Connect with us

Eastern Europe

မာရီယူပိုးလ်ပြီးနောက် ရုရှား-ယူကရိန်းပဋိပက္ခ၏လားရာ

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များတင်ဆောင်ထားသော ဘတ်စ်ကား မာရီယူပိုးလ်မှ ထွက်ခွာသွားသည်ကို မေ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ မေ ၂၃ ရက်(ဆင်ဟွာ)

မာရီယူပိုးလ် Azovstal သံမဏိစက်ရုံအတွင်း ပိတ်မိနေသော နောက်ဆုံးအသုတ် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များ လက်နက်ချပြီးနောက် မာရီယူပိုးလ်မြို့တစ်ခုလုံးကို ရုရှားစစ်တပ်များ အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။မဟာဗျူဟာ အချက်အချာ မာရီယူပိုးလ်၏ ထိန်းချုပ်ခွင့်ကို အပြည့်အဝလက်ကိုင်ထားခြင်းက ရုရှားအတွက် အရေးကြီးသည့် အနက်အဓိပ္ပါယ်ရှိသလို ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသ စစ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်တင်ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု သုံးသပ်သူအချို့က ယူဆကြသည်။ တစ်ဖက်တွင်လည်း ရုရှား-ယူကရိန်း နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုက ရပ်တန့်နေရာ အမေရိကန်နှင့်၎င်း၏မဟာမိတ်များသည် ယူကရိန်းအပေါ် နိုင်ငံရေးနှင့်စစ်ရေး ထောက်ပံ့ကူညီမှုများ ဆက်လက်တိုးပွါးလျက်ရှိနေပြီး ရုရှား-ယူကရိန်း ပဋိပက္ခ၏ ပြီးဆုံးမည့်အချိန်ကို ခန့်မှန်းရခက်စေကြောင်း ဆိုသည်။

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များတင်ဆောင်ထားသော ဘတ်စ်ကား မာရီယူပိုးလ်မှ ထွက်ခွာသွားသည်ကို မေ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အရေးကြီးသည့် အနက်အဓိပ္ပါယ်

ယူကရိန်းတွင် အထူးစစ်ရေးလှုပ်ရှားမည်ဟု ရုရှားကြေညာပြီးနောက်ပိုင်း မာရီယူပိုးလ်သည် ရုရှားတပ်များ၏ အဓိက ပစ်မှတ် ဖြစ်ခဲ့ပြီး ယင်းဒေသ စိုးမိုးရေးအတွက် ရုရှား-ယူကရိန်း နှစ်ဖက်အကြား နှစ်လကျော်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

မေ ၁၆ ရက်မှစပြီး Azovstal သံမဏိစက်ရုံတွင် ပိတ်မိနေသည့် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဝင် စုစုပေါင်း ၂၄၃၉ ဦး လက်နက်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ Azovstal သံမဏိစက်ရုံနှင့် မာရီယူပိုးလ်မြို့ကို ရုရှားတပ်များ အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoiguက သမ္မတ ပူတင်ထံ အစီရင်ခံခဲ့သည်။

မာရီယူပိုးလ်သည် ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းဒေသ အဇော့ပင်လယ်ကမ်းစပ်တစ်လျှောက် အရေးကြီးသည့် ဆိပ်ကမ်းမြို့ ဖြစ်သည်။ မာရီယူပိုးလ်ကို သိမ်းပိုက်ခြင်းက ရုရှားတပ်များအတွက် ခရိုင်းမီးယားနှင့်ဒွန်းဘတ်စ်ဒေသကို ချိတ်ဆက်၍ ရုရှားကုန်းမြေသို့ သွားရာလမ်းကြောင်း တည်ဆောက်သည့် သဘောဖြစ်ရာ ၎င်းမှာ ရုရှား၏ နောက်ပိုင်း စစ်ရေးလှုပ်ရှားမှုများအတွက် အကျိုးများစွာရှိစေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ရုရှားအဆင့်မြင့်စီးပွားရေးတက္ကသိုလ်(HSE University) ဥရောပနှင်နိုင်ငံတကာလေ့လာရေးစင်တာ အကြီးအကဲVassili Kashinက မာရီယူပိုးလ်ထိန်းချုပ်ခွင့်ကို ရရှိခြင်းက ရုရှားစစ်တပ်အတွက် ကြီးမားသော စစ်ရေးတိုးတက်မှုတစ်ခုဖြစ်ကြောင်း ဆိုသည်။ မာရီယူပိုးလ်သည် ယူကရိန်းစစ်တပ်၏ အဓိက ကာကွယ်ရေးစင်တာဖြစ်ရာ ယင်းမြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းက ရုရှားတပ်များ အခြားဒေသ၏စစ်ရေးလှုပ်ရှားမှုအတွက် စစ်သည်အင်အားများစွာ ရရှိစေကြောင်း ၊ရုရှားတပ်များက ဒွန်းဘတ်စ်ရှိ အရပ်ဘက်လက်နက်ကိုင်တပ်ဖွဲ့များနှင့်ပေါင်းစည်းကာ ဒွန်းဘတ်စ်ဒေသ အထူးစစ်ရေးလှုပ်ရှားမှုတာဝန်ကို ပြီးမြောက်အောင် အရှိန်မြှင့်ဆောင်ရွက်နိုင်ကြောင်း ၎င်းက ဆိုသည်။

