Connect with us

Europe

ရုရှားက ၂၀၂၄ ခုနှစ်တွင် နိုင်ငံတကာအာကာသစခန်းမှ နုတ်ထွက်မည်ဖြစ်ကြောင်း ရုရှားအာကာသအေဂျင်စီ အကြီးအကဲသစ် ပြော

အမေရိကန်အာကာသယာဉ်မှူး Mark Vande Hei (ဝဲ) ၊ ရုရှားအာကာသယာဉ်မှူး Pyotr Dubrov (ယာ) နှင့် Anton Shkaplerov တို့အား "Soyuz" အာကာသယာဉ်ပေါ်တွင် မတ် ၃၀ ရက်က တွေ့ရစဉ်(ဓာတ်ပုံ- NASA)

ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသည် ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတကာအာကာသစခန်းမှ နုတ်ထွက်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် ကိုယ်ပိုင်အာကာသစခန်း စတင်တည်ဆောက်မည်ဖြစ်ကြောင်း ရုရှားဖယ်ဒရယ်အာကာသအေဂျင်စီ(Roscosmos) အကြီးအကဲသစ် Yury Borisov က ဇူလိုင် ၂၆ ရက်တွင် ပြောကြားခဲ့သည်။“ကျွန်တော်တို့အနေဖြင့် မိမိတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့မိတ်ဖက်တွေအပေါ် ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားကို ကျေပွန်အောင်ထမ်းဆောင်သွားမယ်ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ၂၀၂၄ ခုနှစ်နောက်ပိုင်းမှာ အာကာသစခန်းမှ နုတ်ထွက်မယ်လို့ ဆုံးဖြတ်ချက်ချပြီးပါပြီ” ဟု Borisov က ရုရှားသမ္မတပူတင်ကို ပြောကြားခဲ့သည်။ ထို့နောက် ရုရှားက ကိုယ်ပိုင်အာကာသစခန်းကို စတင်တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတကာအာကာသစခန်းကို ၁၉၉၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကြောင်းနှင့် ယင်းအာကာသစခန်းတွင် အမေရိကန်နှင့်ရုရှားက အဓိကပါဝင်ပြီး ဂျပန်၊ ကနေဒါ၊ ဥရောပ အာကာသအေဂျင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် ဘရာဇီး စသည့် နိုင်ငံ ၁၆ ခု ပူးတွဲပါဝင်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာအာကာသစခန်း၏တာဝန်ထမ်းဆောင်မည့်ကာလကို မူလက ၂၀၁၅ နှစ်အထိသာ လည်ပတ်ဆောင်ရွက်ရန် ဒီဇိုင်းရေးဆွဲခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်အထိနှင့် ၂၀၂၄ ခုနှစ်အထိ အသီးသီး သက်တမ်းနှစ်ကြိမ် ထပ်မံတိုးမြှင့်ခဲ့ရာ ယခုအခါ စက်ပစ္စည်းဟောင်းနွမ်းယိုယွင်းမှုများ ရှိလာခဲ့ကြောင်း သိရသည်။

ရုရှားနှင့် အမေရိကန် စသောအနောက်နိုင်ငံများအကြား ဆက်ဆံရေးတင်းမာမှုက နိုင်ငံတကာ အာကာသစခန်းမှ နုတ်ထွက်ခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သည်ဟု ရုရှားက ယခင်ကတည်းက ဖော်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………

俄航天机构新主管说2024年后俄退出国际空间站
新华社北京7月27日电 俄罗斯国家航天公司新任总裁尤里·鲍里索夫26日说,俄罗斯2024年后将退出国际空间站,同时着手自建空间站。
鲍里索夫告诉俄总统普京:“我们将对我们的伙伴尽到义务,但我们已经做出2024年后离开空间站的决定。”他说,俄方届时将开始建造自己的空间站。
国际空间站始建于1998年,是以美国和俄罗斯为主,日本、加拿大、欧洲航天局成员国和巴西等总共16个国家联合参与的国际合作项目。国际空间站设计服役期限至2015年,但两次延长,分别至2020年和2024年,目前设备老化严重。
俄方先前已经表示将退出国际空间站并自建空间站,与美国等西方国家关系紧张是因素之一。
图说 – 3月30日,美国宇航员马克·范德·海(左)与俄罗斯宇航员彼得·杜布罗夫(右)和安东·什卡普列罗夫乘坐俄罗斯“联盟”飞船从国际空间站返回地球。新华社发(美国航天局供图)