Connect with us

Africa & Middle East

အာဖဂန်ငလျင်ကြောင့် သေဆုံးသူ ၁,၀၀၀ကျော်အထိ ရှိလာ၊ တာလီဘန် ထိပ်သီးခေါင်းဆောင်က အကူအညီပေးရန် တောင်းဆို

အာဖဂန်နစ္စတန်နိုင်ငံ ပက်တီကာပြည်နယ်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်အပျက်အစီးများအား ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ဇွန် ၂၂ ရက်တွင် အာဖဂန်၌ အင်အားပြင်ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၁,၁၀၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁,၆၅၀ ကျော် အထိရောက်ရှိပြီဖြစ်ကြောင်း ToloNews က သတင်းဖော်ပြထားသည်။ ၎င်းသည် နှစ် ၂၀ အတွင်း အာဖဂန်၌ သေဆုံးသူအများဆုံးဖြစ်ပွားခဲ့သည့် ငလျင်ဖြစ်ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ ပက်တီကာပြည်နယ်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်အပျက်အစီးများအား ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ပက်တီကာပြည်နယ်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်အပျက်အစီးများအား ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ပက်တီကာပြည်နယ်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်အပျက်အစီးများအား ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ပက်တီကာပြည်နယ်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်အပျက်အစီးများအား ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန် တာလီဘန်ထိပ်သီးခေါင်းဆောင်က နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အာဖဂန် ဘေးသင့်ဒုက္ခသည်များအတွက် အကူအညီပေးအပ်ရန် တောင်းဆိုခဲ့သည်။

အပျက်အစီးများကြား လက်ဗလာဖြင့် ရှာဖွေနေ

ငလျင်ဗဟိုချက်ဖြစ်သည့် ပက်တီကာပြည်နယ် သတင်းပြန်ကြားရေးအရာ Amin Huzaifa က “လူတွေဟာ (သေဆုံးသူ အလောင်းမြှုပ်ဖို့) ကျင်းတွေ တူးနေကြတယ်”၊ ပက်တီကာပြည်နယ် တစ်ခုတည်းတွင်ပင် အနည်းဆုံး လူ ၁,၀၀၀ သေဆုံးပြီး ၁,၅၀၀ ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူ အများအပြားသည် စိုးရိမ်ရသော အခြေအနေတွင် ရှိနေပြီး အခြားလူအများအပြားမှာ အပျက်အစီးအတွင်း ပိတ်မိနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ငလျင်အတွင်း အိမ်ခြေပေါင်း ၂,၀၀၀ နီးပါး ပျက်စီးသွားခဲ့ပြီး အိမ်ခြေတစ်ခုတွင် ပျမ်းမျှ လူ ၇ ယောက်မှ ၈ ယောက်အထိ ရှိကြောင်း အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးမှူး Ramiz Arakbarov က ပြောကြားခဲ့သည်။

ပက်တီကာပြည်နယ်ရှိ ဆေးရုံတစ်ရုံတွင် အသက် ၂၂ နှစ်အရွယ် ဒဏ်ရာရရှိသူတစ်ဦးက “ငလျင်လှုပ်ခတ်ချိန် အခြေအနေက ကြောက်မက်ဖွယ်ကောင်းပါတယ်။ နေရာတိုင်းမှာ ငိုသံတွေပဲ။ ကျွန်တော်တို့အိမ်က ကလေးတွေလည်း အပျက်အစီးထဲမှာ ပိတ်မိခဲ့တယ်” ဟု ပြောသည်။

“ကျွန်တော်တို့ အိမ်မှာအိပ်နေချိန် အိမ်ခေါင်မိုးက ရုတ်တရက် ပြိုကျလာတယ်” ဟု အခြားဒဏ်ရာရရှိသူတစ်ဦးက ရိုက်တာသတင်းထောက်အား ပြောကြားခဲ့သည်။ ၎င်းနှင့် ၎င်း၏မိသားစုဝင်များ အားလုံးက ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းနှင့် ၎င်း၏ ဆွေမျိုးတချို့မှာ သေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။ “ကျွန်တော်တို့ နေထိုင်တဲ့ ဒေသမှာရှိတဲ့ အိမ်တွေအကုန် ပြိုကျကုန်တယ်၊ ဒေသတစ်ခုလုံး ပျက်စီးသွားပါပြီ” ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့နိုင်ငံက ဆင်းရဲတယ်၊ အရင်းအမြစ်တွေ လိုအပ်ပါတယ်၊ အဲ့ဒါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ရပ်ဖြစ်တယ်” ဟု ဆေးရုံအုပ်ကြီးက ရိုက်တာသတင်းထောက်အား ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံနှင့်နီးစပ်သည့် ဝေလံခေါင်းဖျားသော တောင်ပေါ်ဒေသများတွင် ဒေသခံများက အပျက်အစီးအတွင်း သေဆုံးသူ အလောင်းတွေ့ရှိနိုင်ရေးအတွက် မည်သည့်ကိရိယာမျှမပါဘဲ လက်ဗလာဖြင့် တူးဖော်နေကြကြောင်း အာဖဂန် Bakhtar News Agency ထုတ်ပြန်သည့် ဗီဒီယိုမှ တွေ့ရသည်။ ထိုတောင်ပေါ်ဒေသရှိရွာများ၏ ဘေးသင့်မှု အခြေအနေကို ချက်ချင်းသိရှိရန် ခက်ခဲကြောင်းနှင့် သေဆုံးသူအရေအတွက်မှာ ထပ်မံမြင့်တက်နိုင်ကြောင်း အာဖဂန်အရာရှိက ဆိုသည်။