မာရီယူပိုးလ်သည် ယူကရိန်းစီးပွားရေးအတွက် လေးနက်သည့်အဓိပ္ပါယ်ရှိသည်။ယူကရိန်းနိုင်ငံရေး ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ Bondarenko က မာရီယူပိုးလ်သည် အဓိကဆိပ်ကမ်းရှိသလို အဓိက သတ္တုအရည်ကျိုစက်ရုံများ ရှိကြောင်း ပြောကြားခဲ့သည်။ သတ္တုစပ်လုပ်ငန်းသည် ယူကရိန်း၏ အဓိက နိုင်ငံခြားဝင်ငွေအရင်းအမြစ် ဖြစ်ရာ မာရီယူပိုးလ်ကို ဆုံးရှုံခြင်းက ယူကရိန်းစီးပွားရေးအတွက် ဆိုးဝါးသည့် ထိုးနှက်မှုတစ်ခု ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် မာရီယူပိုးလ်ရှိ “အဇော့တပ်ရင်း”သည် ရုရှားအမြင်တွင် အမျိုးသားရေးဝါဒီလက်နက်ကိုင်များဖြစ်ရာ ယင်းဒေသကို သိမ်းပိုက်ခြင်းက ရုရှားအထူးစစ်ဆင်ရေးတွင် ပါဝင်သည့် “နာဇီအသွင် ရှင်းလင်းရေး”ရည်မှန်းချက်ကို ပြီးမြောက်အောင် ဆောင်ရွက်ရာ၌ အထူးအရေးကြီးသော အနက်အဓိပ္ပါယ်ကို ဖော်ဆောင်ခြင်း ဖြစ်သည်။

ပဋိပက္ခ အဆုံးသတ်နိုင်ရန် ခဲယဉ်း

မာရီယူပိုးလ်မြို့သိမ်းတိုက်ပွဲ ပြီးဆုံးသွားသော်လည်း ရုရှား-ယူကရိန်း ပဋိပက္ခ မည်သည့်အချိန်တွင် အဆုံးသတ်နိုင်မည်ကို ခန့်မှန်းရန် ခဲယဉ်းနေဆဲဖြစ်သည်။ လာမည့် ရက်သတ္တပတ်များတွင် ယူကရိန်းအတွက် ခဲယဉ်းသည့်အကျပ်အတည်းများဖြင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ယူကရိန်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ယူကရိန်းနိုင်ငံပိုင်သတင်းဌာန Ukrinform က ယူကရိန်းအရှေ့ပိုင်းစစ်ရေးအခြေအနေ ပြင်းထန်လာပြီး ဆိုးဝါးသည့်အခြေအနေသို့ ပြောင်းလဲနေကြောင်း၊ လူးဟန့်စ်ခ်ဒေသ အနောက်ပိုင်း Lysychanskနှင့် Sievierodonetskနှစ်နေရာရှိ ယူကရိန်းတပ်များကို ဝန်းရံပိတ်ဆို့ထားဖို့အတွက် ရုရှားတပ်များက စစ်ရေးထိတွေ့မှုရှိသော နေရာများတွင် အပြင်းအထန်ထိုးစစ်ဆင်နေကြောင်း မေ ၂၀ ရက် တွင် ဖော်ပြခဲ့သည်။

