုင်ဟဲ့ထန်း(Baihetan)၏ လျှပ်စစ်ဓါတ်အားထုတ်လွှတ်မှုသည် ကီလိုဝပ် နာရီ ၂၆.၅ ဘီလီယံကျော်ရှိပြီဖြစ်ကြောင်းနှင့် လည်ပတ်နေသည် စက်အုပ်စုများ၏အခြေအနေ တည်ငြိမ်၍ ညွှန်းကိန်းများကလည်း ကောင်းမွန်ကြောင်း သိရသည်။ နောက်ပိုင်းတွင် စက်အုပ်စု ချိန်ညှိခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း စက်အုပ်စုအားလုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ် စီမံကိန်း မြင်ကွင်းအား မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ် စီမံကိန်း မြင်ကွင်းအား မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ် စီမံကိန်း မြင်ကွင်းအား မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ် စီမံကိန်း မြင်ကွင်းအား မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ် စီမံကိန်း မြင်ကွင်းအား မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပိုင်ဟဲ့ထန်း(Baihetan)ရေအားလျှပ်စစ်သည် တရုတ်နိုင်ငံ၏ “အနောက်ပိုင်း ဓါတ်အား ၊ အရှေ့ပိုင်းသို့ ပို့ဆောင်ခြင်း”၏ အဓိက စီမံကိန်း ဖြစ်သည်။ ဘက်စုံ တည်ဆောက် ထုတ်လုပ်နိုင်ပါက နှစ်စဉ် ပျမ်းမျှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုပမာဏသည် ကီလိုဝပ်နာရီ ၆၂.၄၄၃ ဘီလီယံ၊ လူပေါင်း ၇၅ သန်းခန့်၏ တစ်နှစ်တာ လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်မည်ဟု ခန့်မှန်းရသည်။ ၎င်းမှာ ပုံမှန် ကျောက်မီးသွေး တန်ချိန် ၁၉.၆၈ သန်းကို အစားထိုးနိုင်ပြီး ကာဗွန်တိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုတန်ချိန် ၅၂ သန်းခန့် လျှော့ချနိုင် ဖြစ်ရာ မြစ်ကျဉ်းသုံးသွယ်၊ ကဲကျိုး ရေကာတာနှင့် ကျင်းဆားမြစ်ရှိ ဝူးတုန်းတယ်၊ ရှီးလော့သု၊ ရှန့်ကျားပါ့ ရေအားလျှပ်စစ်စီမံကိန်းများနှင့်အတူ ကမ္ဘာပေါ်တွင် အကြီးဆုံးသော သန့်စင်စွမ်းအင် စင်္ကြံတည်ဆောက်ပြီး “ကာဗွန်လျှော့ချရေး ရည်မှန်းချက် ၂ ရပ်”နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အစိမ်းရောင်အသွင်ပြောင်းမှုကို မြှင့်တင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်သည်။ (Xinhua)
—————————————-
白鹤滩水电站机组总装工作全部完成
2022-05-20 22:09:12
新华社昆明5月20日电(记者丁怡全、郑博非)经过建设者不懈努力,20日,位于白鹤滩水电站右岸地下厂房内的9号机组总装工作完成。这是白鹤滩水电站建设的重大进展,标志着白鹤滩水电站机组总装工作全部完成,进入全面投产冲刺阶段。
白鹤滩水电站位于云南省巧家县和四川省宁南县交界处金沙江干流河段,是三峡集团在金沙江下游建设的四座巨型梯级水电站——乌东德、白鹤滩、溪洛渡、向家坝中的第二级。白鹤滩水电站左右两岸地下厂房共布置16台世界单机容量最大的百万千瓦水轮发电机组,总装机容量1600万千瓦。
据了解,白鹤滩水电站16台百万千瓦水轮发电机组中,7台已经实现投产发电。自去年6月首批机组投产发电以来,白鹤滩水电站累计发电量已突破265亿千瓦时,已投产机组运行状态稳定、运行指标优良。后续机组调试工作正在有序进行,预计年内全部机组投产发电。
白鹤滩水电站作为实施“西电东送”的国家重大工程,全面建成投产后,预计多年平均发电量可达624.43亿千瓦时,能够满足约7500万人一年的生活用电需求,可替代标准煤约1968万吨,减排二氧化碳约5200万吨,将与三峡、葛洲坝以及金沙江乌东德、溪洛渡、向家坝水电站一起,构成世界最大的清洁能源走廊,促进实现“双碳”目标和经济社会发展绿色转型。(完)
图说1-3,5-7:白鹤滩水电站一景(5月19日摄,无人机照片)。 新华社记者 胡超 摄
图说4:拼版照片:上图为白鹤滩水电站右岸地下厂房一景;下图为白鹤滩水电站左岸地下厂房一景(5月19日摄,无人机照片)。新华社记者 胡超 摄