အချို့သောဒေသများတွင် ငလျင်မလှုပ်ခတ်မီ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုဖြစ်ပွားခဲ့သည့်အပြင် ငလျင်ကြောင့် မြေပြိုမှုထပ်မံ ဖြစ်ပေါ်သောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းအတွက် အဟန့်အတားဖြစ်နေကြောင်း သိရသည်။ ဝေးလံခေါင်ဖျားသော တောင်ပေါ်ဒေသရှိ ကျေးရွာသို့ရောက်သော လမ်းကြောင်းများမှာ ယခင်ကတည်းက သွားလာရခက်ခဲပြီး ငလျင်လှုပ်ခတ်ပြီးနောက် သွားလာ၍လုံးဝမရသော အခြေအနေဖြစ်နိုင်သဖြင့် အာဖဂန်အစိုးရမှ ကယ်ဆယ်ရေးအတွက် အကြီးစားစက်ယန္တရားများ အသုံးပြုနိုင်သော်လည်း ဘေးသင့်ဒေသသို့ ဝင်ရောက်နိုင်ရန်မှာ မသေချာသေးကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။

ခေါင်းဆောင်များက အကူအညီပေးရန်တောင်းဆို

ငလျင်လှုပ်ခတ်ပြီးနောက် တာလီဘန်ထိပ်သီးခေါင်းဆောင် Moulavi Haibatullah Akhunzada က ဤဖြစ်ရပ်ဆိုးကို ခံစားနေရသည့် အာဖဂန်ပြည်သူများအပေါ် နိုင်ငံတကာအဖွဲ့အစည်းမှ အကူအညီပေးရန် တောင်းဆိုခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။

အာဖဂန်နစ္စတန် ယာယီအစိုးရအဖွဲ့ ယာယီဝန်ကြီးချုပ် Mohammed Hassan Akhund က သက်ဆိုင်ရာဌာနများအနေဖြင့် ငလျင်ဘေးသင့်ရာသို့ ချက်ချင်းသွားရောက်ကာ ကယ်ဆယ်ရေးပစ္စည်းများကို တတ်နိုင်သမျှ အသုံးချပြီး ဘေးသင့်သူများအား ကူညီရန် အရေးပေါ်အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းကို အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်တွင် တာလီဘန် အာဏာရလာပြီးနောက် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများက အာဖဂန်မှ ထွက်ခွာခဲ့သည်။ အမေရိကန် စသော နိုင်ငံများက နိုင်ငံတကာ အကူအညီရန်ပုံငွေများ အာဖဂန်သို့ ဝင်ရောက်ခြင်းကို ဟန့်တားရန် အာဖဂန် ဘဏ်များကို ဒဏ်ခတ်အရေးယူခဲ့သည်။ လက်ရှိတွင် အာဖဂန်နိုင်ငံ၌ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် အသုံးပြုနိုင်သည့် လေယာဉ်နှင့် ရဟတ်ယာဉ် အရေအတွက်မှာလည်း အကန့်အသတ်ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က အမေရိကန်သည် လာမည့်ရက်များတွင် တာလီဘန်နှင့် ထပ်မံဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကြောင်းနှင့် အစည်းအဝေးတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စကို ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း၊ သို့သော် တာလီဘန်က လက်ရှိအချိန်အထိ ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ အမေရိကန်ထံတောင်းဆိုခဲ့ခြင်း မရှိသေးကြောင်း ၎င်းကပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် ငလျင်ဒဏ်သင့်ပြည်သူများနှင့် ဒေသအတွက် အရေးပေါ် အကူအညီပေးအပ်ရန် စီစဉ်လျက်ရှိကြောင်း တွစ်တာတွင် ပြောကြားခဲ့သည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ပါကစ္စတန်ကလည်း အာဖဂန်သို့ အစားအသောက်၊ ယာယီနေထိုင်ရာတဲများနှင့် စောင်စသည့် လိုအပ်ပစ္စည်းများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အထူးသံတမန် Thomas Niclason က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်ရှိ လူဦးရေ ၃၈ သန်းအနက် ၆၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံတကာ အကူအညီဖြင့် အသက်ရှင်နေထိုင်နေရကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။ ငလျင်ဒဏ်က အာဖဂန် ရင်ဆိုင်နေရသည့် စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေမည်ဖြစ်ပြီး အကူအညီလိုအပ်မှု ပိုမိုများလာမည်ဖြစ်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူများက ခန့်မှန်းထားသည်။