တစ်ဖက်တွင်လည်း မာရီယူပိုးလ်မြို့သိမ်းတိုက်ပွဲ အဆုံးမသတ်မီ ရုရှား-ယူကရိန်း နှစ်နိုင်အကြား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု ရပ်တန့်နေသည်။ ယူကရိန်းဘက်က လက်တွေ့တွင် ဆွေးနွေးညှိနှိုင်းရေး ဖြစ်စဉ်က နုတ်ထွက်ပြီး ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် ယူကရိန်း သမ္မတရုံး အကြုံပေး Podoljakက ယူကရိန်း-ရုရှား ဆွေးနွေးရေးဖြစ်စဉ် ယာယီရပ်နားလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မော်စကို နိုင်ငံတကာ ဆက်ဆံရေး သုတေသနဌာန အကြီးအကဲသုတေသီ Alexey Tokarevက မာရီယူပိုးလ်ကို လက်လွှတ်ထားနိုင်သည့် ရုရှားတပ်များအနေဖြင့် နောက်ပိုင်းတွင်း ဒွန်းဘတ်စ်ဒေသကို အဓိကအားစိုက်လာနိုင်ကြောင်း ယူဆသည်။ ဆွေးနွေးပွဲသို့ ယူကရိန်းပြန်လာရန် ဖိအားပေးနိုင်မပေးနိုင်နှင့် ရုရှားဘက်က ဆွေးနွေးပွဲတွင် ပို၍ အားသာမှုရရှိနိုင်မည်လားဆိုသည်မှာ ရုရှားစစ်တပ် ဆက်လက်ဆောင်ရွက်မည့် စစ်ရေးလှုပ်ရှားမှု တိုးတက်သည့်အခြေအနေကို ကြည့်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တစ်ချိန်တည်းတွင်ပင် အမေရိကန်နှင့်၎င်း၏အနောက်နိုင်ငံ မဟာမိတ်များက ယူကရိန်း စစ်ရေးနှင့်စီးပွားရေး ထောက်ပံ့မှုများ ဆက်တိုက်ပို၍ တိုးလာရာ ယူကရိန်းအခြေအနေ မီးလောင်ရာလေပင့် ဖြစ်စေသည်။ ကန်ဒေါ်လာ ဘီလီယံ ၄၀ ယူကရိန်းအကူအညီပေးရေး ဥပဒေမူကြမ်းတစ်ရပ်ကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က မေ ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သလို အိမ်ဖြူတော်ကလည်း ယူကရိန်းစစ်တပ်ကို ခေတ်မီ သင်္ဘောဖျက်ဒုံးကျည်ပေးပို့ရန် စဉ်းစားနေသည်။ ထို့အပြင် မေ ၂၀ ရက်က ဂျာမနီ၌ ကျင်းပပြီးစီးသော G7 ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးတွင် ယူကရိန်းအားထပ်တိုးကူညီရေး သဘောတူညီမှုရရှိခဲ့ရာ G7အဖွဲ့က ယူကရိန်းသို့ ကန်ဒေါ်လာ ၉.၅ ဘီလီယံ စီးပွားရေး ထပ်ဆောင်းကူညီမှုများ ပေးအပ်မည် ဖြစ်သည်။

ရုရှားအဆင့်မြင့်စီးပွားရေးတက္ကသိုလ်(HSE University) ဥရောပနှင်နိုင်ငံတကာလေ့လာရေးစင်တာ လက်ထောက်ညွှန်ကြားရေးမှူး Dmitry Suslovက အမေရိကန် ဦးဆောင်သည့် နေတိုးအဖွဲ့ ယူကရိန်းသို့ အကူအညီများစွာ ပေးနေခြင်း၊ အကြီးစားလက်နက်များ မပြတ်ပံ့ပိုးနေခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ယူကရိန်းကို ရုရှားနှင့်စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် အချိန်ဆွဲထားရန် ဖြစ်ကြောင်း ဆိုသည်။ ထို့အပြင် ယခုကာလများအတွင်း နေတိုးကျင်းပနေသည့် “Defenders of Europe-2022” နှင့် “Rapid Response 2022” စစ်ရေးလေ့ကျင့်ခြင်း၊ ဖင်လန်နှင့်ဆွီဒင်ကို နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် စည်းရုံးသိမ်းသွင်းခြင်းသည် ရုရှားနှင့်နေတိုး၏ထိပ်တိုက်ရင်ဆိုင်မှုများ ပို၍ ဆိုးဝါးစေပြီး ဒေသလုံခြုံရေးအန္တရာယ်ကို နောက်တစ်ဆင့် အရှိန်မြင့်တက်စေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

