Connect with us

Europe

ရုရှားက ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားအဖွဲ့မှ နုတ်ထွက်ရန် ဆုံးဖြတ်

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ရှိ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ ဌာနချုပ်အား ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ရုရှားသည် ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့(UNWTO)မှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၇ ရက်တွင် ၎င်း၏ဝက်ဘ်ဆိုက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

UNWTO သည် လက်တွေ့တွင် ဥရောပသမဂ္ဂနိုင်ငံများ၏ လက်ဝါးကြီးအုပ်မှုကို ခံနေရပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက်သာ အသုံးချနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအဖွဲ့အစည်းသည် အကြီးစားရုရှားဆန့်ကျင်ရေးဝါဒဖြန့်လှုပ်ရှားမှုကို အသုံးချ၍ ၎င်း၏အဖွဲ့ဝင်နိုင်ငံများအပေါ် ဖိအားပေးကာ ရုရှားအား အဖွဲ့အတွင်းရှိလုပ်ငန်းဆောင်တာများကို ပိတ်ပင်တားဆီးရန် ရည်ရွယ်သည့် နိုင်ငံရေးအရ လုပ်ရှားမှုတစ်ရပ် လုပ်ဆောင်နေကြောင်း ၊ ယင်းသည် “တရားမဝင် နိုင်ငံရေးတွန်းအားဖြင့်”လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် လွတ်လပ်သည့် ပြည်တွင်းပြည်ပမူဝါဒကို လက်ကိုင်ထားကျင့်သုံးသည့် လက်ရှိအဖွဲ့ဝင်နိုင်ငံအပေါ် ပြောင်ပြောင်တင်းတင်း ပြစ်ဒဏ်ချမှတ်ခြင်းပင်ဖြစ်သည်ဟု ရုရှားက ယူဆသည်။

ရုရှားသည် UNWTO အဖွဲ့အတွင်း လုပ်ငန်းဆက်လက်လုပ်ကိုင်ရန်မှာ မသင့်လျော်တော့ဟု ယူဆကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ယင်းအဖွဲ့အစည်း ခေါင်းဆောင်များက ၎င်းတို့၏ လုပ်ဆောင်ချက်နိုင်ငံရေးအသွင်ဆောင်မှုကို လက်လွှတ်ထားကာ ရုရှားအပေါ် ခွဲခြားဆက်ဆံမှုကို ထောက်ခံခဲ့ကြသည်။ ယင်းအကြောင်းရင်းများကြောင့် ရုရှားသည် UNWTO မှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

UNWTO သည် ဧပြီ ၂၇ ရက်တွင် စပိန်နိုင်ငံ မက်ဒရစ်မြို့၌ အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ အစည်းအဝေး၏ အဓိကဆွေးနွေးသည့် အကြောင်းအရာအနက် တစ်ခုမှာ ရုရှားအားအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဆိုင်းငံ့ရန်ဖြစ်သည်။ အစည်းအဝေးစတင်ချိန်တွင် ရုရှားက အဖွဲ့အစည်းမှ နုတ်ထွက်ရန် ကမ်းလှမ်းခဲ့သည်။ သက်ဆိုင်ရာ စည်းမျဉ်းများ အရ အဖွဲ့အစည်းသည် အဖွဲ့ဝင် နိုင်ငံများမှ တရားဝင် အကြောင်းကြားစာ လက်ခံရရှိသည့် အချိန်မှ စတင်၍ နုတ်ထွက်ခြင်း လုပ်ငန်းစဉ် တစ်ခုလုံးကို ပြီးမြောက်ရန် နောက်ထပ် တစ်နှစ် အချိန်ယူရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………..
(Chinese Version)
俄罗斯决定退出联合国世界旅游组织

新华社莫斯科4月27日电(记者耿鹏宇)俄罗斯外交部27日在其网站上发表声明说,俄方决定退出联合国世界旅游组织。
声明说,联合国世界旅游组织实际上已被欧盟国家垄断,用于谋取其自身利益。该组织借助大规模反俄宣传活动,通过对其成员国进行讹诈和施压,正在推动一项政治决定,以阻止俄罗斯参与该组织的工作。俄方认为,这是非法的、出于政治动机的行为,是对该组织内一个奉行独立内外政策的现任成员国公然施行的惩罚。
声明说,俄方认为继续在联合国世界旅游组织工作已不适宜。该组织领导层纵容其活动政治化,并公开支持对俄差别待遇。鉴于此,俄方决定退出联合国世界旅游组织。
联合国世界旅游组织27日在西班牙马德里召开特别大会。大会主要议题之一是讨论是否暂停俄罗斯成员国资格。会议开始后,俄罗斯即主动提出退出该组织的意向。依照相关规定,从该组织收到成员国发来的正式通知起,还需一年时间才能完成整个退出程序。(完)
图说- 这是4月27日在西班牙马德里拍摄的世界旅游组织总部。新华社记者 孟鼎博 摄