ငလျင်ဒဏ်က အဘယ်ကြောင့် ပြင်းထန်ရသနည်း

တရုတ်နိုင်ငံ ငလျင်ကွန်ရက်များစင်တာ (CENC) ၏ တိုင်းတာချက်အရ ယခုအကြိမ်လှုပ်ခတ်ခဲ့သော ငလျင်သည် ပြင်းအား ၆.၂ အဆင့်ရှိပြီး မြေအောက်အနက် ၃၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြစ်ဖြစ်ကြောင်း သိရသည်။ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) ၏ တိုင်းတာချက်အရ ယခုအကြိမ် ငလျင်ပြင်းအားသည် ၅.၉ အဆင့်ရှိပြီး ငလျင်ဗဟိုချက်သည် အာဖဂန်နစ္စတန်အရှေ့ပိုင်းမြို့ ခို့စ်မြို့၏ အနောက်တောင်ဘက် ၄၀ ကီလိုမီတာကျော်တွင် ရှိကြောင်းနှင့် မြေအောက်အနက် ၁၀ ကီလိုမီတာခန့် ရှိကြောင်းသိရသည်။ ဥရောပ မြေထဲပင်လယ် ငလျင်စင်တာ (EMSC) တိုင်းတာချက်အရမူ ငလျင်ပြင်းအားမှာ ၆.၁ အဆင့်ရှိကြောင်း သိရသည်။

Eurasian plate နှင့် Indian plate စပ်ကြားဒေသ၌ တည်ရှိသောကြောင့် အာဖဂန်နှင့် ပါကစ္စတန်နယ်စပ်ဒေသတွင် မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိသည်။ ၂၀၁၅ ခုနှစ်တွင် အာဖဂန် အရှေ့မြောက်ပိုင်းနှင့် ပါကစ္စတန် နယ်စပ်ဒေသရှိ Hindu Kush တွင် ပြင်းအား ၇.၅ အဆင့် မြေအောက်အနက် ၂၁၀ ကီလိုမီတာရှိသည့် ငလျင်လှုပ်ခတ်ခဲ့ရာ နှစ်နိုင်ငံရှိ ပြည်သူ ၃၈၀ ကျော် သေဆုံးခဲ့သည်။ ၂၀၀၂ ခုနှစ် မတ် ၂၅ ရက်တွင် အာဖဂန်အရှေ့မြောက်ပိုင်း၌ ပြင်းအား ၆.၁ အဆင့် ရှိသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားရာ လူပေါင်း ၁,၈၀၀ နီးပါးသေဆုံးခဲ့ပြီး ၂,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ၁၉၉၈ ခုနှစ် မတ်လတွင် အာဖဂန် အရှေ့ မြောက်ပိုင်း၌ ၆.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူပေါင်း ၄,၅၀၀ သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန် ၂၂ ရက် ငလျင်မလှုပ်ခတ်မီ မြို့တော် ကဘူးလ်၊ Panjshir ပြည်နယ်၊ ခို့စ်ပြည်နယ်၊ Nangarhar ပြည်နယ် စသည့်ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၄၀၀ သေဆုံးခဲ့ကြောင်းနှင့် ရေကြီးမှုကြောင့် ငလျင်ကယ်ဆယ်ရေးလုပ်ငန်းအတွက် အခက်အခဲများစွာ ဖြစ်ပေါ်စေခဲ့ကြောင်း အာဖဂန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကား၍ ToloNews သတင်းဌာနက ဖော်ပြထားသည်။ (Xinhua)

………………………..
(Chinese Version)
阿富汗地震已致逾千人遇难 塔利班最高领导人发声求援

新华社北京6月24日电 阿富汗救援人员23日冒着大雨在地震废墟中搜寻幸存者。前一天,一场强烈地震袭击阿富汗东部。据阿富汗黎明新闻网报道,地震造成的遇难人数已达1100人,伤者超过1650人。这是20年来在阿富汗导致遇难人数最多的一次地震。

阿富汗塔利班最高领导人公开呼吁国际社会向阿富汗灾民提供援助。

徒手挖废墟

在震中所在地帕克提卡省,当地新闻官员阿明·胡扎伊法告诉媒体记者,“人们正在一个接一个地挖坑(埋葬遇难者)”,仅帕克提卡省就有至少1000人丧生,超过1500人受伤,许多人伤情危重,仍有不少人“被困废墟中”。