#Russia, #Ukraine, #NATO,#Europe, #conflict, #xinhua,#xinhuamyanmar, #ရုရှား, #ယူကရိန်း,#နေတိုး, #ဥရောပ,#ပဋိပက္ခ,#ဆင်ဟွာ
————————————-
国际观察|马里乌波尔争夺落幕 俄乌冲突将向何方
2022-05-22 20:33:18 分类: 政治法律
图片轮播
新华社莫斯科5月22日电(记者耿鹏宇 黄河)俄罗斯国防部20日发布声明说,随着最后一批被围困在马里乌波尔亚速钢铁厂内的乌克兰武装人员投降,俄军已完全控制马里乌波尔市。
分析人士指出,完全掌握战略重镇马里乌波尔控制权对俄来说具有重要意义,或有助于俄加速推进在乌东部顿巴斯地区的军事行动。另一方面,俄乌双方的谈判陷入停滞,美国及其盟友继续加大对乌政治支持和军事援助力度,俄乌冲突何时结束难以预料。
意义重大
自俄宣布在乌开展特别军事行动以来,马里乌波尔便是俄军的重点目标,俄乌双方围绕此地展开了历时2个多月的激烈争夺。
5月20日,载着乌克兰武装人员的巴士驶离马里乌波尔。(新华社发,维克托摄)
俄国防部发言人科纳申科夫20日说,自16日以来,共有2439名被围困在亚速钢铁厂的乌方武装人员投降。俄国防部长绍伊古已向总统普京报告,俄军完全控制了亚速钢铁厂和马里乌波尔市。
马里乌波尔是乌东南部亚速海沿岸重要的港口城市。夺取马里乌波尔,意味着俄军建起了一条连接克里米亚与顿巴斯地区、继而前往俄罗斯内陆的通道,这对俄后续开展军事行动无疑大有裨益。
俄罗斯高等经济大学欧洲与国际综合研究中心主任卡申说,取得对马里乌波尔控制权是俄军取得的重大军事进展。马里乌波尔是乌军重要防御中心,完全控制这座城市将为俄军在其他地区的军事行动腾出大量兵力。俄军将可以与顿巴斯地区民间武装完成整编合并,加速推进完成在顿巴斯地区的特别军事行动任务。
马里乌波尔对乌克兰经济具有重要意义。乌克兰政治基金会主席邦达连科说,马里乌波尔既拥有重要港口,也是乌重要冶金厂所在地。冶金业是乌克兰重要外汇来源,失去马里乌波尔对乌经济是个严重打击。
此外,驻守马里乌波尔的“亚速营”是俄方眼中的民族主义武装分子,因此占领该地对于俄完成特别军事行动既定目标中的“去纳粹化”有至关重要的意义。
冲突难止
围绕马里乌波尔的争夺虽已结束,但俄乌冲突何时收场依然难以预料。据乌媒体报道,接下来数周乌方将面临艰难局面。
据乌国家通讯社20日报道,乌东部战况激烈并出现恶化迹象,俄军向整个军事接触线发起猛烈攻击,主要目标是包围在卢甘斯克地区西部利西昌斯克和北顿涅茨克两地的乌军。
5月20日,载着乌克兰武装人员的巴士抵达俄军控制的奥列尼夫卡镇。(新华社发,维克托摄)
另一方面,马里乌波尔争夺结束前,俄乌之间的和平谈判陷入停滞。俄外长拉夫罗夫17日说,乌方实际上已经退出谈判进程。同一天,乌总统办公室顾问波多利亚克表示,乌俄谈判进程已暂停。
莫斯科国际关系学院国际研究所首席研究员托卡列夫认为,从马里乌波尔腾出手的俄军未来可以将主要精力聚焦顿巴斯地区。至于能否迫使乌方回归谈判,并使俄方在谈判中获得更有利地位,还要看俄军接下来的军事行动推进情况。
与此同时,美国及其西方盟友持续加大对乌军事和经济援助,给乌克兰局势火上浇油。美国总统拜登21日签署400亿美元的援乌法案,白宫还在考虑向乌军提供先进的反舰导弹。此外,20日在德国落幕的七国集团财长和央行行长会议就进一步援乌达成一致,七国集团将向乌克兰追加95亿美元的经济援助。
俄国立高等经济学院欧洲和国际研究中心副主任苏斯洛夫说,以美国为首的北约向乌提供大量援助,不断向乌提供重型武器,旨在让乌尽可能拖延与俄罗斯的军事冲突。此外,北约近期举行的“欧洲捍卫者2022”和“快速反应2022”演习以及拉拢芬兰、瑞典入约等行为,都会加剧俄与北约对立,进一步推升地区安全风险。(参与记者:李东旭)