Connect with us

China

တရုတ်-တောင်ကိုးရီးယား သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားသို့ ဝမ်ရိ တက်ရောက်

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြား‌ရေးဝန်ကြီး ဝမ်ရိက သြဂုတ် ၂၄ ရက်တွင် ပေကျင်း၌ ကျင်းပသော တရုတ်-တောင်ကိုးရီးယား သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားသို့ တက်ရောက်စဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြား‌ရေးဝန်ကြီး ဝမ်ရိက သြဂုတ် ၂၄ ရက်တွင် ပေကျင်း၌ ကျင်းပသော တရုတ်-တောင်ကိုးရီးယား သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားသို့ တက်ရောက်ပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယိုသို့ ပေးပို့ခဲ့သည့် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားကာ မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် တရုတ်နိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီး Chung Jae-ho က သမ္မတ ယွန်းဆက်ယိုမှ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သို့ ပေးပို့ခဲ့သည့် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး မိန့်ခွန့်ပြောကြားခဲ့ကြောင်း သိရသည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ်-တောင်ကိုးရီးယား နှစ်နိုင်ငံ နှစ် ၃၀ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကို ပြန်လည်သုံးသပ်ခဲ့ပြီး အမြော်အမြင်ကြီးမားမှု၊ အပြန်အလှန်လေးစား ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖြစ်ထွန်းမှု၊ ပွင့်လင်းပြီး အများပါဝင်နိုင်မှုဟူသော တန်ဖိုးရှိသည့် အတွေ့အကြုံ ၄ ရပ်က တရုတ်-တောင်ကိုးရီးယား ဆက်ဆံရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံ လမ်းညွှန်ချက်များ ပံ့ပိုးပေးနိုင်ခဲ့ရာ ခေတ်ကာလအတွက် အလွန်အရေးကြီးသော အနက်အဓိပ္ပာယ်ရှိကြောင်း ဂုဏ်ပြုသဝဏ်လွှာအတွင်း အကျဉ်းချုပ်ထည့်သွင်းပြောကြားခဲ့ကြောင်း ဝမ်ရိကဆိုသည်။

လက်ရှိ ကမ္ဘာကြီးသည် နှစ်တစ်ရာအတွင်း မကြုံဖူးသော အပြောင်းအလဲများနှင့် ဆင့်ကဲပြောင်းလဲဖြစ်ပေါ်နေရာ တရုတ်-တောင်ကိုးရီးယား နှစ်နိုင်ငံသည် ယခင်ထက်မက လက်ရှိပစ္စုပ္ပန်၊ နောင်အနာဂတ်တွင် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းများ ဖြစ်သင့်ပြီး မူလရည်မှန်းရာဆန္ဒကို အမြဲလိုက်နာကာ အပြန်အလှန်လေးစား ယုံကြည်ရန်၊ အပြန်အလှန် ချိတ်ဆက်ပေါင်းစည်း၍ ဖွံ့ဖြိုးတိုးတက်မှုကို အတူကြံဆရန်၊ အချင်းချင်းနားလည်မှုဖြင့် ရင်းနှီးစွာ လက်တွဲဆောင်ရွက်ရန်၊ တရားမျှတမှုကို အမြဲအခိုင်အမာလိုက်နာပြီး ငြိမ်းချမ်းရေးကို အတူတကွ မြှင့်တင်ရမည်ဖြစ်ကြောင်း ဝမ်ရိက ထောက်ပြခဲ့သည်။

တောင်ကိုးရီးယားနိုင်ငံ အစိုးရသစ်သည် အပြန်အလှန်လေးစားသော စိတ်ဓာတ်ကို အခြေခံ၍ နှစ်နိုင်ငံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်နက်ရှိုင်းစွာ ဆောင်ရွက်ကာ နှစ်ဘက်ဘုံအကျိုးဖြစ်ထွန်းမှုကို တိုးချဲ့သွားမည် ဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ပူးတွဲကြေညာချက်ပါ အခြေခံမူဖြင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးခေတ်ကာလသစ်ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Chung Jae-ho က ဆိုသည်။

ထိုနေ့တွင် ဝမ်ရိနှင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Park Jin တို့က ပေကျင်းမြို့နှင့် ဆိုးလ်မြို့ အသီးသီးတွင် “တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးဆိုင်ရာ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ” ပူးတွဲအစီရင်ခံစာ တင်သွင်းခြင်း အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
王毅出席庆祝中国-韩国建交30周年招待会
新华社北京8月24日电(记者冯歆然)8月24日,国务委员兼外长王毅在北京出席庆祝中国-韩国建交30周年招待会,宣读国家主席习近平就中韩建交30周年致韩国总统尹锡悦的贺函并致辞。韩国驻华大使郑在浩宣读尹锡悦总统就中韩建交30周年致习近平主席的贺函并致辞。
王毅表示,习近平主席在贺函中回顾了中韩关系30年来的发展成就,总结了登高望远、互尊互信、合作共赢、开放包容四条宝贵经验,为中韩关系长远发展提供了根本指引,具有重要时代意义。
王毅指出,当前,世界百年未有之大变局加速演进,中韩两国过去是、现在是、将来更应该是好邻居、好朋友、好伙伴。要始终坚守初心、互尊互信;要始终互融互通、共谋发展;要始终相知相亲、携手同行;要始终坚守正义、共促和平。
郑在浩表示,韩国新政府将基于相互尊重精神,继续深化两国战略合作伙伴关系,进一步扩大双方共同利益,本着建交联合公报所明确的原则,开启新合作伙伴时代。
当日,王毅和韩国外长朴振分别在北京、首尔出席“中韩关系未来发展委员会”共同报告提交仪式并致辞。(完)
图说 – 8月24日,国务委员兼外长王毅在北京出席庆祝中国-韩国建交30周年招待会。新华社记者 李涛 摄