联合国驻阿富汗人道主义协调员拉米兹·阿拉克巴罗夫说,可能有近2000所民居被摧毁,平均每户住有七八个人。

在帕克提卡省首府沙兰一家医院,现年22岁的受伤灾民阿鲁普·汗说:“当时情形很可怕。到处是哭声。我家里几个孩子被埋在泥里了。”

“我们都在家里睡觉……屋顶突然塌了下来。”另一名伤者古勒·法拉兹告诉路透社记者,他和妻子、孩子都在医院接受治疗,一些亲戚遇难。“我们住的地方,所有房子都被震塌了……整个地区都被摧毁了。”

医院院长穆罕默德·叶海亚·维阿尔告诉法新社记者:“我们国家穷,缺少资源。这是一场人道主义危机。”

阿富汗巴赫塔尔通讯社发布的视频显示,在靠近巴基斯坦边境的偏远山区,居民们徒手在废墟中挖掘,寻找幸存者或遇难者遗体。阿富汗官员说,那些山村的受灾情况难以马上掌握,遇难人数可能会进一步上升。

一些灾区在地震发生前刚经历过暴雨洪灾,地震引发山体滑坡、泥石流,阻碍救援。美联社报道,通往偏远山村的道路崎岖,平时就不好走,地震后可能彻底无法通行。即便阿富汗政府能够出动重型机械参与救援,也不清楚能否顺利进入灾区。

领导人求援

据美联社报道,地震发生后,塔利班最高领导人海巴图拉·阿洪扎达罕见发声,恳请国际组织提供援助,帮助遭受这场巨大悲剧的阿富汗人民。

阿富汗临时政府代理总理穆罕默德·哈桑·阿洪德22日主持紧急会议,要求有关部门立即赶赴现场,利用一切资源挽救生命、援助灾民。阿国防部牵头救援工作。

塔利班去年8月掌权后,许多国际援助团体撤离阿富汗。美国等国家制裁阿富汗银行业,阻碍国际援助资金流入阿富汗。眼下,阿富汗可用于救灾的飞机和直升机数量有限。

美国国务院发言人内德·普赖斯说,美方几天后将与塔利班再次对话,预计会谈及地震后人道援助议题,不过,塔利班还没向美方提出这方面请求。

欧洲联盟阿富汗事务特使托马斯·尼克拉松在社交媒体推特上说,欧盟正筹备向受灾民众和社区提供紧急援助事宜。邻国巴基斯坦表示将向阿富汗提供食品、帐篷、毛毯等必需品。

美联社报道,阿富汗3800万人口中超过60%依赖国际援助维持生活。联合国官员预估地震将加剧阿富汗面临的经济和人道主义危机,援助需求会更大。

灾情为何重

据中国地震台网测定,本次地震震级6.2级,震源深度约30公里。美国地质调查局测定此次地震震级为5.9级,震中位于阿富汗东部城市霍斯特市西南40多公里处,震源深度约10公里。欧洲-地中海地震中心测定震级为6.1级。

据美联社报道,此次地震发生地经常出现山体滑坡,许多民宅老旧,且多是土坯房,抗震性能差,因此伤亡情况惨重。

因地处欧亚板块和印度板块交界处,阿富汗境内及与巴基斯坦交界地区地震频繁。2015年,阿富汗东北部与巴基斯坦接壤的兴都库什地区发生7.5级地震,震源深度210公里,地震导致两国380多人丧生。2002年3月25日,阿富汗北部发生6.1级地震,造成至少1800人遇难,2000多人受伤。1998年5月,阿富汗东北部发生6.1级地震连同多次余震,造成至少4500人丧生。

黎明新闻网援引阿富汗灾害管理部消息报道,22日地震发生前,首都喀布尔、潘杰希尔省、霍斯特省、楠格哈尔省等多地持续强降雨引发洪水,造成至少400人丧生,也给震后救援工作开展造成很大困难。(胡若愚)

图说1- 6月23日,在阿富汗帕克提卡省一座村庄,人们转移地震遇难者的遗体。新华社发(塞夫拉赫曼·萨菲 摄)
图说2- 6月23日,在阿富汗帕克提卡省一座村庄,人们聚集在地震损坏的房屋旁。新华社发(塞夫拉赫曼·萨菲 摄)
图说3- 6月23日,在阿富汗帕克提卡省一座受灾村庄,一名孩子(中)情绪激动。新华社发(塞夫拉赫曼·萨菲 摄)
图说4- 阿富汗帕克提卡省一座村庄的房屋在地震中受损严重(6月23日摄)。新华社发(塞夫拉赫曼·萨菲 摄)
图说5- 6月23日,在阿富汗帕克提卡省一座村庄,一名男子查看地震损坏的房屋。新华社发(塞夫拉赫曼·萨菲 摄)